By Kumudra, Shweproperty.com
Updated at 5 July 2018
တိုင်းဒေသကြီး အစိုးရကရောင်းချတဲ့ တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်းပေါင်း ၈၆၂ ခန်း အတွက် မဲနှိုက်ပေးခဲ့ပြီး လူဦးရေစာရင်းမှာ ၅၅၂၇ ဦးဖြစ်ပါတယ်။
မဲနှိုက်ပေးခဲ့တဲ့ လူဦးရစာရင်းမှာအများပြည်သူအဖြစ်လျှောက်ထားသူ ၂၄၃၅ ဦး၊ ကုမ္မဏီဝန်ထမ်း ၇၄၁ ဦး၊ အငြိမ်းစားဝန်ထမ်း ၆၇၅ ဦး၊ နိုင်ငံ့ဝန်ထမ်းထဲက လျှောက်ထားသူ ၁၆၇၆ ဦးတို့ ဖြစ်ပါတယ်။ ဝင်ငွေနည်းပြည်သူတွေ၊ အစိုးရဝန်ထမ်းတွေ၊ ပုဂ္ဂလိကကုမ္မဏီဝန်ထမ်းတွေနဲ့ အငြိမ်းစားဝန်ထမ်းတွေဆိုပြီး အရောင်းလေးမျိုးခွဲထားပြီးတော့ ဝင်ငွေနည်း ပြည်သူတွေအတွက် ၃၅ ရာခိုင် နှုန်း၊ အစိုးရဝန်ထမ်းတွေအတွက် ၂၅ ရာခိုင်နှုန်း၊ အငြိမ်းစား ဝန်ထမ်းတွေအတွက် ၁၅ ရာခိုင်နှုန်းရောင်းချပေးဖို့လျာထားကြောင်း သိရပါတယ်။
ဝင်ငွေသုံးသိန်းကနေ ငါးသိန်းကြား ငါးသိန်းကနေ ၁၂ သိန်းကြားဝင်ငွေအုပ်စုလိုက်ဝယ်ယူနိုင်မှုတိုက်ခန်းအမျိုးအစားပေါ်မူတည်ပြီး ရောင်းချမှာဖြစ်ကြောင်း အိမ်ရာစီမံကိန်း ကြီးကြပ်မှုကော်မတီက သိရပါတယ်။
ရန်ကုန်တိုင်းအစိုးရက ပထမဆုံးအကြိမ်မဲနှိုက်ရောင်းချမယ့် အိမ်ရာတွေမှာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ယုဇနအိမ်ရာ၊ ကနောင်အိမ်ရာ၊ ဒဂုံမြို့သစ်တောင်ပိုင်းရှိ အင်းဝအိမ်ရာ၊ မြောက်ဥက္က လာပ ရွှေပေါက်ကံအိမ်ရာ၊ လှိုင်သာယာမြို့နယ် ထီးလှိုင်ရှင်နဲ့ ရွှေလင်းပန်းအိမ်ရာ၊ သင်္ဃန်းကျွန်း မြို့နယ်ကြီးပွားရေးအိမ်ရာ၊ ရွှေပြည်သာမြို့နယ်ရှိ အိမ်ရာတွေဖြစ်ပါတယ်။
မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဆောက်လုပ်ပြီးစီးခဲ့တဲ့ တန်ဖိုးနည်း၊ သင့်အိမ်ရာတွေကို ရန်ကုန်တိုင်းဒေသကြီးကိုလွှဲပေးခဲ့တဲ့ အခန်းတွေရှိတယ်၊ အဲဒါကို ပထမအကြိမ် မဲနှိုက်ရောင်းချမှာ ဖြစ်တယ်လို့ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနကသိရပါတယ်။
လျှောက်လွှာတွေ ၁၈,ဝဝ ဝ ကျော်ရောင်းချခဲ့ရပေမဲ့ အမှန်တကယ်လာရောက်လျှောက်ထားသူ ၆ဝဝဝ ကျော်သာရှိကြောင်းသိရပါတယ်။
တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာတွေ ဝယ်ယူခွင့်အတွက် မဲနှိုက်ခြင်းကို ဇွန် ၂၅ ရက်နေ့က မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှာပြုလုုပ်ခဲ့တာပါ။ လျှောက်ထားသူ ၆ဝဝဝ ကိုတန်းစီဇယားမဲနှိုက်ခဲ့ ပြီး ၁ဝဝဝ ကိုမဲနှိုက်ရွေးချယ်ခဲ့ပါတယ်။ တည်ဆောက်ပြီးစီးနီးပါး အခန်းတွေရှိနေပြီးတော့ တန်းစီဇယား ၁ဝဝဝ ထဲမှာ မပါသူတွေကိုဝယ်ယူခွင့်ပေးမှာဖြစ်ပါတယ်။ လိမ်လည်လျှောက်ထားသူတွေရှိရင် ဒဏ်ငွေရိုက်မှာဖြစ်ပြီး အခန်းဝယ်ခွင့်လည်း ပိတ်သိမ်းမှာဖြစ်တယ်လို့ သိရပါတယ်။
Ref & Photo Credit : Kumudra
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ