By Myanmar Builders Guide, Shweproperty.com
Updated at 23 October 2019
#Unicode
ရန်ကုန်တိုင်းအစိုးရစီမံခန့်ခွဲတဲ့မြေကွက် လျှောက်လွှာများ ကိုအောက်တိုဘာ၇ရက် မှစတင်၍ ရောင်းချခဲ့ပြီး အောက်တိုဘာ ၁၈ ရက်အထိ လျှောက်လွှာအစောင်ရေ ၇၇၈၆ ရောင်းချထားပြီးဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသန်းကပြောကြားခဲ့သည်။
လျှောက်လွှာစတင်ရောင်းချခဲ့သည့် အောက်တိုဘာ၇ရက် တွင် ပြည်သူများတိုးကြိတ်ဝယ်ယူခဲ့ခြင်းကြောင့် လုံခြုံရေးများဖြင့် ရှင်းလင်းခဲ့ရပြီး နောက်ပိုင်းရက်ပိုင်းများတွင် အဆင်ပြေခဲ့ကြောင်းကို“ စတင်ရောင်းတဲ့နေ့ကစပြီး အောက်တိုဘာ ၁၈ ရက်အထိ လျှောက်လွှာအစောင်ရေ ၇၇၈၆ စောင်ရောင်းချပြီးဖြစ်ပါတယ်။ဒီထဲကမှ ၄၆၃စောင်က ပြန်လည်စိစစ်ပြီး လျှောက်ထားပြီးပါပြီ။ ပထမဆုံးရောင်း တဲ့နေ့ကဆိုရင် လာဝယ်တဲ့သူတွေအရမ်းများတာကြောင့် လုံခြုံရေးတွေခေါ်ပြီးတော့ ဆောင်ရွက်ခဲ့ရတယ်။ ဒါပေမယ့်နောက်ပိုင်းမှာ အားလုံးပုံမှန်ဖြစ်သွားပါပြီ။အခုရက်ပိုင်းဆိုရင် တော်တော်လေးနည်းသွားပါပြီ”ဟု ဦးသန်း ကပြောသည်။
ယင်းလျှှောက်လွှာဝယ်ယူရာတွင် လျှောက်လွှာများကို တစ်ဆင့်ပြန်လည်ရောင်းချခြင်းများ၊နေရာ ရောင်းစားခြင်းဖြစ်ပေါ်နေသော်လည်း အရေးယူဆောင်ရွက်မည် မဟုတ်ကြောင်း လက်ရှိသတင်းထွက်နေသည့် ၄ဝ၊၆ဝ မြေကွက်တစ်ကွက်လျှင် သတ်မှတ်ဈေးနှုန်း ကျပ်သိန်း ၆ဝမှာ အစိုးရက သတ်မှတ်ထားသည့် ဈေးနှုန်း မဟုတ်ကြောင်း ၎င်းကပြောသည်။
ဆက်လက်၍ ဦးသန်းက“ ရန်ကုန်တိုင်းမြေယာစီမံခန့်ခွဲမှုကော်မတီက ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွက် မြို့နယ်အလိုက်သတ်မှတ် ထားတဲ့ ဈေးနှုန်းအတိုင်းရောင်းချမှာပါ။အဲ့ဒီအထဲမှာ သိန်းခြောက်ဆယ်တန် မြေကွက်ပါသလို၊ကျပ်သိန်းနှစ်ရာ၊ သုံးရာတန်မြေကွက်တွေ၊တစ်ချို့မြေကွက်တွေဆိုရင် သိန်းတစ်ထောင်လောက်တန်တဲ့မြေကွက်တွေလည်း ပါဝင်မှာဖြစ်တာကြောင့် အစိုးရက သတ်မှတ်ထားတဲ့ အတိုင်းရောင်းမှာပါ”ဟု ပြောကြားခဲ့သည်။
လျှောက်လွှာများကိုနိုဝင်ဘာ၈ရက် နောက်ဆုံးထားရောင်းချမည် ဖြစ်သော်လည်း လိုအပ်ပါက ရက်ထက်မံ တိုးကာ ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
#Zawgyi
ရန္ကုန္တိုင္းအစိုးရစီမံခန႔္ခြဲတဲ့ေျမကြက္ ေလွ်ာက္လႊာမ်ား ကိုေအာက္တိုဘာ၇ရက္ မွစတင္၍ ေရာင္းခ်ခဲ့ၿပီး ေအာက္တိုဘာ ၁၈ ရက္အထိ ေလွ်ာက္လႊာအေစာင္ေရ ၇၇၈၆ ေရာင္းခ်ထားၿပီးျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီတြဲဖက္အေထြေထြအတြင္းေရးမႉး ဦးသန္းကေျပာၾကားခဲ့သည္။
ေလွ်ာက္လႊာစတင္ေရာင္းခ်ခဲ့သည့္ ေအာက္တိုဘာ၇ရက္ တြင္ ျပည္သူမ်ားတိုးႀကိတ္ဝယ္ယူခဲ့ျခင္းေၾကာင့္ လုံၿခဳံေရးမ်ားျဖင့္ ရွင္းလင္းခဲ့ရၿပီး ေနာက္ပိုင္းရက္ပိုင္းမ်ားတြင္ အဆင္ေျပခဲ့ေၾကာင္းကို“ စတင္ေရာင္းတဲ့ေန႔ကစၿပီး ေအာက္တိုဘာ ၁၈ ရက္အထိ ေလွ်ာက္လႊာအေစာင္ေရ ၇၇၈၆ ေစာင္ေရာင္းခ်ၿပီးျဖစ္ပါတယ္။ဒီထဲကမွ ၄၆၃ေစာင္က ျပန္လည္စိစစ္ၿပီး ေလွ်ာက္ထားၿပီးပါၿပီ။ ပထမဆုံးေရာင္း တဲ့ေန႔ကဆိုရင္ လာဝယ္တဲ့သူေတြအရမ္းမ်ားတာေၾကာင့္ လုံၿခဳံေရးေတြေခၚၿပီးေတာ့ ေဆာင္႐ြက္ခဲ့ရတယ္။ ဒါေပမယ့္ေနာက္ပိုင္းမွာ အားလုံးပုံမွန္ျဖစ္သြားပါၿပီ။အခုရက္ပိုင္းဆိုရင္ ေတာ္ေတာ္ေလးနည္းသြားပါၿပီ”ဟု ဦးသန္း ကေျပာသည္။
ယင္းေလွ်ွာက္လႊာဝယ္ယူရာတြင္ ေလွ်ာက္လႊာမ်ားကို တစ္ဆင့္ျပန္လည္ေရာင္းခ်ျခင္းမ်ား၊ေနရာ ေရာင္းစားျခင္းျဖစ္ေပၚေနေသာ္လည္း အေရးယူေဆာင္႐ြက္မည္ မဟုတ္ေၾကာင္း လက္ရွိသတင္းထြက္ေနသည့္ ၄ဝ၊၆ဝ ေျမကြက္တစ္ကြက္လွ်င္ သတ္မွတ္ေဈးႏႈန္း က်ပ္သိန္း ၆ဝမွာ အစိုးရက သတ္မွတ္ထားသည့္ ေဈးႏႈန္း မဟုတ္ေၾကာင္း ၎ကေျပာသည္။
ဆက္လက္၍ ဦးသန္းက“ ရန္ကုန္တိုင္းေျမယာစီမံခန႔္ခြဲမႈေကာ္မတီက ၂ဝ၁၈-၂ဝ၁၉ ဘ႑ာႏွစ္အတြက္ ၿမိဳ႕နယ္အလိုက္သတ္မွတ္ ထားတဲ့ ေဈးႏႈန္းအတိုင္းေရာင္းခ်မွာပါ။အဲ့ဒီအထဲမွာ သိန္းေျခာက္ဆယ္တန္ ေျမကြက္ပါသလို၊က်ပ္သိန္းႏွစ္ရာ၊ သုံးရာတန္ေျမကြက္ေတြ၊တစ္ခ်ိဳ႕ေျမကြက္ေတြဆိုရင္ သိန္းတစ္ေထာင္ေလာက္တန္တဲ့ေျမကြက္ေတြလည္း ပါဝင္မွာျဖစ္တာေၾကာင့္ အစိုးရက သတ္မွတ္ထားတဲ့ အတိုင္းေရာင္းမွာပါ”ဟု ေျပာၾကားခဲ့သည္။
ေလွ်ာက္လႊာမ်ားကိုႏိုဝင္ဘာ၈ရက္ ေနာက္ဆုံးထားေရာင္းခ်မည္ ျဖစ္ေသာ္လည္း လိုအပ္ပါက ရက္ထက္မံ တိုးကာ ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္းသိရသည္။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ