By Myanmar Builders Guide, Shweproperty.com
Updated at 4 December 2019
#Unicode
တိုင်းဒေသကြီးသုံးခုရှိ မြေနှင့် အဆောက်အအုံ၊ တိုက်ခန်းနှင့် မြေကွက် စုစုပေါင်း ၂၅ နေရာကို အများပြည်သူသို့ရောင်းချမည်ဟု ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က ကြေညာသည်။ရောင်းချမည့်နေရာများမှာ ရန်ကုန်၊ မန္တလေးနှင့် ပဲခူးတိုင်းတို့တွင်ဖြစ်ပြီး တည်နေရာအတိအကျကို အကျယ်အဝန်း၊ လက်ရှိမြေပြင်အနေအထားဓာတ်ပုံတို့ကို စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန ဝဘ်ဆိုက်တွင် ဖော်ပြထားသည်ဟုဆိုသည်။
ရောင်းချမည့်နေရာများတွင် ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရှိ ပုလဲကွန်ဒိုမှ တိုက်ခန်းငါးခန်း၊ ပန်းဘဲတန်း နှင့် စမ်းချောင်းမြို့နယ် ရှိ တိုက်ခန်းသုံးခန်း၊လှိုင်သာယာ၊ ရွှေပြည်သာ ၊ တောင်ဥက္ကလာပ နှင့် ဒဂုံ (အရှေ့) မြို့နယ်များတွင် မြေနှင့် အဆောက်အအုံတွဲလျက်နှင့် မြေသီးသန့် ၁၀ နေရာတို့ဖြစ်သည်။
မန္တလေးတိုင်း ချမ်းအေးသာစံ၊ မိုးကုတ်နှင့် ပြည်ကြီးတံခွန်မြို့နယ်များရှိ မြေနှင့်အဆောက်အအုံ၊ တိုက်ခန်း၊ မြေကွက်စုစုပေါင်း ငါးနေရာ၊ ပဲခူးတိုင်းညောင်လေးပင်နှင့် တောင်ငူမြို့ ရှိ မြေညီထပ် အခန်းတစ်ခန်းနှင့် မြေကွက်တစ်ကွက် ပါဝင်သည်။
ဝယ်ယူလိုသူများသည် စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာနရှိ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်ရုံးသို့ ဒီဇင်ဘာ ၁၉ ရက်နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်သည်။
#Zawgyi
တိုင္းေဒသႀကီးသုံးခုရွိ ေျမႏွင့္ အေဆာက္အအုံ၊ တိုက္ခန္းႏွင့္ ေျမကြက္ စုစုေပါင္း ၂၅ ေနရာကို အမ်ားျပည္သူသို႔ေရာင္းခ်မည္ဟု ပုဂၢလိကပိုင္ျပဳလုပ္ေရးေကာ္မရွင္က ေၾကညာသည္။ေရာင္းခ်မည့္ေနရာမ်ားမွာ ရန္ကုန္၊ မႏၲေလးႏွင့္ ပဲခူးတိုင္းတို႔တြင္ျဖစ္ၿပီး တည္ေနရာအတိအက်ကို အက်ယ္အဝန္း၊ လက္ရွိေျမျပင္အေနအထားဓာတ္ပုံတို႔ကို စီမံကိန္းစိစစ္ေရးႏွင့္ တိုးတက္မႈအစီရင္ခံေရးဦးစီးဌာန ဝဘ္ဆိုက္တြင္ ေဖာ္ျပထားသည္ဟုဆိုသည္။
ေရာင္းခ်မည့္ေနရာမ်ားတြင္ ရန္ကုန္တိုင္း ဗဟန္းၿမိဳ႕နယ္ ရွိ ပုလဲကြန္ဒိုမွ တိုက္ခန္းငါးခန္း၊ ပန္းဘဲတန္း ႏွင့္ စမ္းေခ်ာင္းၿမိဳ႕နယ္ ရွိ တိုက္ခန္းသုံးခန္း၊လႈိင္သာယာ၊ ေ႐ႊျပည္သာ ၊ ေတာင္ဥကၠလာပ ႏွင့္ ဒဂုံ (အေရွ႕) ၿမိဳ႕နယ္မ်ားတြင္ ေျမႏွင့္ အေဆာက္အအုံတြဲလ်က္ႏွင့္ ေျမသီးသန႔္ ၁၀ ေနရာတို႔ျဖစ္သည္။
မႏၲေလးတိုင္း ခ်မ္းေအးသာစံ၊ မိုးကုတ္ႏွင့္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္မ်ားရွိ ေျမႏွင့္အေဆာက္အအုံ၊ တိုက္ခန္း၊ ေျမကြက္စုစုေပါင္း ငါးေနရာ၊ ပဲခူးတိုင္းေညာင္ေလးပင္ႏွင့္ ေတာင္ငူၿမိဳ႕ ရွိ ေျမညီထပ္ အခန္းတစ္ခန္းႏွင့္ ေျမကြက္တစ္ကြက္ ပါဝင္သည္။
ဝယ္ယူလိုသူမ်ားသည္ စီမံကိန္းစိစစ္ေရးႏွင့္ တိုးတက္မႈအစီရင္ခံေရးဦးစီးဌာနရွိ ပုဂၢလိကပိုင္ ျပဳလုပ္ေရးေကာ္မရွင္႐ုံးသို႔ ဒီဇင္ဘာ ၁၉ ရက္ေနာက္ဆုံးထားေလွ်ာက္ထားရမည္ျဖစ္သည္။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ