By Sint Sint, Shweproperty.com
Updated at 14 January 2021
ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (ဟားခါး)တွင် အဆောက်အဦအသစ်များ တည်ဆောက်မှု ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။ အစိုးရစက်မှုလက်မှုသိပ္ပံ (ဟားခါး)တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေ (၅၂၀၉၀၅၀၀၀) ကျပ်ဖြင့် (၁၃၀x၈၇)ပေ (၂)ထပ် RC အမျိုးအစား ကျောင်းသား/သူ အိပ်ဆောင်ကို လည်းကောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ရန်ပုံငွေ ငွေကျပ် (၅၇၅၉၇၂၀၀၀)ဖြင့် (၁၃၀x၈၇)ပေ (၂)ထပ်RC အမျိုးအစား ကျောင်းသား/သူ အိပ်ဆောင်ကို လည်းကောင်း Aasaw (အာဆော) ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ (၃၉၆၂၂၇၀၀၀) ကျပ်ဖြင့် ပေ (၇၈x၉၄) (၄)ခန်းတွဲ (၂)ထပ် သံကူကွန်ကရစ် ဝန်ထမ်းအိမ်ရာကို HPL Family ကုမ္ပဏီမှ လည်းကောင်း၊ ပြည်ထောင်စုရန်ပုံငွေ ကျပ် (၆၀၀၂၇၆၀၀၀)ဖြင့် ပေ (၁၂၀x၄၀)ရှိ (၆)ခန်းတွဲ (၃)ထပ် RC အမျိုးအစားဖြစ်ပြီး Double Arrow ကုမ္ပဏီမှ လည်းကောင်း တာဝန်ယူတည်ဆောက်ခဲ့သည်။ အစိုးရစက်မှုလက်မှုသိပ္ပံ (ဟားခါး)ကို ၂၀၀၈ခုနှစ် ဒီဇင်ဘာလ (၁၅)ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း အစိုးရစက်မှုလက်မှုသိပ္ပံ (ဟားခါး)ကျောင်းအုပ်ကြီး ဒေါက်တာ ဆလိုင်းတလွန်ဇထန်း၏ ပြောကြားချက်အရ သိရသည်။ နောက်ဆုံးရ သတင်းများ နေပြည်တော် CITY PARK စီမံကိန်း ၏ ပထမအပိုင်းကို ယခုနှစ်အတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်နေ လယ်မြေများအပါအဝင် တရားမဝင် မြေကွက်ရိုက်ရောင်းဝယ်မှုများကို ဖော်ထုတ်အရေးယူမည် PUBLIC SHELTER ဘက်စုံသုံး အဆောက်အဦးကို ၂၀၂၁ ခုနှစ်အတွင်း အပြီးတည်ဆောက်သွားမည် ရန်ကုန်မြို့ရှိ မြန်မာ့မီးရထားဝန်ထမ်းအိမ်ရာအဆောက်အအုံများ ရာနှုန်းပြည့် ဆောက်လုပ်ပြီးစီး Credit : MRTV Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ