By 7days, Shweproperty.com
Updated at 20 October 2014
ပြည်တွင်း၊ ပြည်ပရင်း နှီးမြှုပ်နှံသူများ စက်မှုဇုန်တွင် မြေဈေးကြီးမှုကို ရှောင်လွှဲနိုင်ရန် စက်မှုဝန်ကြီးဌာနက စက်ရုံတည် ဆောက်ငှားရမ်းပေးရန် စီစဉ်နေ ကြောင်း သတင်းရရှိသည်။
စက်မှုဇုန်များတွင် မြေဈေး ကြီးမားနေသောကြောင့် ပြည် တွင်း၊ ပြည်ပ လုပ်ငန်းရှင်များ အလုပ်မလုပ်နိုင်သဖြင့် စက်ရုံ ဆောက်ပြီးငှားရမ်းပေးရန် သက် ဆိုင်ရာ တိုင်းဒေသကြီး အစိုးရ များနှင့် စီစဉ်နေကြောင်း စက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသိန်း အောင်က ပြောသည်။
‘‘မြေဈေးကြီးတာကို စက်ရုံ ဆောက်ပြီးငှားရုံနဲ့ဖြေရှင်းဖို့တော့ မလွယ်ဘူး’’ဟု လှိုှုင်သာယာစက် မှုဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ယင်းအစီ အစဉ်အပေါ် သုံးသပ်ပြောကြား သည်။
စက်ရုံတစ်ရုံ၏ ကုန်ကျ စရိတ်သည် မြေကွက်ငှားမှု ကုန် ကျစရိတ်ထက် ပိုများနေသဖြင့် မလွယ်ကူကြောင်း၊ ထို့ကြောင့် မြေဈေးကျရန် ဆောင်ရွက်မှုမှာ လုပ်ငန်းမလုပ်သောမြေကွက်များ အား ငွေပြန်အမ်းပြီး လုပ်ငန်းလုပ် လိုသူကို အစိုးရနှုန်းထားဖြင့်ငှား ရမ်းပေးသင့်ကြောင်း လုပ်ငန်းရှင် များက ပြောကြားသည်။
စက်မှုဇုန်များတွင် စက်ရုံ များတည်ဆောက်ပြီး ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများကို ငှားရမ်းရန် စီစဉ်ရခြင်းသည် စက် မှုဇုန်များတွင် လုပ်ငန်းမလုပ်ဘဲ မြေရယူထားမှုများကြောင့်ဟု ဦးမြတ်သင်းအောင်က ရှင်းပြသည်။
ရန်ကုန်တိုင်း ဒေသကြီး အပါအဝင် နိုင်ငံတစ်ဝန်းရှိ စက် မှုဇုန်များတွင် လုပ်ငန်းမလုပ်ဘဲ မြေဝယ်ပြီးရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်နေကြသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စက်မှုဇုန်များတွင် မြေကွက် တစ်သောင်းကျော်အနက်မြေကွက် ၂,၄၀၀ ခန့်မှာ မြေဝယ်ထားသော်လည်း လက်တွေ့လုပ်ငန်းမလုပ်ကြောင်း သတင်းရရှိသည်။
စက်မှုဇုန် မြေကွက်လွတ် များနှင့် ပတ်သက်၍ နိုင်ငံတော် ဒုတိယသမ္မတဦးဆောင်၍ ကော် မတီတစ်ရပ်ဖွဲ့စည်းပြီး လုပ်ငန်း မလုပ်သော မြေကွက်လွတ်များ ကို ဝယ်ယူထားသည့် တန်ဖိုးငွေပြန်ပေး၍ သိမ်းယူရန် စီစဉ်ခဲ့သည်။
ထို့အပြင် အဆိုပြုထားသော စီမံကိန်းကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်း မရှိသော မြေကွက်များကိုလည်း ဒဏ်ကြေးငွေ သတ်မှတ်ရန် စီစဉ်နေကြောင်း စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိန်းအောင်က ပြောကြားသည်။
‘‘လုပ်ငန်းပြမြေယူထားတာ ကို ဒဏ်ငွေပဲဆို တော်ရုံနဲ့မှုမှာ မဟုတ်ဘူး။ မြေဈေးက တစ်နှစ် ထက်တစ်နှစ်ပိုကြီးနေတော့ အေး ဆေးပဲဖြစ်နေမှာပေါ့’’ ဟု လှိုင် သာယာစက်မှုဇုန်(၄)မှ ထုတ်ကုန် လုပ်ငန်းရှင်တစ်ဦးက ပြောကြား သည်။
လက်ရှိ စက်မှုဇုန်များတွင် အမှန်တကယ် လုပ်ကိုင်နေသော လုပ်ငန်းရှင်များက မြေဝယ်ယူ ထားသူများထံမှတစ်ဆင့် ဈေး ကြီးပေး၍ဝယ်ယူပြီးလုပ်ငန်းလုပ် နေရသဖြင့် အခက်အခဲများစွာ ကြုံတွေ့နေသည်။ ထို့အတူ ပြည်ပမှ ဝင်ရောက်လာသော ရင်းနှီးမြှုပ်နှံမှုများမှာလည်း မြေဈေးကြီးသည့် အခက်အခဲများနှင့် ကြုံတွေ့နေရသည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ပြောကြားသည်။
Ref : 7days News
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ