By Myanmar Builders Guide, Shweproperty.com
Updated at 29 October 2019
#Unicode
ရန်ကုန်တိုင်းအစိုးရ၏ လူမှုအဖွဲ့အစည်းအခြေပြုအိမ်ရာစီမံကိန်းတည် ဆောက်ရေးလုပ်ငန်းများ စတင်နေပြီဖြစ် ပြီး ကျပ်သိန်း ၃ဝ တန် အိမ်ခြေ ၂ဝဝ ကျော်ကို ဒီဇင်ဘာတွင်အပြီးတည်ဆောက် မည်ဖြစ်ကြောင်း ပျိုမေ့အိမ်လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရသည်။
အဆိုပါအိမ်ရာစီမံကိန်းသည် နေထိုင်ရေးအခက်အခဲရှိသူများအတွက် ရည်ရွယ်ခြင်းဖြစ်ပြီး တိုင်းအစိုးရနှင့် ပျိုမေ့ အိမ်အသင်းတို့ ပူးပေါင်းအကောင်အထည်ဖော်ခြင်းဖြစ်သည်။
တိုင်းအစိုးရက မြေနေရာပေးခြင်း၊ ရေ၊ မီး၊ လမ်း စသည့် အခြေခံအဆောက်အအုံများ ပံ့ပိုးပေးမည်ဖြစ်ကာ ပျိုမေ့အိမ်က နေထိုင်ရေးအခက်အခဲရှိသူများ စာရင်းပြုစုကောက်ခံခြင်း၊ ငွေစုငွေချေးဖွဲ့စည်းခြင်းနှင့် ချေးငွေရရှိရေး ဆောင်ရွက်ပေးသည့်စနစ်ဖြစ်သည်။
ကနဦးအနေဖြင့် ရွှေပြည်သာမြို့နယ် အမှတ်(၁၉)ရပ်ကွက်တွင် အိမ်ရာ စီမံကိန်းကို အကောင်အထည်ဖော်ရန် နေအိမ်ဝယ်ယူနေထိုင် လိုသည့် အိမ်ထောင်စု ၂၆၄ ဦးအား တဦးလျှင် ကျပ်သိန်း ၃ဝ နှုန်းဖြင့် KEB Hana Microfinance Limited မှ စက်တင်ဘာလအတွင်း ချေးငွေများထုတ်ပေးခဲ့ပြီးဖြစ် ကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက စီမံကိန်းတွင်ပါဝင်သည့် ဒေသခံပြည်သူတချို့ မြေနေရာသတ်မှတ်ခြင်း၊ ခြံစည်းရိုးခတ်ခြင်း၊ မြေကွက်များမဲနှိုက်ချထားပေးခြင်းတို့ ပြုလုပ်ခဲ့ပြီးနောက် အောက်တိုဘာ ၂၃ ရက်တွင် မြေကွက်များတွင်တိုင်များစိုက်ထူရန်အတွက် မြေတူးခြင်းလုပ်ငန်းများ လုပ်ဆောင်နေပြီဖြစ်ကြောင်း ပျိုမေ့အိမ် အသင်းမှ သိရသည်။
''အခုက ဆောက်လုပ်ရေးလုပ်ငန်းတွေ စနေပြီပေါ့။ ကျွန်မတို့ ခန့်မှန်းထားတာကတော့ ဒီဇင်ဘာမှာပြီးဖို့ စဉ်းစား ထားတယ်''ဟု ပျိုမေ့အိမ်လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းတည်ထောင်သူ ဒေါ်ဗန်လီဇာအောင်က ပြောသည်။
အိမ်ထောင်စု ၂၆၄ ဦးတွင် အိမ်နီးနားချင်းအဖြစ် အတူနေထိုင်လိုသူများ ၃၂ ဦးစီအဖွဲ့များ၊ ၈ ဦးစီအဖွဲ့များ စုဖွဲ့ကာ မြေကွက်များ မဲနှိုက်ချထားပေးခဲ့ခြင်းဖြစ်ပြီး ၁၈ ပေ x ပေ ၃ဝ၊ ၁၆ ပေ x ပေ ၃၄ ရှိသည့် မြေနေရာအကျယ်အဝန်းများ တွင် ၁၆ ပေ ပေ ၃ဝ၊ ၁၂ ပေ ၃၂ အကျယ်အဝန်းရှိ နေအိမ်များတည် ဆောက်မည်ဖြစ်ကာ အိမ်တန်ဖိုးမှာ ကျပ်သိန်း ၃ဝ ဖြစ်ကြောင်း သိရသည်။
''သူတို့အိမ်လေးတွေကို သစ်နဲ့သွပ်နဲ့ပေါ့။ တချို့ကျတော့လည်း အုတ်ကြွပ်ပြားတွေနဲ့ဆောက်မယ်။ လုံးချင်းအိမ် လေးတွေပါ''ဟု ဒေါ်ဗန်လီဇာအောင်က ပြောသည်။
အိမ်ရာစီမံကိန်းတွင် မြေကိုတိုင်းဒေသကြီးအစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေအဖြစ်သတ်မှတ်ထားကာ နှစ် ၃ဝ နေထိုင်ခွင့်ပြုခြင်းဖြစ်ပြီး ယင်းသို့နေထိုင်ခွင့်ကိုလည်း တဦးတယောက်တည်း မဟုတ်ဘဲ စုပေါင်းပြီးနေထိုင်မှုစနစ်ဖြင့် ခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါမြေအတွက် မြေခမပေးရသော်လည်း ယင်းမြေပေါ်တွင် နေထိုင်ခွင့်ရရှိသူများအနေဖြင့် မြေကို ခွဲစိတ်၊ လွှဲပြောင်း၊ ပေါင်နှံ၊ ရောင်းချမှုများ ပြုလုပ်၍မရကြောင်း သိရှိရသည်။
''ဒီလိုဆောင်ရွက်ပေးတာ ကျေနပ်ပါတယ်။ ကျွန်မတို့က ကျူးကျော်မှာ ၉ နှစ်ကျော်နေခဲ့ရတာဆိုတော့ မျက်နှာလည်း ငယ်ရတယ်။ လူရာသွင်းတာလည်း မရှိဘူး။ ရေမရှိလို့၊ မီးမရှိလို့ ထောက်ခံစာတို့ သန်းခေါင်စာရင်းတို့မရှိလို့ လူကြီးတွေ ကြီးကဲသူတွေကို အကူအညီတောင်းတဲ့ အခါမှာ ကျွန်မတို့ကို မျက်နှာသာမပေးဘူး ပေါ့။ အခုအစိုးရနဲ့ ကော်မတီအဖွဲ့ဝင်တွေက ကူညီတဲ့အတွက် အတိုင်းမသိဝမ်းသာ ပါတယ်။ သိန်း ၃ဝ နဲ့ မိသားစုနေထိုင်လို့ လောက်မယ့်အိမ်ရာနဲ့ ခြံကွက်ကိုပေးတယ်ဆိုတော့ အတိုင်းမသိကို ဝမ်းသာမိပါတယ်''ဟု အိမ်ရာနေထိုင်မည့် မညိုညိုအေးက ပြောသည်။
ထို့အတူ အိမ်ရာဝယ်ယူနေထိုင်သူတဦးဖြစ်သူမစုစုမြကလည်း ''အခုလိုအိမ်ရတဲ့အတွက် ပျော်ပါတယ်။ ဝမ်းလည်းဝမ်း သာပါတယ်။ အရင်က အိမ်ငှားနေတာကြာပါပြီ။ အဲလိုအိမ်ငှားနေရတာလည်း အရမ်းစိတ်ညစ်ရပါတယ်။ ဒုက္ခလည်း ခံရပါတယ်။ အခုလိုမျိုး ကိုယ်ပိုင်အိမ်နဲ့ နေရမယ်ဆိုတော့ စိတ်ချမ်းသာပါတယ်'' ဟု ဆိုသည်။
အိမ်ရာဝယ်ယူလိုသူများအား ထုတ်ချေးခဲ့သည့်ချေးငွေသိန်း ၃ဝ အား တလလျှင် ကျပ် ၇၉၅ဝဝ နှုန်းဖြင့် ၆ နှစ်အတွင်း လစဉ်ပြန်ဆပ်ရန်သတ်မှတ်ထားပြီး လက်ရှိတည်ဆောက်နေသောအိမ်ရာများသို့ ၂ ပတ်အတွင်း ပြောင်းရွှေ့နေထိုင်ရမည်ဖြစ်ကြောင်း အိမ်ရာနေထိုင်သူများထံမှ သိရသည်။
ပျိုမေ့အိမ်လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းအနေဖြင့် တိုင်းဒေသကြီးအစိုးရနှင့်ပူးပေါင်း၍ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံတောင်၊ ဒဂုံမြောက်၊ ဒဂုံအရှေ့၊ ဒဂုံဆိပ် ကမ်းမြို့နယ်များတွင် အစုအဖွဲ့ပိုင်အိမ်ရာ စီမံကိန်းများအဖြစ် မြို့နယ်၁ခုလျှင် နေအိမ်၁သောင်းနှုန်းစီ ဖော်ဆောင်ပေးရန်လျာထားခြင်းဖြစ်ကြောင်းသိရှိရသည်။
#Zawgyi
ရန္ကုန္တိုင္းအစိုးရ၏ လူမႈအဖြဲ႕အစည္းအေျချပဳအိမ္ရာစီမံကိန္းတည္ ေဆာက္ေရးလုပ္ငန္းမ်ား စတင္ေနၿပီျဖစ္ ၿပီး က်ပ္သိန္း ၃ဝ တန္ အိမ္ေျခ ၂ဝဝ ေက်ာ္ကုိ ဒီဇင္ဘာတြင္အၿပီးတည္ေဆာက္ မည္ျဖစ္ေၾကာင္း ပ်ဳိေမ့အိမ္လူမႈဖြံ႕ၿဖိဳးတုိးတက္ေရးအသင္းမွ သိရသည္။
အဆိုပါအိမ္ရာစီမံကိန္းသည္ ေနထုိင္ေရးအခက္အခဲရိွသူမ်ားအတြက္ ရည္ရြယ္ျခင္းျဖစ္ၿပီး တိုင္းအစိုးရႏွင့္ ပ်ဳိေမ့ အိမ္အသင္းတုိ႔ ပူးေပါင္းအေကာင္အထည္ေဖာ္ျခင္းျဖစ္သည္။
တုိင္းအစုိးရက ေျမေနရာေပးျခင္း၊ ေရ၊ မီး၊ လမ္း စသည့္ အေျခခံအေဆာက္အအုံမ်ား ပံ့ပုိးေပးမည္ျဖစ္ကာ ပ်ဳိေမ့အိမ္က ေနထုိင္ေရးအခက္အခဲရိွသူမ်ား စာရင္းျပဳစုေကာက္ခံျခင္း၊ ေငြစုေငြေခ်းဖြဲ႕စည္းျခင္းႏွင့္ ေခ်းေငြရရိွေရး ေဆာင္ရြက္ေပးသည့္စနစ္ျဖစ္သည္။
ကနဦးအေနျဖင့္ ေရႊျပည္သာၿမိဳ႕နယ္ အမွတ္(၁၉)ရပ္ကြက္တြင္ အိမ္ရာ စီမံကိန္းကုိ အေကာင္အထည္ေဖာ္ရန္ ေနအိမ္ဝယ္ယူေနထုိင္ လုိသည့္ အိမ္ေထာင္စု ၂၆၄ ဦးအား တဦးလွ်င္ က်ပ္သိန္း ၃ဝ ႏႈန္းျဖင့္ KEB Hana Microfinance Limited မွ စက္တင္ဘာလအတြင္း ေခ်းေငြမ်ားထုတ္ေပးခ့ဲၿပီးျဖစ္ ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ရက္ပုိင္းက စီမံကိန္းတြင္ပါဝင္သည့္ ေဒသခံျပည္သူတခ်ဳိ႕ ေျမေနရာသတ္မွတ္ျခင္း၊ ၿခံစည္း႐ုိးခတ္ျခင္း၊ ေျမကြက္မ်ားမဲႏႈိက္ခ်ထားေပးျခင္းတုိ႔ ျပဳလုပ္ခဲ့ၿပီးေနာက္ ေအာက္တုိဘာ ၂၃ ရက္တြင္ ေျမကြက္မ်ားတြင္တုိင္မ်ားစုိက္ထူရန္အတြက္ ေျမတူးျခင္းလုပ္ငန္းမ်ား လုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္း ပ်ဳိေမ့အိမ္ အသင္းမွ သိရသည္။
''အခုက ေဆာက္လုပ္ေရးလုပ္ငန္းေတြ စေနၿပီေပါ့။ ကြၽန္မတို႔ ခန္႔မွန္းထားတာကေတာ့ ဒီဇင္ဘာမွာၿပီးဖို႔ စဥ္းစား ထားတယ္''ဟု ပ်ဳိေမ့အိမ္လူမႈဖြံ႕ၿဖိဳးတုိးတက္ေရးအသင္းတည္ေထာင္သူ ေဒၚဗန္လီဇာေအာင္က ေျပာသည္။
အိမ္ေထာင္စု ၂၆၄ ဦးတြင္ အိမ္နီးနားခ်င္းအျဖစ္ အတူေနထုိင္လုိသူမ်ား ၃၂ ဦးစီအဖြဲ႕မ်ား၊ ၈ ဦးစီအဖြဲ႕မ်ား စုဖြဲ႕ကာ ေျမကြက္မ်ား မဲႏႈိက္ခ်ထားေပးခဲ့ျခင္းျဖစ္ၿပီး ၁၈ ေပ x ေပ ၃ဝ၊ ၁၆ ေပ x ေပ ၃၄ ရိွသည့္ ေျမေနရာအက်ယ္အဝန္းမ်ား တြင္ ၁၆ ေပ ေပ ၃ဝ၊ ၁၂ ေပ ၃၂ အက်ယ္အဝန္းရိွ ေနအိမ္မ်ားတည္ ေဆာက္မည္ျဖစ္ကာ အိမ္တန္ဖုိးမွာ က်ပ္သိန္း ၃ဝ ျဖစ္ေၾကာင္း သိရသည္။
''သူတို႔အိမ္ေလးေတြကို သစ္နဲ႔သြပ္နဲ႔ေပါ့။ တခ်ဳိ႕က်ေတာ့လည္း အုတ္ၾကြပ္ျပားေတြနဲ႔ေဆာက္မယ္။ လုံးခ်င္းအိမ္ ေလးေတြပါ''ဟု ေဒၚဗန္လီဇာေအာင္က ေျပာသည္။
အိမ္ရာစီမံကိန္းတြင္ ေျမကိုတိုင္းေဒသႀကီးအစိုးရက စီမံခန႔္ခြဲပိုင္ခြင့္ရွိသည့္ ေျမအျဖစ္သတ္မွတ္ထားကာ ႏွစ္ ၃ဝ ေနထိုင္ခြင့္ျပဳျခင္းျဖစ္ၿပီး ယင္းသို႔ေနထိုင္ခြင့္ကိုလည္း တဦးတေယာက္တည္း မဟုတ္ဘဲ စုေပါင္းၿပီးေနထိုင္မႈစနစ္ျဖင့္ ခြင့္ျပဳျခင္းျဖစ္ေၾကာင္း သိရသည္။ အဆိုပါေျမအတြက္ ေျမခမေပးရေသာ္လည္း ယင္းေျမေပၚတြင္ ေနထိုင္ခြင့္ရရွိသူမ်ားအေနျဖင့္ ေျမကို ခြဲစိတ္၊ လႊဲေျပာင္း၊ ေပါင္ႏွံ၊ ေရာင္းခ်မႈမ်ား ျပဳလုပ္၍မရေၾကာင္း သိရွိရသည္။
''ဒီလုိေဆာင္ရြက္ေပးတာ ေက်နပ္ပါတယ္။ ကြၽန္မတုိ႔က က်ဴးေက်ာ္မွာ ၉ ႏွစ္ေက်ာ္ေနခဲ့ရတာဆုိေတာ့ မ်က္ႏွာလည္း ငယ္ရတယ္။ လူရာသြင္းတာလည္း မရိွဘူး။ ေရမရိွလုိ႔၊ မီးမရိွလုိ႔ ေထာက္ခံစာတုိ႔ သန္းေခါင္စာရင္းတုိ႔မရိွလုိ႔ လူႀကီးေတြ ႀကီးကဲသူေတြကုိ အကူအညီေတာင္းတဲ့ အခါမွာ ကြၽန္မတုိ႔ကုိ မ်က္ႏွာသာမေပးဘူး ေပါ့။ အခုအစုိးရနဲ႔ ေကာ္မတီအဖြဲ႕ဝင္ေတြက ကူညီတဲ့အတြက္ အတုိင္းမသိဝမ္းသာ ပါတယ္။ သိန္း ၃ဝ နဲ႔ မိသားစုေနထုိင္လုိ႔ ေလာက္မယ့္အိမ္ရာနဲ႔ ၿခံကြက္ကုိေပးတယ္ဆုိေတာ့ အတုိင္းမသိကုိ ဝမ္းသာမိပါတယ္''ဟု အိမ္ရာေနထုိင္မည့္ မညိဳညိဳေအးက ေျပာသည္။
ထို႔အတူ အိမ္ရာဝယ္ယူေနထုိင္သူတဦးျဖစ္သူမစုစုျမကလည္း ''အခုလုိအိမ္ရတဲ့အတြက္ ေပ်ာ္ပါတယ္။ ဝမ္းလည္းဝမ္း သာပါတယ္။ အရင္က အိမ္ငွားေနတာၾကာပါၿပီ။ အဲလုိအိမ္ငွားေနရတာလည္း အရမ္းစိတ္ညစ္ရပါတယ္။ ဒုကၡလည္း ခံရပါတယ္။ အခုလုိမ်ဳိး ကုိယ္ပုိင္အိမ္နဲ႔ ေနရမယ္ဆုိေတာ့ စိတ္ခ်မ္းသာပါတယ္'' ဟု ဆိုသည္။
အိမ္ရာဝယ္ယူလုိသူမ်ားအား ထုတ္ေခ်းခဲ့သည့္ေခ်းေငြသိန္း ၃ဝ အား တလလွ်င္ က်ပ္ ၇၉၅ဝဝ ႏႈန္းျဖင့္ ၆ ႏွစ္အတြင္း လစဥ္ျပန္ဆပ္ရန္သတ္မွတ္ထားၿပီး လက္ရိွတည္ေဆာက္ေနေသာအိမ္ရာမ်ားသုိ႔ ၂ ပတ္အတြင္း ေျပာင္းေရႊ႕ေနထုိင္ရမည္ျဖစ္ေၾကာင္း အိမ္ရာေနထုိင္သူမ်ားထံမွ သိရသည္။
ပ်ဳိေမ့အိမ္လူမႈဖြံ႕ၿဖိဳးတုိးတက္ေရးအသင္းအေနျဖင့္ တုိင္းေဒသႀကီးအစုိးရႏွင့္ပူးေပါင္း၍ လႈိင္သာယာ၊ ေရႊျပည္သာ၊ ဒဂုံေတာင္၊ ဒဂုံေျမာက္၊ ဒဂုံအေရွ႕၊ ဒဂုံဆိပ္ ကမ္းၿမိဳ႕နယ္မ်ားတြင္ အစုအဖြဲ႕ပိုင္အိမ္ရာ စီမံကိန္းမ်ားအျဖစ္ ၿမိဳ႕နယ္၁ခုလွ်င္ ေနအိမ္၁ေသာင္းႏႈန္းစီ ေဖာ္ေဆာင္ေပးရန္လ်ာထားျခင္းျဖစ္ေၾကာင္းသိရွိရသည္။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ