By ပြည်သိမ်း၊ သိမ့်သိမ့်စိုး, Shweproperty.com
Updated at 26 May 2013
ဝန်ကြီးဌာနများက အဆောက် အအုံတည်ဆောက်ရန် တင်ဒါခေါ် ယူမှုများကြောင့် အစိုးရစီမံကိန်း များ လုပ်ကိုင်လိုသည့် ဆောက် လုပ်ရေးလုပ်ငန်းရှင်များအတွက် အခွင့်လမ်းကောင်းဖြစ်လာ ကြောင်း ဆောက်လုပ်ရေးလုပ်ငန်း ရှင်များထံမှ သတင်းရရှိသည်။
''နေပြည်တော်စီမံကိန်း (နေပြည်တော်တည်ဆောက်ရေးစီမံ ကိန်း)ပြီးတော့ အလုပ်တွေရပ်နေတာ။ အခုလိုတင်ဒါတွေလာတော့ အဆင်ပြေတာပေါ့'' ဟု တော်ဝင် မိသားစုဆောက်လုပ်ရေးကုမ္ပဏီ မှ ဦးကိုကိုထွေးက မေ ၁၉ ရက် တွင် ပြောကြားသည်။
ယခုခေါ်ယူနေသည့် တင်ဒါ များမှာ ပွင့်လင်းမြင်သာမှုကို ဦးစား ပေးပြီး ခေါ်ယူလာသဖြင့် ရရှိသည့် လုပ်ငန်းရှင်များအတွက် အကျိုးအ မြတ်မှာ ယခင်က လေလံများလုပ် ကိုင်သကဲ့သို့ များစွာကျန်ရှိရန် မ လွယ်ကူကြောင်းလည်း ဆောက် လုပ်ရေးလုပ်ငန်းရှင်များက ပြော ကြားသည်။
''ပြိုင်ဆိုင်မှုများလာတော့ အစိုးရအတွက် ပိုအကျိုးရှိတယ်။ ကုမ္ပဏီ အားလုံး ဝင်ပြိုင်ခွင့်ရတော့ ကုမ္ပဏီတစ်ခုနှစ်ခုတည်း လုပ်ခွင့် ပေးသလို အစိုးရက ငွေတွေအများ ကြီးပေးစရာမလိုဘူးပေါ့'' Three Friends ဆောက်လုပ်ရေး ကုမ္ပဏီမှ မန်နေဂျာဦးကိုကိုလေး က ဆိုသည်။
၂ဝ၁၃-၁၄ဘဏ္ဍာရေးနှစ်အ တွက် နိုင်ငံတော်အစိုးရမှ ဝန် ကြီးဌာနအချို့ကို ဘတ်ဂျက်ပိုမို ချ ပေးခဲ့သည်။ အထူးသဖြင့် ပညာ ရေး၊ ကျန်းမာရေးဝန်ကြီးဌာန တို့ကို ဘတ်ဂျက်များ ပိုမိုချပေး ထားသည်။ ပညာရေးဝန်ကြီးဌာန ၌ တက္ကသိုလ်များ၊ ဒီဂရီကောလိပ် များတွင် စာသင်ခန်းမများ မွမ်းမံ တည်ဆောက်ရန်၊ စာကြည့်တိုက် များ တည်ဆောက်ရန် တင်ဒါများ ခေါ်ယူနေသည်။
ထို့အပြင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန် လည် နေရာချထားရေးဝန်ကြီး ဌာနကလည်း အိတ်ဖွင့်တင်ဒါများ ကို မေလ ၃၁ ရက်မှစတင် တင်ဒါ ခေါ်ယူရန် နိုင်ငံပိုင်သတင်းစာများ တွင် ကြေညာထားသည်။
Ref : 7days News
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ