By Myanmar Builders Guide, Shweproperty.com
Updated at 3 September 2019
နိုင်ငံတော်အစိုးရပိုင်မြေပေါ်တွင် တည်ဆောက်မည့် ပြည်သူ့အိမ်ရာ စီမံကိန်း Pilot Project ကို ရန်ကုန်တိုင်းဒေသကြီးရှိ ဒဂုံ(မြောက်ပိုင်း) မြို့နယ်၌ စတင်ဆောင် ရွက်မည် ဖြစ်ကြောင်း Yangon Metro- politan Development Public Co., Ltd. မှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက် အရ သိရသည်။
အဆိုပါစီမံကိန်းအတွက် နိုင်ငံတော် အစိုးရမှ မြေနေရာ စိုက်ထုတ်ပေး၍ အကောင်အထည် ဖော်ခြင်း ဖြစ်ပြီး Pilot Project အနေဖြင့် စတင်ဆောင်ရွက်ခြင်း ဖြစ်သည်။ ယင်းအိမ်ရာ တည်ဆောက် ပြီးစီးပါက လုပ်ကိုင်ခွင့် ရရှိသောကုမ္ပဏီမှ အနည်းဆုံးဈေးနှုန်းဖြင့် နိုင်ငံတော်အစိုးရထံ ပြန်လည်ရောင်းချပေးရမည် ဖြစ်သည်။
နိုင်ငံတော်အစိုးရမှ တစ်ဆင့် အိမ်ရာများကို ပြည်သူတို့ထံ ပြန်လည်ရောင်းချ ပေးမည်ဖြစ်ပြီး လက်ရှိ ရှေ့ပြေးစီမံကိန်း အနေဖြင့် လုပ်ဆောင်ခြင်းဖြစ်ရာ အောင်မြင်မှုရရှိပါကတခြားသောနေရာများတွင် ဆက်လက် အကောင်အထည် ဖော်မည်ဖြစ်သည်။
''မြေနေရာကို နိုင်ငံတော်က ပေးပါတယ်။ ဒီနေရာမှာ ပြည်သူ့အိမ်ရာတွေ တည် ဆောက်ပေးရမယ်။ ကျွန်တော်တို့ဘက်က တည်ဆောက်တဲ့ လုပ်ငန်းရှင်တွေကို ပြန် လည် ခေါ်ယူရမှာဖြစ်ပါတယ်။ ရှေ့ပြေး စီမံကိန်းဖြစ်တာကြောင့် ဒီစီမံကိန်း ရလဒ် ပေါ်မူတည်ပြီး ဆက်လက်ဆောင်ရွက်ဖို့ သင့်၊ မသင့်ကိုလည်း ပြန်လည်သုံးသပ်ရမှာပါ။ တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း စိတ်ဝင်စားတဲ့ ပြည်တွင်းပြည်ပ ကုမ္ပဏီတွေကို အဆိုပြုလွှာ ဖိတ်ခေါ်ထားပါတယ်'' ဟု ၎င်းကပြောသည်။
ယင်း Pilot Project ကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံ (မြောက်ပိုင်း)မြို့နယ်ရှိ ဗိုလ်မင်းရောင်လမ်းမှ မြေတိုင်းရပ်ကွက် အမှတ် (48/U 9) မြေဧရိယာအကျယ် အဝန်း ၂၆ ဧကပေါ်၌ အကောင်အထည် ဖော်မည်ဖြစ်သည်။ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ယင်းစီမံကိန်း အတွက် စိတ်ဝင်စားသော ပြည်တွင်းပြည်ပ ကုမ္ပဏီများကို စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) ဖိတ်ခေါ်ထားပြီး အဆိုပြုလွှာ တင်ဒါ လျှောက်ထားမှုကို စက်တင်ဘာ ၁၇ ရက် နောက်ဆုံးထား၍ ပြန်လည်ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း လူဦးရေ တိုးတက်လာသည်နှင့်အမျှ အိမ်ရာ လိုအပ်ချက်များရှိနေသဖြင့် ပြည်သူများ နေထိုင်ရေးအတွက် အဆင်ပြေမှုရှိစေရန် ယင်းစီမံကိန်းကို အကောင်အထည်ဖော်ခြင်း ဖြစ်ကြောင်း သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ