By Myanmar Times, Shweproperty.com
Updated at 17 June 2015
အိမ်ရာလိုအပ်ချက် မြင့်မားလျက်ရှိကာလူနေထူထပ်သည့် ရန်ကုန်မြို့တော်အတွက် တန်ဖိုးနည်း ပါးသည့် လစဉ်ပေး အစိုးရ အငှားချအိမ်ရာများကိုဆောက်လုပ်ပေးပါကအိမ်ရာမဲ့သူများအတွက် အဆင်ပြေနိုင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန အိုးအိမ် ဦးစီးဌာနကတာဝန်ရှိသူများကပြော သည်။
ရန်ကုန်မြို့တွင် လွန်ခဲ့သည့်နှစ်များက အဖိုးခနည်းပါးသည့် အငှားချအိမ်ရာများ ဆောက်လုပ်ပေးခဲ့ပြီး နှစ်ရှည်ငှားရမ်းနေထိုင်နိုင်ရန် ငှားရမ်းပေးခဲ့ဖူးသည့် အခြေအနေရှိခဲ့သော်လည်း ရေရှည်တွင် မတွယ်ကျယ်ခဲ့ပေ။ ထို့ကြောင့် လူဦးရေများပြားလာပြီး အိမ်ခြံ မြေဈေးနှုန်းများလည်း မြင့်မားမှု များနေသည့် ရန်ကုန်မြို့တွင် နေထိုင်ရန်အခက်အခဲဖြစ်နေကြသည့် ပြည်သူများအတွက် အစိုးရ၏ အငှားချ အိမ်ရာစီမံကိန်းများမှာ တွင်တွင် ကျယ်ကျယ် ပေါ်ပေါက်လာသင့်ကြောင်း အိုးအိမ်ဦးစီးဌာနက တာဝန်ရှိသူတစ်ဦး ဖြစ်သည့် ဦးဝင်းနိုင်က ပြောသည်။ "တန်ဖိုးနည်းအိမ်ရာဆိုတာ ဝင်ငွေနည်းပြည်သူတွေ လက်လှမ်းမီလောက်တဲ့အထိ ဆင်းပေးသင့်တယ်။ ဝင်ငွေနည်းပြည်သူတွေက ဘယ်လောက်ပမာဏလောက်ကို ဝယ်နိုင် မလဲဆိုတာ လေ့လာကြည့်လိုက်တော့ သိန်းသုံးဆယ်၊ လေးဆယ်လောက်မှ အဆင်ပြေမှာ ဖြစ်တယ်။ ဒါကို ဘယ်လိုဖြေရှင်းမလဲ အဖြေ ရှာကြည့်တော့ ပြည်သူ့အငှားချအိမ်ရာ (Public Rental Housing) ဆိုတာမျိုးတွေ ရှိသင့်တယ်"ဟု ဦးဝင်းနိုင်က ပြောသည်။ ရန်ကင်းအိမ်ရာ၊ ဖဆပလအိမ်ရာနှင့် လမ်း သစ်အိမ်ရာများသည် ပြည်သူ့အငှားချအိမ်ရာ များဖြစ်ပြီး ထိုကဲ့သို့သော အငှားချအိမ်ရာများ ကို ထပ်မံတည်ဆောက်သင့်ကြောင်း အိမ်ခြံမြေ ကျွမ်းကျင်သူများက ပြောသည်။
"အခြားနိုင်ငံတွေမှာလည်း ဝင်ငွေနည်းတဲ့ ပြည်သူတွေအတွက် အစိုးရက ဒီလိုတန်ဖိုး နည်းနည်းပေးနေနိုင်တဲ့ အငှားချအိမ်ရာမျိုး တွေကို ဆောက်ပေးကြတယ်။ မြန်မာနိုင်ငံမှာ အခု လက်ရှိရှိနေတဲ့ အငှားချအိမ်ရာတွေက အရမ်းကို နည်းနေသေးတယ်။ အဲဒီထက် ပိုများတဲ့ အငှားချအိမ်ရာ စီမံကိန်းတွေကို ထပ် လုပ်ပေးသင့်တယ်"ဟု ၎င်းက ပြောသည်။
ယခုတည်ဆောက်ထားပြီးသော အငှားချ အိမ်ရာများကို ရေရှည်ထိန်းသိမ်းထားရန်လိုအပ်ပြီး ထိုကဲ့သို့ ရေရှည်ထိန်းသိမ်းထား နိုင်ရန် နေထိုင်သူ ပြည်သူများဘက်က ဂရုတစိုက်ထိန်းသိမ်းပေး ရန်လိုအပ်ကြောင်း အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူများ က ပြောသည်။ "အခုဆောက်ထားတဲ့ တန်ဖိုးနည်း အငှားချအိမ်ရာတွေမှာ နေထိုင်သူတွေက စည်းကမ်းမရှိတာတွေ ရှိတယ်။ ခေါင်မိုးက ရေယိုတာတွေ၊ လမ်းတွေ ချိုင့်ခွက်ဖြစ်တာ တွေ စတဲ့အပျက်အစီးတွေကို ပြန်ပြင်ဖို့ အတွက်ကလည်း မလွယ်ဘူး။ နေထိုင်သူတွေ ကို ကောက်တဲ့လခက နည်းလွန်းနေတော့ လခနဲ့ ပြန်ပြင်ဖို့လည်း မပြင်နိုင်ဘူး"ဟု ဦးဝင်းနိုင်က ပြောသည်။ အငှားချ အိမ်ရာစီမံကိန်းသစ်များ ပြုလုပ်ရန် လိုအပ်နေ သကဲ့သို့ ဆောက်လုပ်ပြီးသော အငှားချအိမ်ရာစီမံကိန်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ပြုပြင်ထိန်းသိမ်းမှုများပြုလုပ် ရန် လိုအပ်နေသေးကြောင်း အိုးအိမ်ဖွံ့ဖြိုး ရေးဦးစီးဌာန တာဝန်ရှိသူများက ပြောသည်။ "အရင်ကဆောက်ခဲ့တဲ့ အငှားအိမ်ရာ တွေက သက်တမ်းလွန်ဖြစ်တော့မှာမို့လို ့ ပြန်ဆောက်ရတော့မယ်။ နောက်ထပ် ထပ်ဆောက်ဖို့ လိုအပ်နေတဲ့ အငှားချ အိမ်ရာစီမံကိန်းကလည်း များနေသေးတယ်။ တကယ်လုပ်ရမှာတွေက များနေတယ်"ဟု ၎င်းက ပြောသည်။
သို့သော် ယခုနောက်ပိုင်း၌ ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီနှင့့် တန်ဖိုးနည်းအိမ်ရာ များကို အငှားချအိမ်ရာများအဖြစ် ဆောင်ရွက်ရန်လည်း စီစဉ်လျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အဆောက်အအုံဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေဝင်းက ပြောသည်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ