By 7daydaily, Shweproperty.com
Updated at 22 January 2016
စည်ပင်မှ ဆောက်လုပ် ခွင့်ကျပြီး လုပ်ငန်းခွင်ရှေ့တွင်ဆိုင်း ဘုတ်တင်ထားမှုသည် ကြိုပွိုင့် တိုက်ခန်းများ ဝယ်ယူနိုင်ရေးအ တွက် ပြည့်စုံလုံလောက်သည့်အာမခံချက် မပေးနိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများက ပြောသည်။
‘‘စည်ပင် ဆောက်လုပ်ခွင့် ဆိုင်းဘုတ် အစိမ်းထောင်ပြီး ဆောက်လုပ်ခြင်းက တရားဝင် ဆောက်လုပ်ခြင်းဖြစ်တာကို ပဲ အာမခံနိုင်တာပါ။ ဆိုင်းဘုတ် အစိမ်းမှာပါတဲ့ အချက်အလက်တွေကတော့ ဖြစ်ပေါ်လာမယ့် အ ဆောက်အအုံအမျိုးအစားကို စစ်ဆေးကြည့်ရှုနိုင်ပေမယ့် ကြိုပွိုင့်ဝယ်ယူရေးအတွက် ပြည့်စုံနိုင် လောက်တဲ့ အာမခံချက်မပေးနိုင် ပါဘူး’’ ဟု အိမ်ခြံမြေ အရောင်း အဝယ်ဆိုင်ရာ တရားလွှတ်တော် ရှေ့နေ ဦးတင်မောင်ကြီးကပြော ကြားသည်။
ကြိုပွိုင့်တိုက်ခန်း ဝယ်ယူ မည်ဆိုပါက ချုပ်ဆိုမည့် စာချုပ် ပါ အချက်အလက်၊ မြေပိုင်ဆိုင်မှု၊ မြေရှင်အသိအမှတ်ပြုချက်များ၊ တာဝန်ခံဆောက်လုပ်မည့် အဖွဲ့ အစည်းအကြောင်းအရာတို့ကို လေ့လာသိရှိထားရန် လိုအပ်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထို့အပြင် ဆောက်လုပ်ပြီးစီး မည့် အချိန်ကာလ၊ အမျိုးအစား နှင့် ဆောက်လုပ်ရေးကုမ္ပဏီ အ ခြေအနေများကိုပါ သိရှိထားရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။
လက်ရှိတွင် မြေရှင်နှင့် ကန် ထရိုက်တာများအကြားသတ်မှတ် ကာလအတွင်း မတည်ဆောက် နိုင်သဖြင့် စာချုပ်ပါဖောက်ဖျက်မှု နှင့် တရားစွဲဆိုမှုများ မြင့်တက် နေခြင်းကြောင့် ကြိုပွိုင့်တိုက်ခန်း ဝယ်ယူလိုသူများအနေဖြင့် သတိ ပြုရမည့် အချိန်ဖြစ်ကြောင်းရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာနှင့် အ ဆောက်အအုံဌာနက သတိပေးထားသည်။
ကြိုပွိုင့်တိုက်ခန်းများဝယ်ယူ လိုသူအနေဖြင့် ဆောက်လုပ်မည့် ဆောက်လုပ်ရေး လုပ်ငန်းရှင် သည် လိုင်စင်ရကန်ထရိုက်တာ ဖြစ်၊ မဖြစ် စည်ပင်တွင်စုံစမ်းသင့် ပြီး ၎င်းဆောက်လုပ်ရေး လုပ်ငန်းရှင်က ယခင် တည်ဆောက် ရောင်းချခဲ့သည့် အခန်းများ၏ အ ရောင်းအဝယ် အခြေအနေကို လည်း စုံစမ်းသင့်ကြောင်း မြမြင့် မိုရ်ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးမြင့်မိုရ်ကပြောသည်။
‘‘ကြိုပွိုင့်ဝယ်တဲ့သူ ပမာဏ လျော့သွားလို့ ရပ်ကွက်ထဲက ကန်ထရိုက်တာလေးတွေရပ်ကုန် တော့ မြေရှင်နဲ့ တရားစွဲတာတွေ ဘာတွေတော့ ခဏခဏ ဖြစ်နေ တာကြာပြီ’’ဟု ၎င်းကဆိုသည်။
အထူးသဖြင့် ၂၀၁၅ တွင် ကြိုပွိုင့်တိုက်ခန်းများ အရောင်း အဝယ်ကျဆင်းခြင်းကြောင့် ရပ် ကွက်အတွင်း တရားမဝင်စည်ပင် ကို ဒဏ်ကြေးပေး တည်ဆောက် သူများ သိသာစွာ လျော့ကျလာ ကြောင်း ၎င်းကပြောသည်။
ကန်ထရိုက်တာအများစုတွင် ကြိုပွိုင့်တိုက်ခန်းများ အရောင်း အဝယ်သည် ၂၀၁၅ အတွင်းသိသာစွာ လျော့နည်းလာခြင်းကြောင့် ဈေးကွက် ပျက်လုနီးပါး ရင်ဆိုင်နေရသည်။
အရောင်းအဝယ် ကျဆင်း သွားသော်လည်း တိုက်ခန်းဈေး နှုန်းများ ကျဆင်းခြင်းမရှိဘဲ ကြို ပွိုင့်ဈေးကွက်မှာ အစိုးရသစ်လက်ထက်၌ ပြန်လည်ကောင်းမွန်လာနိုင်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်အချို့က သုံးသပ်ထားသည်။
Ref : 7daydaily
Photo Credit : Social
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ