By Wut Yee Htun (Shweproperty.com), Shweproperty.com
Updated at 18 July 2017
မြန်မာပြည်ရဲ့ မြို့တော်အဖြစ် နှစ်ပေါင်းအတော်ကြာရပ်တည်ခဲ့တဲ့ ရန်ကုန်မြို့ပြရဲ့ ရင်ခွင်ထဲမှာအလွှာပေါင်း စုံကလူတန်းစားမျိုးစုံ ဟာနေ့တဓူဝ ရုန်းကန်လှုပ်ရှားနေကြပါတယ်။မိုးလင်းမိုးချုပ်တစ်နေ့တာအလုပ်ချိန်အပြီးမှာဇိမ်ခံကားပေါ်ကအထက်တန်းလွှာလူတန်းစားတွေ အပါအဝင် ထမင်းချိုင့် ဆွဲ YBS လိုင်းကားတိုးစီးရတဲ့ အခြေခံလူတန်းစားတွေအားလုံးဟာအိမ်ပြန်ချိန်“အိမ်”ဆိုတဲ့ နားခိုရာသို့ ဦးတည်နေဆဲပါပဲ။
နားခိုရာဆိုတာတစ်နေ့တာပင်ပန်းနွမ်းနယ်မှုတွေကိုဆေးကြောပစ်ဖို့လုံခြုံတဲ့ပတ်ဝန်းကျင်တစ်ခုမှာတည်ဆောက်ထားတဲ့ အိမ်ကလေးတစ်လုံး ကို ဆိုလိုတာ ပဲဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ တိုးတက်မှုအမြင့်မားဆုံးနဲ့ လူဦးရေအများဆုံးရန်ကုန်မြို့ရဲ့ တိုက်ခန်းတစ်ခန်းကို ပိုင်ဆိုင်ခွင့်ရဖို့ဆို တာအခြေခံ လူတန်း စားတွေအတွက်တော့ ခက်ခဲလှပါတယ်။ ဒါတွေကိုဖြေရှင်းပေးဖို့ နည်းလမ်းတွေထဲကတစ်ခုကတော့ - လူတိုင်းအိမ်ရာပိုင်ဆိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Modernized Apartment တွေကိုတည်ဆောက်ပေးနေတဲ့ Sun MyatTun Construction ရဲ့ အိမ်ရာတွေပဲဖြစ်ပါတယ်။
ဆောက်လုပ်ရေးကဏ္ဍမှာစံပြအိမ်ခြံမြေလုပ်ငန်းတစ်ခုအနေနဲ့ရပ်တည်ချင်တဲ့ Sun MyatTun (SMT Group) ဆောက်လုပ်ရေးဟာထူးခြားတဲ့ အစီအစဉ်တွေနဲ့အတူအိမ်ရာတွေကိုအကောင်းဆုံးငွေပေးချေမှု ပုံစံတွေနဲ့ ဝယ်ယူနိုင်ဖို့ အကောင်အထည်ဖော်နေပါတယ်။ “ သွားရေးလာရေး၊ နေထိုင်ရေးအဆင်ပြေမယ့် ရန်ကုန်မြို့တွင်း (၆)မြို့နယ်မှာ SMT Group က တိုက်ခန်းတွေ တည်ဆောက်ပေးနေတယ်။ ဒီမြို့နယ်တွေနဲ့ဆက်စပ် တဲ့ နေရာတွေမှာလည်းဆောက်လုပ်မယ့် စီမံကိန်းတွေ ရှိတယ်။ ဒါ့အပြင် Customer Demand ရှိတဲ့ မြို့နယ်တွေမှာ လည်းမြေနေရာများ သွားရောက်ရှာဖွေပြီးစီမံကိန်းများကိုအကောင်ထည်ဖော်ဖို့ အစီစည်များလည်းရှိပါတယ်။ဝင်ငွေတစ်ခုရှိတဲ့သူတွေ အကုန်လုံးလက်လှမ်းမှီနိုင်တဲ့ ဈေးနှုန်းတွေနဲ့ ဆောက်လုပ်ပေးနေတယ်” လို့ SMT Groupရဲ့ Sales Manager ကိုခွန်စစ်သွေးဟိန်းကပြောပြပါတယ်။
မြို့ပြရဲ့ ဖွံ့ဖြိုးတိုးတက်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ပညာရေးအခွင့်အလမ်းတွေကြောင့် တစ်နယ်တစ်ကျေး ကနေရန်ကုန်မြို့တော် ဆီကိုလာရောက် အလုပ်လုပ်ရတဲ့သူတွေဟာနေထိုင်ရေးကိစ္စ အဆင်ပြေဖို့ ခက်ခဲနေဆဲပါပဲ။ “ဖွံ့ဖြိုးဆဲနိုင်ငံဆိုတော့ မြန်မာပြည်မှာရှိတဲ့ သူတွေတော်တော် များများက စားဝတ်နေရေးကို ရုန်းကန်နေရတယ်။ စားဝတ်နေရေး သုံးချက်မှာနေရေးက တကယ်အရေးကြီးတယ်။နေထိုင်မှု ကအရမ်းအရေးကြီးတယ်။ အဲ့ဒီလိုအပ်ချက်ကိုအဓိက ဖြည့်ဆည်းပေးတယ်။ဒါကိုSMT Group က ဖြည့်ဆည်းပေးတယ်။” လို့ ကိုခွန်စစ်သွေးဟိန်းက ဆက်လက်ပြောပြ ပါတယ်။
SMT Groupဆောက်လုပ်ရေးဟာသူတို့ရဲ့တိုက်ခန်းတွေကိုနိုင်ငံတကာအဆင့်မှီနည်းပညာနဲ့တည်ဆောက်ထားပါတယ်။လုံခြုံစိတ်ချပြီး နွေးထွေးမှုအပြည့်အဝရစေမယ့်လူနေမှုဘဝတစ်ခုဖန်တီးပေးဖို့ရည်ရွယ်ထားပါတယ်။ SMT Group ရဲ့အထူးခြားဆုံး အချက်ကတော့ဈေးနှုန်းပဲဖြစ် ပါတယ်။ဈေးနှုန်းအနေနဲ့ကျပ်သိန်း (၁၈၀) ကနေစတင်တဲ့ အိမ်ရာတွေကိုဆောက် လုပ်ရောင်းချပေးနေတာ ပဲဖြစ်ပါတယ်။ သင့်တင့်တဲ့ဈေးနှုန်း နဲ့ခေတ်မှီတဲ့တိုက်ခန်း (Modernized Apartments) တွေကိုစီစဉ်ရောင်းချပေးနေပါတယ်။
လူတန်းစားမရွေးအိမ်ပိုင်ဆိုင်နိုင်ဖို့ Shwe Property က ရည်ရွယ်ပြီးတန်ဖိုးသင့်အိမ်ရာအရောင်းပြပွဲကိုဇူလိုင်လ (၂၈)ရက်ကနေ (၃၀)ရက်နေ့ထိလှည်းတန်းစင်တာမှာကျင်းပသွားမှာပါ။ ဒီပြပွဲမှာ SMT ဆောက်လုပ်ရေးဟာလည်းအထူးသက်သာတဲ့ ငွေပေးချေမှုပုံစံတွေနဲ့ ပါဝင်ရောင်းချသွားမှာပါ။
“တစ်ပွဲနဲ့တစ်ပွဲမတူညီတဲ့ငွေချေမှုပုံစံတွေနဲ့အမြဲတမ်းစီစဉ်ပေးပါတယ်။ဒီလာမယ့် ပြပွဲမှာလည်းပိုပြီးသက် သာကောင်းမွန် တဲ့ငွေပေးချေမှုပုံစံတစ်ခု စီစဉ်ပေးထားပါတယ်။ဈေးနှုန်းကိုလည်းသိန်း(၁၈၀)ကနေ (၅၀၀)ကြား မြို့နယ်စုံမှာရှိတဲ့တိုက်ခန်းတွေကိုအဓိကရောင်းချပေးမှာပါ။ ဒါ့အပြင် လိုချင်တဲ့ မြို့နယ်တွေနဲ့ ပြန်လည်ချိတ် ဆက်ပေးပြီးအဆင်ပြေအောင် စီစဉ်ပေးသွားမှာဖြစ်တယ်”လို့Sales Manager ကိုခွန်စစ်သွေးဟိန်းက ပြောပါတယ်။
SMT ဆောက်လုပ်ရေးကအကောင်အထည်ဖော်တဲ့ တိုက်ခန်းတွေကိုအရည်အသွေးပိုင်းမှာတိကျတူညီတဲ့ စံနှုန်းတစ်ခု သတ်မှတ်ပြီး တည်ဆောက်ပေးနေတာပဲဖြစ်ပါတယ်။ ပရောဂျက်ပိုင်းမှာလည်းသုံးစွဲတဲ့ ပစ္စည်းတစ်ခုချင်းစီအလိုက် နာမည်ကြီး Brand ပစ္စည်းတွေ အသုံးပြု ထားပါတယ်။ အရည်အသွေးပိုင်းကိုအဓိကထားတဲ့ SMT Groupရဲ့ တိုက်ခန်းတွေကိုနည်းစနစ်ကျတဲ့ စိစစ်မှုတွေနဲ့ အတူအရည်အသွေး ထိန်းသိမ်းရေးအဖွဲ့ကို ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းထားပြီးအဆင့်တဆင့်ချင်းစီစိစစ်ပြီးတည်ဆောက်ပေးနေတာပဲဖြစ်ပါတယ်။
တိုးတက်နေတဲ့ ရန်ကုန်မြို့တော်ကြီးမှာအိမ်ကလေးတစ်လုံးပိုင်ဆိုင်ခွင့်ရဖို့ စိတ်ညစ်နေတဲ့သူတွေ၊အိမ်တစ်လုံးဝယ်ဖို့အတွက် ယုံကြည်မှုပျောက် ဆုံးနေတဲ့သူတွေ၊ငွေကြေးအလုံးအရင်းနဲ့ ပေးချေဖို့ အခက်အခဲရှိတဲ့သူတွေအနေနဲ့ SMT Groupကနေပြီးတော့ စိတ်ချယုံကြည်ရပြီး ခိုင်မာမှုအပြည့် ရှိတဲ့ KBZ Bank နဲ့ချိတ်ဆက်ဝန်ဆောင်မှုပေးနေတဲ့ အသက်သာဆုံးငွေပေးချေမှုပုံစံသစ်တွေကိုအမိအရစုပ်ကိုင်နိုင်ဖို့ SMTနဲ့ ချိတ်ဆက်ပြီး အိမ်လေးတစ်လုံးပိုင်ဆိုင်နိုင်ပါပြီ။
Written By : Wut Yee Htun (Shweproperty.com)
Posted By : Wai Phyoe (Shweproperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ