By Buildersguide, Shweproperty.com
Updated at 18 January 2018
ယခုရက်ပိုင်း ရန်ကုန်မြို့နှင့်ပတ်သက်ပြီး လှုပ်လှုပ်ခတ်ခတ်ဖြစ်လာသော သတင်းကတော့ ရန်ကုန်မြို့တွင် အဆင့်မြင့်မိုးပျံ အမြန်လမ်း စီမံကိန်း အကောင်အထည်ဖော်ရန်အတွက် ဦးဆောင်အကြံပေးအဖြစ် IFC နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့သဘောတူ လက်မှတ်ေ ရးထိုးလိုက်သည့်အကြောင်း ဖြစ်သည်။
အထပ်မြင့်အဆောက်အအုံများ၊ အချိန်ပြည့်နီးပါး ပိတ်ဆို့နေသည့် ယာဉ်ကြောကျပ်တည်းမှုများနှင့် လူနေထိုင်မှု များပြားလာမှု အတွက်ကြောင့် ရန်ကုန်မြို့သည် မွန်းကျပ်လာသလို ကိုယ်ပိုင်ကား ၊ဘတ်စ်ကားများနှင့် နေ့စဉ် စီးနင်းသွားလာနေရသူများအတွက် ခရီးသွားလာမှုအပေါ် အချိန်နှစ်နာရီ ခန့်ကုန်နေခြင်းသည် ရန်ကုန်မြို့နေ ပြည်သူများ နေ့စဉ်ရင်ဆိုင်နေရသည့်အခက်အခဲဖြစ်နေသည်။
ယာဉ်ကြောပိတ်ဆို့မှုများကို လွတ်မြောက်နိုင်ရေးအတွက် မိုးပျံအမြန်လမ်းစီမံကိန်းသည် ရန်ကုန်တောင်ပိုင်းတွင်ရှိသော ရန်ကုန်ဆိပ်ကမ်း ၊သီလဝါ အထူးစီးပွားရေးဇုန်နှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ၊ရန်ကုန်စက်မှုဥယျာဉ်နှင့် ရန်ကုန်-မန္တလေးအမြန်လမ်းတို့အား ချိတ်ဆက်မည့် အရှည် ၂ဝဒသမ ၅ကီလိုမီတာခန့်ရှိသော ရန်ကုန်အဆင့်မြင့် မိုးပျံအမြန်လမ်းဆောက်လုပ်ရန် အမေရိကန်ဒေါ်လာ သန်း၎ဝဝခန့် သုံးစွဲသွားရန်အတွက် ဇန်နဝါရီ ၁၁ရက်က ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်အုပ်စု အဖွဲ့အစည်းဖြစ်သည့် IFC တို့ သဘောတူလက်မှတ် ရေးထိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
IFC(International Finance Corporation)သည် ထိုစီမံကိန်း အကောင်အထည်ဖော် တည်ဆောက်ရန်အတွက် အကြံပေး ဝန်ဆောင်မှု ပြုလုပ်ရမည်ဖြစ်ပြီး လုပ်ငန်း အောင်မြင်ရေးကို ဆောင်ရွက်သည့်အခါ တည်ဆောက်မှု ၊စီမံခန့်ခွဲမှု၊ လုပ်ငန်း လည်ပတ်မှုနှင့် အခြားဝန်ဆောင်မှုများအား စနစ်တကျ ထိန်းသိမ်းနိုင်သော အတွေ့အကြုံကောင်းများ အများအပြားရှိသော အရည်အသွေးပြည့်ဝသည့် ဆောက်လုပ်ရေးကုမ္ပဏီ တစ်ခုကို ရွေးချယ်ပေးရန် အတွက်လည်းဆောင်ရွက်ရမည်ဖြစ်သည်။
နိုင်ငံတကာအဆင့်မီ တင်ဒါခေါ်ယူရမည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံသမိုင်းတွင် ပထမဆုံး စီမံကိန်းဖြစ်သောကြောင့် စိတ်ဝင် စားစရာ ကောင်းနေသည့်မှာ အမှန်ပင်။
ရန်ကုန်တောင်ပိုင်းနှင့် မြောက်ပိုင်းအား မိုးပျံလမ်းနှင့် ချိတ်ဆက်ပေးမည်ဖြစ်ပြီး လမ်းအရှည်မှာ ၁၃မိုင်ရှိပြီး လမ်းအကျယ် လေးလမ်းသွား ဖြစ်သောကြောင့် ရန်ကုန်မြို့၏ လမ်းကွန်ရက်ချိတ်ဆက်မှုသည် မြေပြင်သာမက ဝေဟင်မှာပါ လွင့်ပျံနေမည်ဖြစ်သည်။
ပြီးခဲ့သော နှစ်တွင် ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့ ကျပ်တည်းမှုများအား လျှော့ချရန် ၊မော်တော်ယာဉ်နှ င့်မောင်းနှင် သွားလာမှု အချိန်ကြာမြင့်မှုများ လျှော့ချနိုင်ရန်အတွက် မိုးပျံလမ်းစီမံကိန်း ဆောင်ရွက်မည်ဟု သတင်းထွက်ပေါ်ခဲ့ပေမဲ့ လက်တွေ့တွင် မဖြစ်နိုင် ဟူသော သုံးသပ်ချက်များ ထွက်ပေါ်လာခဲ့သည်။
ရန်ကုန်မြို့၏ မိုးပျံလမ်းစီမံကိန်းအတွက် ပြည်တွင်းနှင့်နိုင်ငံတကာကို ကျယ်ပြန့်စွာ တင်ဒါခေါ်ပြီး တင်ဒါရွေးချယ်မှုများ ပြုလုပ်နိုင်ခဲ့ပြီးလျှင် ၂ဝ၁၉ခုနှစ်နှစ်ဆန်းပိုင်းတွင် စီမံကိန်းလုပ်ငန်းများစတင် အကောင်အထည် ဖ်ာနိုင်ရန် ဆောင်ရွက်နိုင်မည်ဖြစ်သည်။
ဆောင်ရွက်ချိန်တွင် အခက်အခဲမရှိပါက နှစ်နှစ်နှင့် သုံးနှစ်အတွင်းတွင် ပြီးစီးမည်ဟု ခန့်မှန်းထားသောကြောင့် လာမည့် ၂ဝ၂၂ ခုနှစ်တွင် မိုးပျံအမြန်လမ်းမကို စတင်အသုံးပြုနိုင်တော့မည်ဖြစ်သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက်အရ ကမ်းနားလမ်း မှ မင်္ဂလာဒုံစက်မှုဇုန်အထိ ၁၃မိုင်ကျော်၊မင်္ဂလာဒုံစက်မှုဇုန်မှ ရန်ကုန်-မန္တလေးအမြန်လမ်းအထိကိုးမိုင်ကျော် ၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ၁ဒသမ ၈မိုင်ကျော်အား ချိတ်ဆက်ဖောက်လုပ်သွားမည့် ဟု ဆိုထားသောကြောင့် ရန်ကုန်မိုးပျံအမြန်လမ်းသည် ရန်ကုန်မြို့အား အရှိန်အဟုန် နှင့်တိုးတက်ဖွံ့ဖြိုးရန် ကြီးမားသော တွန်းအားတစ်ရ ပ်ဖြစ်စေမည်ဖြစ်သည်။
ရန်ကုန်မှ ပဲခူးဟံသာဝတီလေဆိပ်သို့၅၅မိနစ်၊ရန်ကုန်မြို့တွင်းမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို မိနစ် ၂ဝနှင့် ရောက်ရှိ နိုင်တော့မည်ဖြစ်သည်။
မိုးပျံအမြန်လမ်းတည်ဆောက်ရေးလုပ်ငန်းများသည် နည်းပညာအရ သာမက ငွေကြေးရင်းနှီးမြှုပ်နှံမှုအရသာမက ကျွမ်းကျင်မှုနှင့် အတွေ့အကြုံလည်း လိုအပ်သည်မို့ နိုင်ငံတကာမှ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်မှ ရမည့် အနေအထားဖြစ်နေသည်။
ထို့ကြောင့် IFC အနေနှင့် စီမံကိန်း အတွက် နိုင်ငံတကာ အဆင့်အတန်းနှင့် အရည်အသွေးမြင့် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက် လာနိုင်သည့် ယှဉ်ပြိုင်မှုရှိသော ဈေးကွက် တစ်ရပ်ကိုလည်း ဖော်ဆောင်သွားရမည်ဖြစ်ကြောင်း သိရသည်။
Ref & Photo Credit : Buildersguide Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ