By ဖိုးစိုးသူ, Shweproperty.com
Updated at 27 August 2013
အစိုးရဝန်ကြီးဌာနအချို့က သိမ်းထား သည့် လယ်ယာမြေများကို ပိုင်ဆိုင်ကြောင်း လက်မှတ်ပြနိုင်ပါက ယခုနှစ် အောက်တို ဘာတွင် ပြန်ပေးမည်ဖြစ်ကြောင်း သမ္မတ ရုံးဝန်ကြီး ဦးစိုးသိန်းက သြဂုတ် ၂၃ ရက်က ပြောကြားလိုက်သည်။
နေပြည်တော် စက်မှုဝန်ကြီးဌာန အတွင်း သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ဝန်ကြီး က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ပိုင်ရှင်များ အမှန် တကယ် ပြန်လည်ရရှိရန် အစီအစဉ်နှင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး လက်မှတ်ရှိသူ များကို ပထမဦးစားပေး ပြန်ပေးမည်ဖြစ် သည်။ ထို့ပြင် အဆိုပါ အစီအစဉ်များအ တွက် စီစစ်မှုများ ပြုလုပ်နေဆဲဖြစ်ပြီး ပြည် ထဲရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ် ဦးစီး ဌာနနှင့် စစ်တပ်မှ သိမ်းယူထားသည့် လယ်ယာမြေများကို ပြန်လည်ပေးအပ်မည် ဟု ဝန်ကြီးက ဆိုသည်။
''ကန့်ကွက်မဲ့သူ မရှိဘူးဆိုရင် တကယ် ပိုင်သွားပြီ။ သားသမီးကို ပေးလို့ရပြီ။ နောက် ပြီး ပေါင်လို့လည်း ရပြီ။ အပိုင်ဖြစ်ပြီ'' ဟု ဦးစိုးသိန်းက ကတိပေးပြောကြားသည်။
ဦးစိုးသိန်း၏ အဆိုအရ နိုင်ငံတော် စိုက်ခင်းများတွင် ဝင်ရောက်နေထိုင်သော ကျူးကျော် နေထိုင်သူများအတွက် ကျေးရွာ ပေါင်း တစ်ထောင်ကျော်ကို သြဂုတ်လအ တွင်း ပြန်လည်နေရာချထားပေးခဲ့ပြီး ဖြစ် သည်ဟု ဆိုသည်။
ယခုကိစ္စနှင့် ပတ်သက်၍ တောင်သူ လယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စွားစိုးက ''ပြန်ပေးမယ်ဆိုတာ အ ပြောမဟုတ်ဘဲ လက်တွေ့ဖြစ်ဖို့ လိုပါတယ်။ တိုင်းပြည် ငြိမ်သက်မှု ရှိစေဖို့အတွက် သိမ်း ဆည်းလယ်မြေတွေကို ၂ဝ၁၄ အတွင်း အ ပြီးတိုင် ပြန်ပေးစေချင်တယ်'' ဟု ဆိုသည်။
ထို့ပြင် အစိုးရအနေနှင့် လယ်ယာမြေ ပိုင်ဆိုင်ကြောင်း လက်မှတ်ရှိသူများကို မ ဖြစ်မနေ ပေးရမည်ဖြစ်ပြီး တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် လျင်မြန်စွာဆောင်ရွက် ပေးရန်လိုကြောင်း ၎င်းက ထောက်ပြပြော ဆိုသည်။
စစ်တပ်က သိမ်းယူထားသည့် လယ် ယာမြေများကို မူလပိုင်ရှင်များထံ ပြန်ပေး ရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လမ်းညွှန်ထာကြောင်း ကာကွယ်ရေး၊ ဒုတိ ယဗိုလ်ချုပ် ကြီးဝေလွင်က ဇူလိုင် ၁၆ ရက် က ကျင်းပသည့် လွှတ်တော်အစည်းအ ဝေးတွင် ပြောကြားခဲ့ဖူးသည်။
လွှတ်တော်သို့ တင်ပြလာသည့် စစ် တပ်၏ လယ်ယာမြေ သိမ်းဆည်းမှုများနှင့် ပတ်သက်သည့် တိုင်စာ ၆၅၅ စောင်ထဲမှ ကာကွယ်ရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ဝေလွင် က ၆ဝ၁ စောင်ကို စိစစ်ပြီး တပ်မြေအဖြစ် သိမ်းယူထားသည့် မြေဧရိယာများထဲမှ ဧက ပေါင်း ၃၇၅၄၆ဒသမ၉၆ ဧကကို ပြန်လည် စွန့်လွှတ်သွားမည်ဖြစ်ကြောင်း သြဂုတ် ၂၄ရက်ထုတ် ကြေးမုံသတင်းစာတွင် ဖော် ပြထားသည်။
Ref : Mizzima
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ