By Messeger, Shweproperty.com
Updated at 27 November 2015
ရန်ကုန်မြို့တွင် အဆောက်အအုံများ တည်ဆောက်ပါက စိမ်းလန်းမြေ ဧရိယာ (၂၀)ရာခိုင်နှုန်း ထည့်သွင်း တည်ဆောက် ရန် အဆိုပြုထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြနှင့် မြေရာစီမံခန့်ခွဲရေးဌာနမှ သိရသည်။
“အခုဆိုစိမ်းလန်းမြေ ဧရိယာတွေ တိုးလားတယ်ဆိုပေမဲ့ သိပ်မရှိဘူး။ အဓိက ပတ်ဝန်းကျင် စိမ်းလန်းဆိုပြေစေဖို့ အတွက် စိမ်းလန်းမြေ ဧရိယာကို (၂၀)ရာခိုင်နှုန်းထိ ထားရှိဖို့ အကြုံပြုထားတယ်”ဟု အထက်ပါဌာနမှ ဒုတိယ ဌာနမှူးဦးတိုးအောင်က ပြောသည်။
လက်ရှိအဆောက်အအုံသစ်များ တည်ဆောက်ရာပါ စိမ်းလန်းမြေဧရိယာ ခုနစ်ခိုင်နှုန်းခန့်သာ ထည့်သွင်းထားခြင်းကြောင့် စိမ်းလန်းမြေဧရိယာများ နည်းပါးနေသေးကြောင်း သိရသည်။
ထိုကြောင့် နောင်တွင် အဆောက်အအုံ ဆောက်လုပ်ပါက စိမ်းလန်းမြေဧရိယာ (၂၀)ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်ရန် တင်ပြထားခြင်း ဖြစ်ပြီး။ ယင်းသို့သတ်မှတ်ပါက သဘာဝပတ်ဝန်းကျင် ကောင်းမွန်ရေး အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း သိရသည်။
“စိမ်းလန်းမြေ နည်းလာရင် မြေအောက်ရေတွေ ခန်းခြောက်ပြီး၊ ရာသီဥတုတွေ ဖောက်ပြန်လာနိုင်တယ်။ ဒါကြောင့် စိမ်းလန်းမြေများမှ ရာသီဥတုကို ထိန်းကျောင်းပေးနိုင်မှာ ဖြစ်တဲ့အတွက် ဒါတွေကို လိုအပ်တယ်လေ”ဟု သဘာ၀ ပတ်ဝန်းကျင်ပညာရှင် ဒေါ်ဒေဝီသန့်ဇင်က ပြောသည်။
“အဆိုပါ စိမ်းလန်းမြေဧရိယာ တိုးမြှင့်သတ်မှတ်နိုင်ရေးကို လက်ရှိရေးဆွဲနေသည့် Zone Plan တွင် ထည့်သွင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး။ ယင်း Zone Plan အား လာမည့် အစိုးရသစ်လက်ထက် အတွင်း ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့ပြဖွံ့ဖြိုးရေးနှင့် မြေနေရာ စီမံခန့်ခွဲရေးဌာနမှ သိရသည်။
Ref : Messenger
Photo Credit : Bangkok Scoop
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ