By mmtiimes, Shweproperty.com
Updated at 11 August 2014
ဟံသာဝတီ နိုင်ငံတကာလေယာဉ်ကွင်းတည်ဆောက်မည့် သတင်းများကြောင့် ရုတ်ခြည်း လူအများစိတ်ဝင်စားလာသည့် ပဲခူးမြို့ပြင်နေရာများရှိ အိမ်ခြံမြေဈေးများ သည် တစ်နှစ်နီးပါး ကြာမြင့်နေသေးသည့်တိုင် ဈေးများ ဆက်လက်မြင့်တက်လျက် ရှိကြောင်း အိမ်ခြံမြေအကျိုး ဆောင်များက ပြောသည်။
"လေဆိပ်စီမံကိန်းသတင်းကြောင့် ပြီးခဲ့တဲ့နှစ် နှစ်လယ်လောက်တုန်းက လေဆိပ်နားက မြေဈေး တွေ သိသိသာသာ တက်သွားခဲ့တယ်။ ခုချိန်ထိလည်း ပဲခူး မြို့ပြင်က မြေဈေးတွေက ဆက်တက် နေ တုန်းပဲ။ ပဲခူးမြို့ပြင်က မြေတွေကို ဝယ်ချင် တဲ့သူလည်း များနေတုန်းပဲ"ဟု မဟာ ပဲခူးမြေ အိမ်ခြံမြေ အကျိုးဆောင် မန်နေဂျာဦးမြင့်က ပြောသည်။ စီမံကိန်းမတိုင်ခင်က တစ်ဧကလျှင် ကျပ်သိန်း ၁၀၀ ဝန်းကျင်ခန့်သာ ပေါက်ဈေးရှိသောမြေကွက်များမှာ လေဆိပ် တည်ဆောက် မည်ဆိုသည့် သတင်းများ ကြောင့် ကျပ်သိန်း ထောင်နှင့်ချီကာ မြင့်တက်သွားခဲ့ကြောင်း အိမ်ခြံမြေအကျိုး ဆောင်များက ပြောသည်။
"လေဆိပ်စီမံကိန်းကြောင့် ပဲခူးမြို့ပြင် ကမြေတွေ ဝယ်လိုအားများသလိုပဲ ရန်ကုန် မန္တလေး အမြန်ကားလမ်းမဘေး က မြေကွက်တွေလည်း ဝယ်လိုအားများ ပြီး ဈေးတက်လာတယ်"ဟု ပဲခူးမြို့ခံ အိမ်ခြံမြေအကျိုးဆောင် ဦးအောင်ဆွေ က ပြောသည်။ မဟာပဲခူးမြေ အိမ်ခြံမြေ အကျိုးဆောင် မန်နေဂျာ ဦးမြင့်က "လေဆိပ်နားက မြေဈေးတွေလောက် တစ်ဧကကို သိန်း ထောင်ချီဈေးမမြင့်ခဲ့ပေမယ့် ကားလမ်းက မြေကွက်တွေလည်း တစ်ဧက သိန်းရှစ်ရာ ကျော် လောက်အထိ သိသိသာသာ ဈေး တက်လာတယ်"ဟု ပြောသည်။
ပဲခူးမြို့ခံများပင် ဝယ်ယူရန်စိတ်မဝင် စားဘဲ အရောင်းအဝယ်မရှိသောမြေကွက် များမှာ စီမံကိန်း ကြောင့် ဝယ်သူအကြိုက်တွေ့ခဲ့ပြီး မြေတစ်ကွက်လျှင် ကျပ် သိန်းဆယ်ဂဏန်းမှ ရာဂဏန်းအထိ တက်ခဲ့ကြောင်း ၎င်းကပြောသည်။
ရန်ကုန် ပဲခူး လမ်းပိုင်းကြားရှိမြေများ မှာ လေဆိပ်စီမံကိန်းကြောင့် ရန်ကုန် နျင့် ပဲခူးတစ်ဆက် တည်းဖြစ်လာပြီး စီးပွားရေးအဆောက်အအုံများ၊ ဟိုတယ်များနျင့် အခြားအဆောက်အအုံများ ဆောက်လုပ်လာနိုင်သည့်အတွက် ရင်းနှီး မြှုပ်နှံသည့်သဘောဖြင့် ဝယ်ယူကြခြင်း ဖြစ်ကြောင်း ဦးအောင်ဆွေက ပြော သည်။
ပဲခူးမြို့ပြင်ဘက်ရှိမြေများ ဈေးအမြင့်ပိုင်းသို့ ဦးတည်လျက်ရှိသော်လည်း ပဲခူး မြို့နယ်တွင်း မြေကွက်များမှာ ဈေးသိသိသာသာမတက်ဘဲ ဝယ်ရောင်းပြုလုပ်သူ များလည်းမရှိကြောင်း ပဲခူးမြိုကနယ်ရှိ အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
"ပဲခူးမြိုကပြင်မြေကွက်တွေကိုပဲ စိတ်ဝင် တစားလိုက်ဝယ်သူတွေရှိပေမယ့် မြို့တွင်း ကမြေကွက် တွေကိုတော့ လိုက်ဝယ်တာ မျိုး သိပ်မရှိသေးဘူး"ဟု အိမ်ခြံမြေအကျိုး ဆောင် ဦးမြင့်ကပြော သည်။
စီမံကိန်းမစမီမှ စီမံကိန်းစတင်နေသည့်အချိန်ထိ ဈေးများမြင့်တက်နေသေးကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။ "အစိုးရက တစ်ပေပတ်လည်မြေ ဈေးတွေ သတ်မှတ်လိုက် တဲ့အချိန် တခြား နေရာတွေမှာ မြေကွက်အရောင်းအဝယ် တွေ ခဏလောက်အေးသွားတဲ့အချိန် မှာ တောင် ပဲခူးဟံသာဝတီလေဆိပ်နား က မြေကွက်တွေနဲ့ ရန်ကုန် မန္တလေး အမြန်လမ်းမှာရှိတဲ့ ပဲခူးနဲ့ ရန်ကုန်ကြားက မြေကွက်တွေကတော့ အရောင်းအဝယ်ဆက်ဖြစ်နေတယ်"ဟု ဦးအောင်ဆွေက ပြောသည်။
ရန်ကုန်-ပဲခူး လမ်းမတစ်လျှောက်ရှိ ရွာသာကြီး၊ လှည်းကူး၊ ွှင်းတကော်နျင့် အင်းတိုင်မြို့နယ် တို့ရှိ မြေဈေးများမှာ လည်း မြေအနေအထားပေါ်မူတည် ကာ မြေဈေး နှစ်ဆခန့် မြင့်တက်ခဲ့ ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။ "မြို့ထဲမှာရှိတဲ့ မြေဈေးတွေက အရမ်း မြင့်လာပြီး မဝယ်နိုင်တော့လို့ မြို့ပြင် မှာ မြေကွက်တွေလိုက်ဝယ်လာကြတယ်။လှည်းကူး၊ ရွာသာကြီးဘက်တစ်လျှောက် မြေတွေလည်း ဈေးထပ်တက်နိုင်တယ်။ မြေကွက်ဈေးတွေက မနှစ်ကထက် ဒီနှစ် မှာ ပိုပိုပြီးတက်လာကြတာ များလာ တယ်" ဟု ဦးရန်အောင်က ပြောသည်။
"ဟံသာဝတီလေဆိပ်က အချက်အချာ ကျတဲ့ ရန်ကုန်မြို့ကို ခြေကုပ်ယူပြီး တည်ဆောက်နေတာ ဆိုတော့ ပဲခူးနဲ့ ရန်ကုန်က နောက်ပိုင်းမှာဆိုရင် တောက် လျှောက်ဆက်သွားနိုင်ပြီး အဲဒီနေရာ ကြားက အမှတ်(၂)နဲ့ အမှတ်(၃) အမြန် လမ်းမကြီးတွေပေါ်က မြေဈေးတွေလည်း နောက်ပိုင်းမှာ ထပ်တက်လာနိုင်တယ်။ အဲဒီလမ်းတစ်လျှောက်မှာ အိမ်ရာ စီမံကိန်းတွေ ထပ်ပေါ်လာခဲ့ရင်လည်း မြေဈေးတွေ ထပ်တက်နိုင်တယ်"ဟု ၎င်းကပြောသည်။
ဟံသာဝတီလေဆိပ်နားရှိ မြေဈေး များမှာ တစ်ဧကလျှင် ကျပ် သိန်း ၁,၀၀၀ မှ ၂,၀၀၀ အထိ ရှိသည်။ ရန်ကုန် မန္တလေး အမြန်လမ်းတစ် လျှောက်ရှိ မြေဈေးများမှာ တစ်ဧကလျှင် ကျပ်သိန်း ၅၀၀ မှ ၁,၀၀၀ ခန့်အထိရှိ ပြီး ပဲခူးမြိုကနယ်တွင်းရှိ မြေဈေးများ ၏ ကာလပေါက်ဈေးမှာ တစ်ဧက လျှင် ကျပ် သိန်း ၁၅၀ မှ ၅၀၀ အထိရှိကာ ဈေးဆက် တက်နိုင်ကြောင်း ခန့်မှန်းကြသည်။
Ref : MM TIMES
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ