By Myanmar Builders Guide, Shweproperty.com
Updated at 19 September 2019
အဆိုပါစီမံကိန်း ဧရိယာပါ မြေရှင်များအား လျော်ကြေးပြန်ပေးရာတွင် ငွေ သို့မဟုတ် မြေ ပြန်လည်ပေးလျော်သွားနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကဦးဆောင်ပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန် ကြီးဌာန၊မြန်မာ့မီးရထားနှင့်သက်ဆိုင်ရာဝန်ကြီးဌာနမှတာဝန်ရှိသူများဖြင့် ကော်မတီတစ်ရပ်ဖွဲ့စည်းထားကြောင်း သိရသည်။
မြန်မာ့မီးရထားဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်က မီဒီယာများသို့ပြောထားရာတွင် ရထားလမ်းအတွက် နိုင်ငံတော်အစိုးရပိုင်မြေများကိုသာ အတတ်နိုင်ဆုံးသုံးသွားမှာဖြစ်ကြောင်း၊မလွတ်နိုင်သည့် နေရာများအတွက် စီမံကိန်းနှင့်အနီးဆုံးနေရာတွင်ရှိသည့် အများပြည်သူပိုင်မြေကိုမျှပြီး ယူမှာဖြစ်ကြောင်း၊ယင်းအတွက် ငွေလိုသူငွေ၊မြေလိုသူကို အဖြစ်နိုင်ဆုံးမြေနေရာကို သင့်တော်သည်ကိုပြန်ပေးဖို့ စီမံနေကြောင်းပြောထားသည်။
ဖြစ်နိုင်ခြေလေလာမှု (Feasibility Study) ကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JACA) က လုပ်ဆောင်နေပြီး အစီရင်ခံစာအနေဖြင့် ယခုနှစ်ကုန်တွင်ထွက်လာဖို့ရှိကြောင်း သိရသည်။
မိုးပျံရထားလမ်း အပိုင်း (၁) ကို လှိုင်သာယာဘူတာက စပြီး ရန်ကုန်-ပုသိမ်လမ်းအတိုင်း လှိုင်မြစ်ဖြတ်၍ ပါရမီလမ်းမှ ပါရမီဘူတာအထိ ၁၈ ကီလိုမီတာကိုစတင်မည်ဖြစ်ကြောင်း၊မြေသိမ်းရန်လိုအပ်သော လမ်းအ ကျယ်မှာ ရန်ကုန်-ပုသိမ်လမ်းပိုင်းတွင် ၂၉ မီတာနှင့်ပါရမီလမ်းတွင် ၂၂ မီတာ ဖြစ်ကြောင်း၊ မြေအသုံးပြုရာတွင် လှိုင်သာယာ ဘူတာပရဝဏ်အတွင်း ၅၄ ဧကကျော်၊ ရန်ကုန်-ပုသိမ်လမ်းတွင် ရထားလမ်းအလယ်မျဉ်းမှ ဘေးတစ်ဖက်တစ်ချက်သို့ ၁၄ မီတာခွဲ ၊ ပါရမီလမ်းဘေးတစ်ဖက်စီတွင် ၁၁ မီတာပါဝင်မည်ဖြစ်သည်။
စီမံကိန်းအရ ပါရမီလမ်းပေါ်မှ မလွတ်ကင်းသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ပညာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်စည်ပင်ပိုင်မြေ၊ဂရန်မြေ၊ဘိုးဘွားပိုင်မြေ အချို့ပါဝင်မည်ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနပိုင် ရထားလမ်းဖြတ်သန်းရမည့် မြေနေရာအားအသုံးပြုခွင့်ရရှိထားကြောင်းသိရသည်။
အဆိုပါမိုးပျံရထားလမ်းစီမံကိန်းအပိုင်း (၁) အတွက် ခန့်မှန်ကုန်ကျငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံရှိမည်ဖြစ်ကြောင်း သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ