By The Kumudra, Shweproperty.com
Updated at 16 February 2016
အတည်ပြုထားတဲ့ ကွန်ဒိုဥပဒေကြောင့် ကွန်ဒိုတိုက်ခန်းတွေနဲ့ အဆင့်မြင့်တိုက်ခန်းအချို့ကို အခန်းတန်ဖိုးတစ်ဝက်ပေးပြီး ကျန်တဲ့ငွေကို အရစ်ကျရောင်းချမှုတွေ ဈေးကွက်ထဲမှာ ရှိလာတယ်လို့ သိရပါတယ်။
သည်လိုရောင်းချမှုရှိတဲ့ ကန်ထရိုက်တာတွေ ရှိသလို ဝယ်ယူထားသူတွေကပါ အခုလို အရစ်ကျပုံစံ ပြန်လည်ရောင်းချနေကြတာပါ။ တချို့က တစ်နှစ် တစ်နှစ်ခွဲနဲ့ ခြောက်လအတွင်း ငွေအကြေချေရမှာ ဖြစ်ပါတယ်။ ငွေတစ်ဝက်ပေးပြီး တက်နေလို့ရတယ် စတဲ့ပုံစံတွေနဲ့ ဈေးကွက်အတွင်းမှာ ဝယ်သူစိတ်ဝင်စားအောင် ရောင်းချလာတယ်လို့ ပြောပါတယ်။
ကျောက်တံတားမြို့နယ်ရှိ အကျိုးဆောင် ဦးအောင်ကျော်က "အရစ်ကျကို တိုက်ခန်တွေလောက်ပဲ ရောင်းတာများတယ်၊ ကွန်ဒိုတွေကတော့ ပြန်ရောင်းတာမျိုးမရှိဘူး၊ အခုမှ ကွန်ဒိုတွေကိုပါ ရောင်းလာတာ၊ ကွန်ဒိုဥပဒေကြောင့်နဲ့လည်း သက်ဆိုင်နိုင်ပါတယ်"လို့ ပြောပါတယ်။
ကွန်ဒိုဥပဒေအတည်ပြုပြီးနောက်မှာ တချို့ ကွန်ဒိုအမည်ခံ အဆင့်မြင့်တိုက်ခန်းတွေ (ဓါတ်လှေခါးပါ) ကို ပြန်ရောင်းထုတ်ကြတာ ဖြစ်ပါတယ်။ ဥပမာ အခန်းက သိန်း (၅၀၀) တန်ကို ငွေသိန်း (၂၅၀) အရင်သွင်းရတယ်။ ပြင်ဆင်ပေးထားပြီး စာချုပ်ချုပ်ဆိုပြီး ဝယ်တဲံနေ့မှာ ပေးရတာဖြစ်ပါတယ်။ ကျန်တဲ့ သိန်း (၂၅၀) ကို အရစ်ကျငွေပေးချေစနစ်နဲ့ ချေရတာမျိုးပါ။
ဈေးကွက်ထဲမှာ အရောင်းအဝယ်ဈေးကွက် အေးနေတာကြောင့် အခုလိုပုံစုံပြောင်းရောင်းချနေကြတာ ဖြစ်တယ်။ တချို့က တိုက်ခန်းကိုပဲ အရစ်ကျငွေပေးလို့ရပြီး ဈေးကိုရော အရစ်ကျသွင်းမယ့် အချိန်အတိုင်းအတာကိုပါ ညှိုနှိုင်းပြီး ဝယ်လို့ရတဲ့အထိ ဈေးကွက်အထဲမှာ လျှော့ဈေးနဲ့ ရောင်းထုတ်ကြတာ ဖြစ်ပါတယ်။
တချို့ဈေးကွက်ထဲမှာ ဈေးလျှော့ရောင်းတာတွေက ခွင့်ပြုချက်မဲ့တွေ၊ စည်းကမ်းချက်နဲ့ မကိုက်ညီတဲ့အခန်းတွေကို ရောင်းတာတွေလည်းရှိတာကြောင့် သတိပြုဝယ်ယူသင့်တာလို့ သိရပါတယ်။ ကွန်ဒိုကို ဝယ်တဲ့အခါမှာ ပိုသတိထားသင့်တယ်လို့ ပြောပါတယ်။
အကျိုးဆောင်ရှေ့နေ ဦးကျော်စွာက "ကွန်ဒိုတိုက်ခန်းတွေဝယ်ရင် ဒီနောက်ပိုင်း ပိုသတိထားသင့်တယ်၊ ကွန်ဒိုတစ်ကယ် ဟုတ်ရဲ့လား၊ အဆင့်မြင့်တိုက်ခန်းလား သေချာကွဲပြားသင့်တယ်၊ ကွန်ဒိုဆိုရင်တော့ ဥပဒေကြမ်းရှိတာကြောင့် ဥပဒေပါအတိုင်း လုပ်ဆောင်လို့ ရပေမဲ့ အဆင့်မြင့်တိုက်ခန်းဆိုရင်တော့ စာချုပ်ချုပ်ဆိုတဲ့နေရာမှာ သတိထားဖို့လိုတယ်"လို့ ပြောပါတယ်။
Ref : The Kumudra
Photo Credit : Social
Posted By : Wai Phyoe
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ