By 7daydaily, Shweproperty.com
Updated at 20 May 2019
ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းတွင် တည်ဆောက်မည့် ECO Green City ကို ယခင်စာချုပ်အတိုင်း ပြောင်းလဲမှုမရှိဘဲ လုပ်ငန်းများ စတင်အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောသည်။
စီမံကိန်းကို ဆောက်လုပ် ရေးဝန်ကြီးဌာနနှင့် Alliance Star Group of Companies တို့ အကျိုးတူပူးပေါင်းဆောင်ရွက်မည်ဖြစ် ပြီး အစိုးရဘက်က ရှယ်ယာ ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းရနိုင် သည်ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနက ထုတ်ပြန်ထား သည်။
အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ နေပြည်တော်ရှိ ပြန်ကြားရေးဝန် ကြီးဌာနတွင် မေလ ၁၇ ရက်က ပြုလုပ်သော အစိုးရတတိယနှစ် အတွင်း ဆောင်ရွက်မှုများ ဆိုင်ရာ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
‘‘ကုမ္ပဏီအနေနဲ့ ကျွန်တော် တို့ဌာနအတွက် တည်ဆောက် ပေးရမယ့် တန်ဖိုးနည်းအိမ်ရာ တွေကို စတင်ပြီးတော့ အကောင် အထည်ဖော်ဆောင်ရွက်နေပြီ’’ ဟု ဦးမင်းထိန်က ပြောသည်။
ယခင်အစိုးရလက်ထက်က အကောင်အထည်ဖော်ဆောင် ရွက်မည့် ကုမ္ပဏီဖြင့်သာ ဆောင် ရွက်မည်ဖြစ်ပြီး စာချုပ်အချက်အ လက်များ ပြောင်းလဲမှုမရှိကြောင်း ၎င်းက ရှင်းပြသည်။
‘‘အရင်အတိုင်းပဲ၊ ဆောက် မယ့်ဧရိယာက ၁,၄၅၀ ဧကပဲ၊ ပြောင်းလဲမှုမရှိပါဘူး။ အရင်အ တိုင်းပဲ ဆက်အကောင်အထည် ဖော်တာ’’ဟု ဦးမင်းထိန်က ဆို သည်။
ECO Green City အိမ်ရာ စီမံကိန်းသည် ရန်ကုန်တိုင်းအ တွင်း ပထမဆုံးဆောင်ရွက်မည့် မြို့သစ်စီမံကိန်းနှင့် သက်ဆိုင် သော စီမံကိန်းဖြစ်သည်။တိုင်းအစိုးရနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက ၂၀၁၇ ဒီဇင်ဘာလကုန်တွင် စီမံကိန်း ပန္နက်တင် အခမ်းအနား ပြုလုပ်ခဲ့သည်။
Ref & Photo Credit :7daydaily
Posted By : Witt Yee (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ