By The Kumudra, Shweproperty.com
Updated at 14 October 2015
ပါမစ်အစစ်နဲ့ ဂရန်လာလျှောက်ထားရင် ဌာနက အရင်ချပေးထားတဲ့ ပါမစ်အတုနဲ့ ဂရန်ချပေးတာတွေကို ပြန်လည်ရုပ်သိမ်းမယ်လို့ သိရပါတယ်။
"စည်ပင်က သတ်မှတ်တာက ထီလက်မှတ်လိုပဲ၊ ပါမစ်လက်ထဲရှိသူသာလျှင် အပိုင်လို့ သတ်မှတ်ပြီး တကယ်လို့ အရင်က ပါမစ်အတုတွေနဲ့ ဂရန်ချထားပေးတာကို တကယ့်အစစ်သမားက လာလျှောက်ရင် အဲ့ဒီဂရန်ကို ပြန်ဖျက်ပြီး အစစ်သမားကိုပဲ ဂရန်ထုတ်ပေးမယ်"လို့ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ အတွင်းရေးမှုး ဒေါ်မို့မို့အောင်က ပြောပါတယ်။
ဒါကြောင့် အခုနောက်ပိုင်းမှာ လူနေထိုင်ခြင်း မရှိသေးတဲ့ မြို့နယ်/မြေတိုင်း ရပ်ကွက်တွေကို ပါမစ်ပျောက်နဲ့ ဂ၇န်သစ်လျှောက်ထားတွေကို ဆိုင်းငံ့ထားတယ်လို့ သိရပါတယ်။ အဲသည်မြို့နယ်တွေကတော့ ဒဂုံမြို့သစ် (အရှေ့ပိုင်း) က မြေတိုင်းရပ်ကွက် (၁၂၀၊ ၁၂၁၊ ၁၂၂၊ ၁၃၁၊ ၁၃၅၊ ၁၃၆၊ ၁၃၇၊ ၁၃၈၊ ၁၃၉၊ ၁၅၅) တို့ဖြစ်ပါတယ်။ ဒဂုံမြို့သစ် (ဆိပ်ကမ်း) က မြေတိုင်းရပ်ကွက် (၅၉၊၆၀၊ ၆၁၊ ၇၇၊ ၇၈၊ ၇၉၊ ၈၀၊ ၈၁၊ ၈၂၊ ၈၃၊ ၈၄၊ ၈၅၊ ၈၆၊ ၉၂၊ ၁၃၈၊ ၁၃၉၊ ၁၅၀၊ ၁၅၁) တို့ဖြစ်ပါတယ်။ ဒဂုံမြို့သစ် (တောင်ပိုင်း) မှာတော့ မြေတိုင်းရပ်ကွက် (၁၄၁/၂၊ ၁၄၃/၂၊ ၁၄၅၊ ၁၄၆၊ ၁၄၇၊ ၁၅၂၊ ၁၅၃၊ ၁၅၄) တို့ဖြစ်ပါတယ်။ လှိုင်သာယာမှာတော့ မြေတိုင်းရပ်ကွက် (ရလပ-၂၂၊ ရလပ-၂၃၊ ရလပ-၂၈၊ သကတ-၁၇) တို့ဖြစ်ပြီး ရွှေပြည်သာမှာတော့ မြေတိုင်းရပ်ကွက် (၁၁၊ ၁၄၊ ၄၆) တို့ဖြစ်ပါတယ်။
ဒါ့အပြင် အိမ်ခြံမြေအသင်းဝင်တွေ အနေနဲ့ ပါမစ်အတု၊ စာချုပ်စာတမ်းအတု ပြုလုပ်ပေးနေတာတွေ ရှိနေပါက အကြောင်းကြားနိုင်ပါသည်။ အသင်းဝင်ရဲ့ နံပါတ်ကိုလည်း မှတ်ထားပြီး Facebook Wall ပေါ်မှာလည်း တင်ပေးလို့ သိရပါတယ်။
ဒါဆိုရင်တော့ ၎င်းတို့ရဲ့ အသင်းသားတွေကို လိုအပ်သလို ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အိမ်ခြံမြေအသင်းမှာ ချမှတ်ထားတယ်လို့ သိရပါတယ်။
Ref : The Kumudra
Photo Credit : Art Hd
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ