By 7daydaily, Shweproperty.com
Updated at 16 September 2016
၂၀၁၆ အတွက် ရန်ကုန် တိုင်းအတွင်း တစ်ပေပတ်လည် အိမ်ခြံမြေစံနှုန်းထားသစ်များကို ရေးဆွဲထားပြီး ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့သို့ တင်ပြထား သည်မှာ သုံးလခန့်ကြာမြင့်နေပြီ ဖြစ်သော်လည်း အကြောင်းပြန်ကြားမှုမရှိသေးကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သတင်းရရှိသည်။
လက်ရှိတွင် ၂၀၁၄ က သတ်မှတ်ခဲ့သည့် တစ်ပေပတ်လည်စံနှုန်းများမှာ ခေတ်ကာလနှင့် မညီသဖြင့် ပြန်လည်အသစ်ရေးဆွဲကာ ရန်ကုန်တိုင်းဒေ သကြီးအစိုးရအဖွဲ့သို့ တင်ပြထားခြင်းဖြစ်သည်။
ကာလတန်ဖိုး စိစစ်သတ် မှတ်ရေး ဘုတ်အဖွဲ့က ကွင်းဆင်း လေ့လာ၍ လက်ရှိပေါက်ဈေးနှင့် ယှဉ်ကာ အခွန်နှုန်းထားများကို တိကျစွာ ရေးဆွဲထားကြောင်း ပြည် တွင်းအခွန်များဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးက ဆိုသည်။
အဆိုပါစံနှုန်းများ သတ်မှတ် ရာတွင် အများပြည်သူ၏ အကြံပြုချက်များ၊အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း၏ အကြံ ပြုချက်များ ရယူပြီး ဒေသ၏ လက် ရှိဈေးကွက်နှင့် နှိုင်းယှဉ်ကာ ရေး ဆွဲခြင်းဖြစ်သည်ဟု ၎င်းကဆို သည်။‘‘အခုစံနှုန်းအရဆိုရင် တချို့ နေရာတွေဆို အိမ်ခြံမြေဈေးကွက် အေးတဲ့အတွက် ဈေးကျနေပြီ။ ဘယ်လိုမှ ခေတ်နဲ့ မညီတော့ဘူး’’ ဟု စိုင်းခွန်နောင်အိမ်ခြံမြေအ ကျိုးဆောင်လုပ်ငန်းရှင် ဦးစိုင်း ခွန်နောင်က ဆိုသည်။
ပြည်တွင်း၌ အိမ်ခြံမြေဈေး နှုန်းများ မတည်ငြိမ်ခြင်း၊ တိုက် ခန်းဈေးနှုန်းများကျဆင်းခြင်း အ ရောင်းအဝယ်များ ကျဆင်းနေ ခြင်းအပေါ် ယခုထပ်မံသတ်မှတ်မည့် စံနှုန်းက သုံးဝင်မည်မဟုတ် ကြောင်း အိမ်ခြံမြေအကျိုးဆောင် များက ဆိုသည်။
သတ်မှတ်ထားသည့် စံနှုန်း အတိုင်း အခွန်ကောက်ခံမည်ဟု ဆိုသော်လည်း ပြင်ပအရောင်းအ ဝယ်တွင် အခွန်ရှောင်နိုင်ရန် နှစ် ဦးသဘောတူဖြင့် Special Power, General Power တို့ဖြင့် အရောင်းအဝယ်ပြုလုပ်နေ ကြောင်းသိရသည်။
Ref : 7daydaily
Photo Credit : trekearth
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ