By Sint Sint, Shweproperty.com
Updated at 5 October 2020
အစိုးရ၏ တည်ဆောက်ရေးလုပ်ငန်းများ ကန် ထရိုက်စနစ်ဖြင့်ဆောင်ရွက်ရန် ကုမ္ပဏီ ၁,၀၀၀ ကျော်ကို မှတ်ပုံ တင်ထုတ်ပေးထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ထိုကုမ္ပဏီများသည် ပြည် ထောင်စုအဆင့် အဖွဲ့အစည်း များ၊ ပြည်ထောင်စုဝန်ကြီးဌာန များ၊ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များ၏ တည်ဆောက်ရေး လုပ်ငန်းများကို ကန်ထရိုက်စနစ် ဖြင့်ဆောင်ရွက်ရန်ဖြစ်သည်။
ကန်ထရိုက်မှတ်ပုံတင် ထုတ်ပေးထားသည့်ကုမ္ပဏီများ မှာ တည်ဆောက်ရေးလုပ်ငန်း အရည်အသွေး ထိန်းသိမ်းရေး ကုမ္ပဏီခြောက်ခု၊ အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာအကြံဉာဏ်ပေး ကုမ္ပဏီနှစ်ခု၊အင်ဂျင်နီယာပညာ ရပ်ဆိုင်ရာဝန်ဆောင်မှုကုမ္ပဏီ လေးခု၊ တည်ဆောက်ရေးလုပ် ငန်းများကို ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်လိုသော ကုမ္ပဏီ ၁,၀၀၇ ခုနှင့် အဓိကတည် ဆောက်ရေးပစ္စည်းပေးသွင်း သည့် ကုမ္ပဏီ ၁၉ ခု ပါဝင်ပြီး စုစုပေါင်းကုမ္ပဏီ ၁,၀၃၈ ခုဖြစ် သည်။
လိုင်စင်ရထားသည့် ကုမ္ပဏီ များသည် တစ်နှစ်လျှင် တစ်ကြိမ် သက်တမ်းတိုးရမည်ဖြစ်ပြီး ကန် ထရိုက်မှတ်ပုံတင်ခြင်းနှင့် နှစ်စဉ် ကြေးများ ပေးသွင်းရန် မလိုအပ် ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။ အစိုးရကခေါ်ယူသည့် မည် သည့်တင်ဒါလုပ်ငန်းမဆို ကုမ္ပဏီ များဝင်ရောက် ယှဉ်ပြိုင်ခွင့်အ တွက် ကန်ထရိုက်မှတ်ပုံတင် ခြင်းကို ဆောက်လုပ်ရေးဝန်ကြီး ဌာနက ဆောင်ရွက်ခဲ့ခြင်းဖြစ် သည်။
‘‘အစိုးရတင်ဒါတွေက ဝင် ပြိုင်ချင်တိုင်းပြိုင်လို့မရဘူး။ ကန် ထရိုက်လိုင်စင်ရှိမှ ဝင်ပြိုင်လို့ရ တာ’’ဟု ဆောက်လုပ်ရေးလုပ် ငန်းရှင်ဦးထွန်းအောင်က ပြော သည်။ ဆောက်လုပ်ရေးဝန်ကြီးဌာ နက ၂၀၂၀ အောက်တိုဘာ ၁ ရက်ကစတင်ပြီး တည်ဆောက် ရေးလုပ်ငန်းများကို ကိုယ်တိုင် ဆောင်ရွက်တော့မည်မဟုတ်ဘဲ စည်းကမ်းကြီးကြပ်သူအဖြစ်သာ ဆောင်ရွက်မည်ဖြစ်သည်။
ပြည်တွင်းသုံးဘတ်ဂျက်ဖြင့် ပြည်ထောင်စု ဝန်ကြီးဌာနများ၏ တည်ဆောက်ရေးလုပ်ငန်းများ သည် နှစ်စဉ်ကျပ်ဘီလီယံ ၅,ဝဝဝ ကျော်ရှိပြီး နိုင်ငံတကာ ချေးငွေဖြင့် ဆောင်ရွက်သည့်လုပ် ငန်းမှာ နှစ်စဉ်ကျပ်ဘီလီယံ ၂,ဝဝဝ ကျော်ရှိသည်ဟု ဆောက် လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန် ကြီးဒေါက်တာကျော်လင်းက ပြောကြားထားသည်။
နောက်ဆုံးရ သတင်းများ
ကုန်ထုတ်လုပ်မှုကဏ္ဍ၊ အိမ်ရာအဆောက်အအုံကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့မှ ဒေါ်လာ ၃၄၇ သန်းကျော်နှင့် ကျပ်သန်း ၂၃၄၀၀ ကျော်ရှိသည့် လုပ်ငန်းအသစ်ခုနစ်ခု MIC ထပ်မံခွင့်ပြု
ရန်ကုန်မြို့ကအိမ်ရာစီမံကိန်းတွေနဲ့ အိမ်ရာလိုအပ်ချက်အခြေအနေ
ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်ဘဏ်က အိမ်ရာချေးငွေများကို ခုနစ်လတိတိ နောက်ကျကြေး ကင်းလွတ်ခွင့်ပြု
လူမှုဖူလုံရေးထောက်ပံ့ငွေ ၄၀ % အတွက် အလုပ်ရှင်များလိုက်နာဆောင်ရွက်ရမည့် အချက်များထုတ်ပြန်ကြေညာ
Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ