By ဝိုင်းနန္င်္ဒီ, Shweproperty.com
Updated at 11 September 2019
လက်ရှိအစိုးရ သက်တမ်း (၂)နှစ်(၉)လအတွင်းမှာ ဘဏ်အပ်ငွေပမာဏ ကျပ်(၁၆၅၆၇)ဘီလီယံကျော်မြင့်တက် ခဲ့တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်တဲ့ Quarterly Financial Statistics Bulletin (2018 Volume IV) အရ သိရပါတယ်။
၂၀၁၈ ခုနှစ်ဒီဇင်ဘာလမှာ စုစုပေါင်းဘဏ်အပ်ငွေပမာဏ ကျပ်(၄၂၄၄၉)ဘီလီယံကျော်ရှိပြီး၊ (၂၀၁၆)ခုနှစ် မတ်လ မှာ ကျပ်(၂၅၈၈၂)ဘီလီယံကျော်ရှိခဲ့တယ်လို့ စာရင်းတွေအရ သိရပါတယ်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာမှာ နိုင်ငံပိုင်ဘဏ် နဲ့ ပုဂ္ဂလိကဘဏ်တွေမှာ အပ်ငွေ ကျပ် ၄၂၄၄၉ ဘီလျံကျော်ရှိပြီး ယခင်သုံးလနှင့် နှိုင်းယှဉ်ပါက နိုင်ငံပိုင်ဘဏ်တွေမှာ အပ်ငွေရရှိမှုု ကျပ် ၁၂၇ ဘီလျံ၊ ပုဂ္ဂလိကဘဏ်များတွင် အပ်ငွေရရှိမှု ကျပ် ၆၇၇ ဘီလျံမြင့်တက်ခဲ့ပါတယ်။
၂၀၁၇ ခုနှစ် မတ်မှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာအထိ ပုဂ္ဂလိကဘဏ်များတွင် အပ်နှံထားသည့် အပ်ငွေပမာဏများမှာ ၂၀၁၇ ခုနှစ် မတ်တွင် ကျပ် ၂၃၃၂၄ ဒသမ ၃၈၆ ဘီလီယ၊ ၂၀၁၇ ခုနှစ် ဇွန်တွင် ကျပ် ၂၄၈၁၇ ဒသမ ၅၆၉ ဘီလီယံ၊ ၂၀၁၇ ခုနှစ် စက်တင်ဘာတွင် ကျပ် ၂၆၅၆၀ ဒသမ ၈၂၆ ဘီလီယံ၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၂၇၃၆၀ ဒသမ ၈၆၉ ဘီလီယံ၊ ၂၀၁၈ ခုနှစ် မတ်တွင် ကျပ် ၂၈၅၉၈ ဒသမ ၈၃၄ ဘီလီယံ၊ ၂၀၁၈ ခုနှစ် ဇွန်တွင် ကျပ် ၂၉၆၀၆ ဒသမ ၉၄၄ ဘီလီယံ၊ ၂၀၁၈ ခုနှစ် စက်တင်ဘာတွင် ကျပ် ၃၁၁၂၉ ဒသမ ၈၄၆ ဘီလီယံ၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၃၁၈၀၇ ဒသမ ၅၁၂ ဘီလီယံဖြစ်ပါတယ်။
၂၀၁၇ ခုနှစ် မတ်မှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာအထိ နိုင်ငံပိုင်ဘဏ်များတွင် အပ်နှံထားသည့် အပ်ငွေပမာဏများမှာ ၂၀၁၇ ခုနှစ် မတ်တွင် ကျပ် ၉၉၇၉ ဒသမ ၃၄၅ ဘီလီယံ၊ ၂၀၁၇ ခုနှစ် ဇွန်တွင် ကျပ် ၁၀၄၅၁ ဒသမ ၄၂၆ ဘီလီယံ၊ ၂၀၁၇ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၀၆၅၂ ဒသမ ၈၈၁ ဘီလီယံ၊ ၂၀၁၇ ခု နှစ် ဒီဇင်ဘာတွင် ကျပ် ၁၀၆၉၁ ဒသမ ၈၁၄ ဘီလီယံ၊ ၂၀၁၈ ခုနှစ် မတ်တွင် ကျပ် ၁၁၄၃၆ ဒသမ ၄၉၅ ဘီလီယံ၊ ၂၀၁၈ ခုနှစ် ဇွန်တွင် ကျပ် ၁၀၀၄၀ ဒသမ ၈၀၇ ဘီလီယံ၊ ၂၀၁၈ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၀၅၁၃ ဒသမ ၉၀၁ ဘီလီယံ၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၁၀၆၄၁ ဒသမ ၇၀၂ ဘီလီယံတို့ဖြစ်ပါတယ်။
Written By : ဝိုင်းနန္င်္ဒီ (ShweProperty.com)
Photo Credit : Mmtimes
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ