By Sint Sint (ShweProperty.com), Shweproperty.com
Updated at 30 March 2018
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရောင်းချပေးတဲ့ တန်ဖိုးနည်းနဲ့ တန်ဖိုးသင့်တိုက်ခန်းဝယ်ယူခွင့်လျှောက်လွှာပိတ်ရက်ကို မတ်လ ၃၀ ရက်နေ့ အထိ တိုးမြှင့်သတ်မှတ်ပေးထားတယ်လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက သိရပါတယ်။
ဝင်ငွေနည်းပြည်သူတွေနဲ့ ပုဂ္ဂလိက ဝန်ထမ်းတွေကို အများဆုံးရောင်းချပေးသွားမယ့် တိုက်ခန်းဝယ်ယူခွင့် လျှောက်လွှာပိတ်ရက်ကို တိုးမြှင့်ပေးရခြင်းမှာ လျှောက်ထားသူတွေအဆင်ပြေစေဖို့ဖြစ်ပြီး လက်ရှိမှာလျှောက်လွှာတွေကို လက်ခံဆဲဖြစ်တယ်လို့ သိရပါတယ်။
တိုက်ခန်းလျှောက်ထားသူတွေအနေနဲ့ အသက် ၂၃ နှစ်ပြည့်ရမှာဖြစ်ပြီး မိသားစု(အိမ်ထောင်စု ပုံစံ ၆၆/၆) ပါရှိရမှာဖြစ်ပါတယ်။ တိုက် ခန်း ဝယ်ယူခွင့်ကို မိသားစုတစ်စုမှာ တစ်ဦးသာလျှောက်ထားခွင့်ရမှာပါ။ မိသားစုဝင်ငွေ တစ်လ ကို ကျပ် ၃ဝဝ,ဝဝဝ ကနေ ၅ဝဝ,ဝဝဝ ကြားရှိ သူတွေက တန်ဖိုးနည်းတိုက်ခန်းလျှောက်နိုင်ပြီး မိသားစုတစ်လ ဝင်ငွေ ၅ဝဝ,ဝဝဝ ကနေ ၁၂ သိန်းကြားရှိသူတွေကတော့ တန်ဖိုးသင့် တိုက်ခန်းလျှောက်ထားနိုုင်ပါတယ်။
လက်ရှိ ရောင်းချနေတဲ့ တန်ဖိုးနည်း ၊ တန်ဖိုးသင့် တိုက်ခန်းဝယ်ယူခွင့် ရရှိသူတွေအနေနဲ့ ကုမ္မဏီ ဝန်ထမ်းဖြစ်ပါက ကနဦး ၂၅ ရာခိုင်နှု န်းပေးသွင်းရမှာဖြစ်ပြီး အစိုးရ ဝန်ထမ်းဖြစ်ပါက ကနဦး ၁၅ ရာခိုင် နှုန်းသွင်းရမှာဖြစ်ကာ ၁၅ နှစ်အရ စ်ကျပေးချေရ မှာဖြစ်တယ် လို့သိ ရပါတယ်။ ဝယ်ယူခွင့်ရရှိသူတွေအနေနဲ့ ကနဦးငွေပေးသွင်းပြီးပါ က နေထိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရောင်းချမယ့် အိမ်ရာစီမံကိန်းတွေကိုဝယ်ယူခွင့်လျှောက်ထားသူတွေအနေနဲ့ မြေ သို့မဟုတ် အိမ်ပိုင်ဆို င်မှုမရှိကြောင်းနေထိုင်တဲ့ မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ထောက်ခံချက်ပါရှိရမယ်လို့ လျှောက်လွှာမှာဖော်ပြထားပါတယ်။
တိုင်းအစိုးရအဖွဲ့က တန်ဖိုးနည်း၊ တန်ဖိုးသင့် တိုက်ခန်းပေါင်း ၈၆၂ ခန်းကိုရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
Ref & Photo Credit : Kumudra Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ