By Myanmar Alinn, Shweproperty.com
Updated at 2 October 2017
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အိမ်ရာစီမံကိန်းများမှ တိုက်ခန်းများအားနိုင်ငံ့ဝန်ထမ်းများ အားအိမ်ရာချေးငွေစနစ်ဖြင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တန်ဖိုးနည်း အိမ်ရာစီမံကိန်းအဖြစ် ဒဂုံမြို့သစ်(ဆိပ်ကမ်း)တွင် ကနောင်အိမ်ရာစီမံကိန်းနှင့် လှိုင်သာယာမြို့နယ်တွင် ရွှေလင်ပန်းအပိုင်း(၂) (၃) အိမ်ရာစီမံကိန်းမှ တိုက်ခန်းများကိုလည်းကောင်း၊တန်ဖိုးသင့် အိမ်ရာစီမံကိန်းအဖြစ် လှိုင်သာယာမြို့နယ်တွင် ထီးလှိုင်ရှင်အိမ်ရာနှင့် ရွှေလင်ပန်းCommerical Area အိမ်ရာစီမံကိန်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အင်းဝအိမ်ရာနှင့်ပုလဲမွန်အိမ်ရာစီမံကိန်း၊မြောက်ဥက္ကလာပမြို့နယ်တွင်ရွှေပေါက်ကံ(၁၄)အိမ်ရာစီမံကိန်းတို့မှ တိုက်ခန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် မန ္တလေး၊ပုသိမ်၊မကွေးနှင့် မုံရွာမြို့တို့တွင်လည်း အိမ်ရာစီမံကိန်းများကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နိုင်ငံ့ ဝန်ထမ်းများအား ရောင်းချရာတွင် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်ကာ အိမ်ရာချေးငွေစနစ်ဖြင့်လည်းကောင်း၊ငွေအကျေချေစနစ်ဖြင့်လည်းကောင်းရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
အရစ်ကျ ငွေပေးချေသည့် စနစ်ဖြင့် တိုက်ခန်းများ ဝယ်ယူလိုပါက ဝယ်ယူလိုသည့် ဝန်ထမ်းများ အနေဖြင့် ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် မိမိဝယ်ယူလိုသည့် တိုက်ခန်းတန်ဖိုး၏၃ဝရာခိုင်နှုန်းကိုထည့်ဝင်ထားရမည်ဖြစ်ပြီး ကျန်သည့် ၇ဝရာခိုင်နှုန်းကို မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနထံချေးငွေလျှောက်ထားပြီး အရစ်ကျ ငွေပေးချေသည့် စနစ်ဖြင့် ဝယ်ယူနိုင်ကြောင်း သိရသည်။
တိုက်ခန်းများအား ချေးငွေလျှောက်ထားဝယ်ယူလိုပါက ညွှန်ကြားရေးမှူးချုပ်၊မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန သို့လိပ်မူပြီး လျှောက်ထားဝယ်ယူနိုင်ပြီး ချေးငွေလိုသည့် ငွေပမာဏ၊ချေးငွေရယူလိုသည့်ကာလဖော်ပြထားသော လျှောက်လွှာနှင့်အတူ ဓာတ်ပုံ သုံးပုံ၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဝယ်ယူခွင့်ရသော အကြောင်းကြားစာ၊လျှောက်ထားသူ၏မှတ်ပုံတင်မိတ္တူ၊မိသားစု အိမ်ထောင်စုစာရင်း၊ဝန်ထမ်းကတ်မိတ္တူတို့ဖြင့် လျှောက်ထားရယူနိုင်ကြောင်း သိရသည်။
ဝယ်ယူလိုသည့် နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် ယင်းဦးစီးဌာန၏ နေပြည်တော် ဖုန်း ဝ၆၇-၃၄ဝ၇၇ဝ၃ နှင့် ဝ၁-၈၃၉၂၅၂၄ တို့ကို ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
Ref & Photo Credit : Myanmar Alinn & Builder Guide
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ