By Aye Sandar, Shweproperty.com
Updated at 3 February 2021
ဂရန်အသစ်လျှောက်ထားနည်းမပြောခင်မှာ ဂရန်လောင်းအကြောင်း အနည်းငယ်ပြောပြပေးပါမယ်။ ဂရန်လောင်းရဲ့ အဓိပ္ပာယ် ... ပိုင်ဆိုင်သူက လျှောက်ထားခဲ့လျှင် “ဂရန်” ရနိုင်မည့်မြေများကို ဂရန်လောင်းများဟုခေါ်ပါသည်။ အခွန်တော် အရာရှိက ခွင့်ပြုထုတ်ပေးထားသော ပါမစ်၊ လိုင်စင်၊ စလစ် စသည့်မြေများ။ “ဂရန်မြေမှ သက်တမ်းလွန်နေခြင်း၊ စည်းကမ်းဖောက်ဖျက်ခြင်းကြောင့်ဖြစ်လာရသည့် “စကွာတာမြေ"များ။ စနစ်တကျ မြို့ကွက်ဖော်ထားသည့် မြို့ကွက်အတွင်း ကျူးလွန်သုံးစွဲထားကြသည့် စနစ်တကျ ကျူးကျော်မြေများ၊ လယ်ယာမြေမှ အခြားနည်းသုံးခွင့် ရရှိထားပြီဖြစ်သည်မြေများ၊ လယ်ယာမြေတွင် အကျုံးမဝင်သော လက်မှတ်ရှိ မြေများ၊ သမ္မတ ၏အမိန့်ကြော်ငြာ စာ ဖြင့် ထုတ်ပြန်သတ်မှတ်ထားပြီးဖြစ်သော “ရွာမြေများ" သည် “ဂရန်လျှောက်ထားခွင့်" ရှိကြပါသည်။ ဂရန်အသစ်လျှောက်ထားနည်းကိုလည်း မျှဝေပေးလိုက်ပါသည်။ လျှောက်ထားလိုသူသည် - မြန်မာ(သို့) ဧည့်နိုင်ငံသားဖြစ်ရပါမည်။ - (၁၈) နှစ်ပြည့်ပြီးစိတ်ပေါ့သွပ်သူမဖြစ်ရပါ။ - မြေကိုပိုင်ဆိုင်သည့်စာချုပ်စာတမ်း တင်ပြနိုင်ရပါမည်။ “မြေခွန်” ကြွေးကျန်ကင်းရှင်းရပါမည်။ - ဂရန်မြေအဖြစ် “ငှားရမ်းခ”ကို ပေးဆောင်နိုင်သူဖြစ်ရပါမည်။ - မိမိပိုင်ဆိုင်သော“မြေ သည်လူနေခွင့်ရှိသည့်မြေဖြစ်ရမည်။ (ဥပမာ၊ လယ်ယာမြေမဖြစ်ရ) - နိုင်ငံတော်မှအမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သတ်မှတ်ထားပြီး ဖြစ်သောရွာမြေ (သို့) - လယ်ယာမြေမှ “အခြားနည်းသုံးစွဲခွင့် ရရှိပြီးသောမြေ (သို့) - စည်ပင်သာယာရေးကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ (သို့) - စည်ပင်သာယာရေးကော်မတီ အမည်ပေါက်ရရှိပြီးသောမြေ (သို့) - စည်းကမ်းဖြင့်ယာယီသုံးစွဲခွင့်ရသော “လိုင်စင်မြေ" (သို့) - စည်းကမ်းဖြင့်ဆောက်လုပ်နေထိုင်ခွင့်ရသော “ ပါမစ်မြေ" (သို့) - ဂရန်သက်တမ်းကုန်/ စည်းကမ်းဖောက်ခဲ့သည့် “စကွာတာမြေ" (သို့) - လူနေရပ်ကွက်အတွင်း “စနစ်တကျကျူးလွန်ခြင်းမြေ" (သို့) - ဂရန်ချထားပေးရန် “စီမံချက်ရှိပြီးမြေ” တို့အနက် တစ်ခုခုဖြစ်ရပါမည်။ ဂရန်မြေအရေးကြီးပုံအကြောင်းကို လေ့လာတင်ပြပါမည်။ နေထိုင်ဖို့ရာ “မြေ ဝယ်မယ်ဆိုလျှင်“ဂရန်” ရှိပြီးသားမြေကိုသာ ဝယ်ရမည်။ သို့မဟုတ် “ဂရန်” လျှောက်ထားလို့ ရနိုင်မည့် မြေမျိုးကိုဝယ်သင့်သည်။ ဥပမာ“ပါမစ်မြေ" “ဂရန်” ရှိသောမြေကိုပိုင်ဆိုင်မှသာလျှင် “၆ထပ်ခွဲ” နှင့် အထက်မြင့်သော တိုက်တို့ကို ဆောက်လုပ်ခွင့်ရကြမည်ဖြစ်သည်။ တိုက်ခန်းဝယ်ပြီး နေလျှင်လည်း ထိုတိုက်ခန်းတည်ရှိတဲ့ “မြေ” ကို ပိုင်တဲ့ “ဂရန်ပိုင်ရှင်” လက်မှတ်ရရေးက အရေးအကြီးဆုံးဖြစ်သည်။ သင်ရဲ့မြေကွက်က “ဂရန်အမည်ပေါက်” ဆိုရင် ဘဏ်မှာ ပေါင်နှံခွင့်ရှိသည်။ ဂရန် မြေကိုဝယ်လျှင်တော့ မှတ်ပုံတင် စာချုပ်စာတမ်းနဲ့ ဝယ်မှသာ တရားဝင် အမည်ပေါက် ပိုင်ဆိုင်မှာပါ။ “ဂရန်အမည်ပေါက်”မြေ ၁။ ဂရန်စာချုပ်ပျောက်လျှင် ၂။ ပျက်စီးခဲ့လျှင် ၃။ သက်တမ်းကုန်လျှင် ပြန်လည်လျှောက်ထားရယူနိုင်ပါသည်။ ၄။ ဂရန် သက်တမ်းမကုန်ဆုံးသေးတဲ့ သင့်မြေကွက်ကို ဂရန်ခွဲစိပ်လိုလျှင် အနည်းဆုံး ၂၀ ပေ x ၆၀ ပေခွဲရပါမည်။ အနည်းဆုံး ၂၀ ပေ × ၆၀ ပေကျန်ခဲ့ပါမည်။ တရားဝင် ခွဲရောင်းလို့လဲရသည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။ ဂရန်မြေ၏ ပိုင်ရှင် “မရှိ”လဲ မှတ်ပုံတင် နိုင်ပါသည်။ “မရှိသူ”ကို တရားစွဲပါမည်။ ပစ္စည်းလွှဲ - ၅၅(၁) (ဃ) အရ မှတ်ပုံတင်စာချုပ်ချုပ်ပေးစေလိုမှုဖြင့် “မရှိသူ”ကိုတရားစွဲပါမည်။ “မရှိသူ”မလာတော့ မိမိသာနိုင်ပြီဖြစ်သည်၊ တစ်ဖက်သတ် စစ်ဆေးခြင်း ဟုလည်းခေါ်ဆိုနိုင်ပါသည်။ အနိုင်ဒီကရီသည် ”စာရွက်”သာ ဖြစ်နေပါသည်။ “စာရွက်” သည် အလုပ်မလုပ်နိုင်ပါ၊ “လူ” ဖြစ်လာဖို့လိုပါသည်။ ထို့ကြောင့် “ဇာရီမှု” ဖွင့်မှ “လူ” ဖြစ်လာပါမည်။ ထိုသို့ဖွင့်လိုက်သော “ဇာရီမူ” အရ “တရားရှုံး၊ ဂရန်ပိုင်ရှင်” ကိုယ်စား လူ (၁)ဦး ခန့်ခွင့်ရပါပြီ။ “မရှိသူ” ကိုယ်စား ဘိလစ်စာရေးကြီးကို ခန့်ထားပါသည်။ တရားရုံးမှ “ဘိလစ်စာရေးကြီး” အား ခန့်လေ့ ရှိကြသောကြောင့် ဖြစ်ပါ သည်။ “ဂရန်ပိုင်ရှင်” အစားရလာပါပြီ။ ဘိလစ် စာရေးကြီးက အကုန်လုပ်ရပါတော့မည်၊ “မရှိသူ” ဂရန်ပိုင်ရှင် ကိုယ်စား ”ဘိလစ်စာရေးကြီး” ကမြေပုံထုတ်ခြင်း၊ ရာဖြတ်တင်ခြင်းမှစ၍ လိုအပ်သည်များကိုဆောင်ရွက်နိုင်ပြီး နောက်ဆုံးတွင်စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် “မရှိသူ” ဂရန်ပိုင်ရှင် (ကိုယ်စား) လက်မှတ်ရေးထိုး စာချုပ် ချုပ်ဆို ပေးပါလိမ့်မည်။ ဤတွင်လုပ်ငန်းပြီးဆုံးသွားပါသည်။ ( ကြည်စိုး IC ပို့ချချက်များမှ ဆရာဦးမျိုးမင်းထွန်း ပြင်ဆင်ရေးသားသော အကြောင်းအရာများဖြစ်ပါသည် ) ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ လယ်ယာမြေ တရားဝင်ရောင်းချနည်း မြေအမျိုးအစား ခွဲခြားနည်း ဂရန်မြေလျှောက်ရင် အချိန်ကြာတယ်ဆိုတာ ဟုတ်ရဲ့လား ပုံစံ ၁၀၅ ၁၀၆ ရှိရုံနဲ့ မြေပိုင်ဆိုင်နိုင်ပြီလား Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ