By Sint Sint, Shweproperty.com
Updated at 3 March 2020
အိမ်၏ခေါင်းရင်းနေအိမ်သည် မိမိ အိမ်ထက်မြင့်မည် ခြေရင်းအိမ်သည်လည်း မိမိအိမ်ထက်မြင့်ပါက ကိုယ်နေသောအိမ်သည် အမိုးနိမ့်နေလျှင် အိမ်ပုခက်ဟုခေါ်သည် ။ နေသောမိသားစုသည် စီးပွားတက်၏ ။
ကိုယ့်အိမ်ခေါင်းရင်းအိမ်က အမိုးနိ မ့်မည် ။ ကိုယ့်အိမ်ခြေရင်းကလဲ အမိုးနိမ့်မည် ကိုယ့်အိမ်က အလယ်မှ အမိုးမြင့်မားနေပါက အိမ်မြင့်မိုရ်ဟုခေါ်သည် ။
လူကြီးမိဘတို့ကို ခေါင်းရင်းဘက် ထား၍ ပြူ စုလုပ်ကျွေးအား သဒ္ဓါပြည့်ကအထူးကောင်းမွန်၏ ။
ကိုယ့်အိမ်၏ခေါင်းရင်းကမြင့်မည် ။ ကိုယ့်အိမ် ၏ ခြေရင်းက ကိုယ့်အိမ်ထက်နိမ့်နေပါက အိမ်တောင်တန်း ဟုခေါ်သည် ။ တစ်စိမ့်စိမ့်စီးပွားဖြစ်၏ ။
ကိုယ့်အိမ်၏ခေါင်းရင်းကနိမ့်၍ ကိုယ့်အိမ်၏ ခြေရင်း အိမ်က မြင့်နေပါက စီးပွားအသည်းအသန်ရှာရတတ်သည်။ ရေဆန်အိမ် ဟုခေါ်သည်။ ရှေးလူကြီးများက မဝယ်သင့်ဟုဆိုကြ၏ ။
ကိုယ့်အိမ်၏ ခေါင်းရင်းနားတွင် မီးဖိုအကြီးကြီးဖြင့် စီးပွားရှာသော အိမ်ရှိနေပါက ထိုအိမ်ကိုဘုရားဆောင်ရွှေ့ခြင်းသို့မဟုတ် အိမ် အမိုးထပ်မြှင့်ခြင်းပြု အပ်၏။ မကျန်းမမာဖြစ်တတ်၏ ။ ဦးခေါင်း အပူတိုက်ဟုခေါ်ကြသည် ။ သတိထားအပ်၏ ။
ကိုယ့်အိမ်၏ ဘေးဘယ်ညာအိမ်တို့မှဆူညံစကား ပြင်းသော အသံချဲ့စက်ဆောင်းဘောက်စ်အသံ အဆဲအဆိုနူတ်ကြမ်းတမ်းခြင်းပြု လုပ်နေပါက ထိုအိမ်သည် နတ်ဆိုးလှည်းအိမ်ဟုခေါ်သည် ။ အမင်္ဂလာအသံကြားတွင်ညပ်နေ၍ဖြစ်၏ ။ မေတ္တသုတ် မပြတ်သရဇ္ဈယ်အပ်၏ ။
အလွန်စပ်စပ်စုစုနိူင်သော အိမ်နီး ပါးချင်း ငွေအချေးအငှားအလွန်ပက်စက်၍ပြန်ဆပ်လျှင် လက်အလွန်ခက်သောသူတို့နှင့်နေထိုင်ရပါက မရှိပါဟူသော စကားကို လိမ်ညာပြောတတ်ရ၍ သီလ မလုံသောကံကို စီရင်ဖန်တီးမိနေတတ်၍ အလိမ္မာဖြင့် ဝစီကံထိမ်းထိမ်းသိမ်းသိမ်း သတိထား ပြောရတတ်၏။ဝစီဗေဒထိတိုင်းရှ ဟူသည်နှင့်အညီ ကိုယ်ပါ ဆင်းရဲနွမ်းပါးလာတတ်၏ ။
Ref : Bwaydoke
Photo Credit : Thukhuma
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ