By Myanmar Builders Guide, Shweproperty.com
Updated at 21 October 2019
#Unicode
ဧကရီပန်းခြံမှာ ၁၉၉၁ ခုနှစ်တွင် ရပ်ကွက်နေ ပြည်သူများက ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ဖော်ဆောင်ထားသည့် ပန်းခြံဖြစ်ပြီး ၂ ဒသမ ၂၂ ဧကခန့် ကျယ်ဝန်းသည်။
အဆိုပါပန်းခြံအား ရောင်းချမည့် မြေကွက်များတွင် ပါဝင်နေသည်ကို အောက်တိုဘာ ၁၃ ရက်တွင် ‘ရွှေပြည်သာမြို့နယ်ရှိ အစိုးရ စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ ရှာဖွေရောင်းချရေး ကော်မတီမှ ရောင်းချရန် လျှောက်ထားသည့် မြေကွက်များ’ ဟု မြေပုံဆိုင်းဘုတ် တပ်ဆင်မှသာ ရပ်ကွက်နေပြည်သူများ သိရှိခဲ့ခြင်းဖြစ်သည်။
ထို့နောက် ရပ်ကွက်နေပြည်သူများက ‘ဤအများပြည်သူပိုင် ဧကရီပန်းခြံသည် ၁၉၉၁ ခုနှစ်ကတည်းက ရပ်ကွက်ပြည်သူများ၏ ဘာသာရေး၊ သာသနာရေး၊ လူမှုရေး၊ အားကစားရေးရာ ကိစ္စများအတွက် အသုံးပြုနေသည်မှာ ယခုတိုင်ဖြစ်ပါသည်။ ယခုအခါ ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ ရောင်းချရန် စီစဉ်နေခြင်းအား ရပ်ကွက်နေပြည်သူများမှ သဘောမတူ ကန့်ကွက်ပါသည်’ ဟု ဆိုင်းဘုတ်ထောင်ကာ ကန့်ကွက်ခဲ့ကြောင်း သိရသည်။
ထိုအကြောင်းအရာနဲ့ပတ်သက်၍ ရပ်ကွက်နေ ပြည်သူတစ်ဦးဖြစ်သူ ကိုနေလင်းက “၁၉၉၁ ခုနှစ်မှာ မြို့နယ်အသီးသီးက ပြောင်းရွှေ့ပြီး နေကြတဲ့သူတွေက ပွဲလမ်းသဘင်တွေ ဘာပဲလုပ်လုပ် တရားပွဲ၊ လွတ်လပ်ရေးပွဲ၊ အားကစားပွဲပဲလုပ်လုပ် ဒီပန်းခြံထဲမှာပဲ ရွှေပြည်သာမြို့ စတည်ကတည်းက ကျင်းပခဲ့ကြတာ။ အဲဒီအချိန်မှာ ရပ်ကွက်နေ ပြည်သူတွေက ကိုယ်ထူကိုယ်ထနဲ့ ပတ်ဝန်းကျင် ပြည်သူတွေစုပြီး ပန်းခြံအဖြစ် အကောင်အထည် ဖော်ခဲ့တယ်။ တတ်နိုင်တဲ့ ငွေကြေးလေးတွေနဲ့ အခုဆို စာကြည့်တိုက်လေးတောင် ပြီးသွားပြီ။ ဟိုဘက်ပန်းခြံမှာဆို မီးတိုင်တွေထူပြီး မီတာတွေကအစ လျှောက်ပြီးသွားပြီ။ ဒီပန်းခြံမှာဆိုလည်း ပန်းခြံနာမည်နဲ့ မီတာကအစ ကျပြီးသွားပြီ။ ရောင်းချမယ့် မြေကွက်ထဲမှာပါတယ် ဆိုတာကို မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌက ပြည်သူတွေသိရှိအောင် အွန်လိုင်းပေါ် တင်ပေးတယ်။ အဲဒီကနေ တစ်ဆင့်စကား တစ်ဆင့် ကြားပြီးတော့ သိရတယ်။ နောက်ရက်ကျတော့ မြေပုံဆိုင်းဘုတ် လာထောင်တယ်။ ပန်းခြံကိစ္စနဲ့ ပတ်သက်ပြီး အစည်းအဝေး ထိုင်ဖြစ်တယ်။ အားလုံးရဲ့ သဘောတူညီချက်နဲ့ အစိုးရကို ဆန့်ကျင်တာ မဟုတ်ဘဲ ပြည်သူတွေရဲ့ ခံစားချက်ကို အစိုးရသိအောင် ပန်းခြံဖော်ဆောင်နေတယ် ဆိုတာကိုလည်း တိုင်းဒေသကြီး အစိုးရသိအောင် တင်ပြကြမယ် ဆိုပြီးတော့ ဗီနိုင်းထောင်ကြတယ်။ ကန့်ကွက်စာ တင်ဖို့အတွက်လုပ်တယ်” ဟု ပြောကြားခဲ့သည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အများပြည်သူပိုင်ပန်းခြံ ဖြစ်သည့်အတွက် ရောင်းချခြင်းမပြုရန် ကန့်ကွက်စာကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများထံသို့ ကန့်ကွက်စာများ ပေးပို့ထားကြောင်း သိရသည်။
#Zawgyi
ဧကရီပန္းၿခံမွာ ၁၉၉၁ ခုႏွစ္တြင္ ရပ္ကြက္ေန ျပည္သူမ်ားက ကိုယ္ထူကိုယ္ထ စနစ္ျဖင့္ ေဖာ္ေဆာင္ထားသည့္ ပန္းၿခံျဖစ္ၿပီး ၂ ဒသမ ၂၂ ဧကခန႔္ က်ယ္ဝန္းသည္။
အဆိုပါပန္းၿခံအား ေရာင္းခ်မည့္ ေျမကြက္မ်ားတြင္ ပါဝင္ေနသည္ကို ေအာက္တိုဘာ ၁၃ ရက္တြင္ ‘ေ႐ႊျပည္သာၿမိဳ႕နယ္ရွိ အစိုးရ စီမံခန႔္ခြဲပိုင္ခြင့္ရွိေသာေျမ ရွာေဖြေရာင္းခ်ေရး ေကာ္မတီမွ ေရာင္းခ်ရန္ ေလွ်ာက္ထားသည့္ ေျမကြက္မ်ား’ ဟု ေျမပုံဆိုင္းဘုတ္ တပ္ဆင္မွသာ ရပ္ကြက္ေနျပည္သူမ်ား သိရွိခဲ့ျခင္းျဖစ္သည္။
ထို႔ေနာက္ ရပ္ကြက္ေနျပည္သူမ်ားက ‘ဤအမ်ားျပည္သူပိုင္ ဧကရီပန္းၿခံသည္ ၁၉၉၁ ခုႏွစ္ကတည္းက ရပ္ကြက္ျပည္သူမ်ား၏ ဘာသာေရး၊ သာသနာေရး၊ လူမႈေရး၊ အားကစားေရးရာ ကိစၥမ်ားအတြက္ အသုံးျပဳေနသည္မွာ ယခုတိုင္ျဖစ္ပါသည္။ ယခုအခါ ရန္ကုန္တိုင္းေဒသႀကီး အစိုးရမွ ေရာင္းခ်ရန္ စီစဥ္ေနျခင္းအား ရပ္ကြက္ေနျပည္သူမ်ားမွ သေဘာမတူ ကန႔္ကြက္ပါသည္’ ဟု ဆိုင္းဘုတ္ေထာင္ကာ ကန႔္ကြက္ခဲ့ေၾကာင္း သိရသည္။
ထိုအေၾကာင္းအရာနဲ႔ပတ္သက္၍ ရပ္ကြက္ေန ျပည္သူတစ္ဦးျဖစ္သူ ကိုေနလင္းက “၁၉၉၁ ခုႏွစ္မွာ ၿမိဳ႕နယ္အသီးသီးက ေျပာင္းေ႐ႊ႕ၿပီး ေနၾကတဲ့သူေတြက ပြဲလမ္းသဘင္ေတြ ဘာပဲလုပ္လုပ္ တရားပြဲ၊ လြတ္လပ္ေရးပြဲ၊ အားကစားပြဲပဲလုပ္လုပ္ ဒီပန္းၿခံထဲမွာပဲ ေ႐ႊျပည္သာၿမိဳ႕ စတည္ကတည္းက က်င္းပခဲ့ၾကတာ။ အဲဒီအခ်ိန္မွာ ရပ္ကြက္ေန ျပည္သူေတြက ကိုယ္ထူကိုယ္ထနဲ႔ ပတ္ဝန္းက်င္ ျပည္သူေတြစုၿပီး ပန္းၿခံအျဖစ္ အေကာင္အထည္ ေဖာ္ခဲ့တယ္။ တတ္ႏိုင္တဲ့ ေငြေၾကးေလးေတြနဲ႔ အခုဆို စာၾကည့္တိုက္ေလးေတာင္ ၿပီးသြားၿပီ။ ဟိုဘက္ပန္းၿခံမွာဆို မီးတိုင္ေတြထူၿပီး မီတာေတြကအစ ေလွ်ာက္ၿပီးသြားၿပီ။ ဒီပန္းၿခံမွာဆိုလည္း ပန္းၿခံနာမည္နဲ႔ မီတာကအစ က်ၿပီးသြားၿပီ။ ေရာင္းခ်မယ့္ ေျမကြက္ထဲမွာပါတယ္ ဆိုတာကို ၿမိဳ႕နယ္စည္ပင္သာယာေရး ေကာ္မတီဥကၠ႒က ျပည္သူေတြသိရွိေအာင္ အြန္လိုင္းေပၚ တင္ေပးတယ္။ အဲဒီကေန တစ္ဆင့္စကား တစ္ဆင့္ ၾကားၿပီးေတာ့ သိရတယ္။ ေနာက္ရက္က်ေတာ့ ေျမပုံဆိုင္းဘုတ္ လာေထာင္တယ္။ ပန္းၿခံကိစၥနဲ႔ ပတ္သက္ၿပီး အစည္းအေဝး ထိုင္ျဖစ္တယ္။ အားလုံးရဲ႕ သေဘာတူညီခ်က္နဲ႔ အစိုးရကို ဆန႔္က်င္တာ မဟုတ္ဘဲ ျပည္သူေတြရဲ႕ ခံစားခ်က္ကို အစိုးရသိေအာင္ ပန္းၿခံေဖာ္ေဆာင္ေနတယ္ ဆိုတာကိုလည္း တိုင္းေဒသႀကီး အစိုးရသိေအာင္ တင္ျပၾကမယ္ ဆိုၿပီးေတာ့ ဗီႏိုင္းေထာင္ၾကတယ္။ ကန႔္ကြက္စာ တင္ဖို႔အတြက္လုပ္တယ္” ဟု ေျပာၾကားခဲ့သည္။
အဆိုပါကိစၥႏွင့္ ပတ္သက္ၿပီး အမ်ားျပည္သူပိုင္ပန္းၿခံ ျဖစ္သည့္အတြက္ ေရာင္းခ်ျခင္းမျပဳရန္ ကန႔္ကြက္စာကို ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း၊ ေ႐ႊျပည္သာၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္၊ ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးမ်ားထံသို႔ ကန႔္ကြက္စာမ်ား ေပးပို႔ထားေၾကာင္း သိရသည္။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ