By 7daydaily, Shweproperty.com
Updated at 2 February 2016
ဂျပန်အင်ဂျင်နီယာလုပ် ငန်း JGC ကော်ပိုရေးရှင်း ပါဝင် သော ကုမ္ပဏီအုပ်စုနှင့် မြန်မာ အစိုးရတို့ကြားတွင် ဟံသာဝတီ နိုင်ငံတကာလေဆိပ်သစ် ဆောက်လုပ်ရေး အစီအစဉ်အပေါ် ကျယ်ပြန့်သော သဘောတူညီချက်တစ်ရပ် ရရှိခဲ့သည်။
ယခု သဘောတူညီချက်နှင့် အတူ စင်ကာပူအပါအဝင် လေ ဆိပ်အုပ်စု၊ ကုမ္ပဏီအုပ်စုသည် ခန့်မှန်းခြေကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကုန်ကျမည့် လေဆိပ် တည်ဆောက်ရေး စီမံကိန်းအ တွက် တရားဝင်ဆောက်လုပ်ခွင့် ရရှိရန် နီးစပ်လာခဲ့သည်။
ယင်းစီမံကိန်းအတွက် မြန် မာအစိုးရက ၂၀၁၄ အောက်တို ဘာတွင် ယင်းကုမ္ပဏီအုပ်စုအား ဦးစားပေး ညှိနိှိုင်းခွင့်အပ်နှင်းခဲ့ သည်။
မြန်မာအစိုးရသည် ရန်ကုန် မြို့ မြောက်ဘက် ပဲခူးမြို့တွင် တစ်နှစ်လျှင် ခရီးသည် ၁၂ သန်း အထိ ကိုင်တွယ်နိုင်မည့် ဟံသာဝတီ နိုင်ငံတကာလေဆိပ်သစ် တည်ဆောက်ရန် စီစဉ်ထား သည်။
ယင်းလေဆိပ် တည်ဆောက်ရေး စုစုပေါင်းကုန်ကျစ ရိတ်ထက်ဝက်ကို ဂျပန်အစိုးရထံ မှ တရားဝင်ဖွံ့ဖြိုးတိုးတက်ရေး အကူအညီဖြင့် ဖြည့်ဆည်းနိုင်မည် ဟု မြန်မာအစိုးရက မျှော်လင့်ထားသည်။
လေဆိပ်သစ်ကို ၂၀၂၂ တွင် စတင်ဖွင့်လှစ်နိုင်မည်ဟု မျှော်လင့်ထားပြီး မူလရည်မှန်းထားသည်ထက် လေးနှစ်နောက် ဆုတ်သွားသည်။
လေဆိပ်သစ်နှင့် ရန်ကုန်မြို့ ဆက်သွယ်မည့် သယ်ယူပို့ဆောင် ရေးစနစ်ကိုလည်း တည်ဆောက် ရမည်ဖြစ်ရာ ယင်းနေရာတွင် ဂျပန်အစိုးရ၏ တရားဝင် ဖွံ့ဖြိုးတိုး တက်ရေးအကူအညီ (ODA) ရန်ပုံငွေများ ပါဝင်နိုင်မည်လားဆို သည်ကို ဂျပန်နိုင်ငံတကာ ပူး ပေါင်းဆောင်ရွက်ရေးအေဂျင်စီ က လေ့လာမည်ဖြစ်သည်။
လေဆိပ်သစ်သည် အရှေ့ တောင်အာရှတွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုမှုများ အကြီးမားဆုံးဆွဲ ဆောင်နေသော မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားများလာရောက် လည်ပတ်မှု မြင့်တက်လာခြင်းကို ဝန်ဆောင်မှုပေးသွားရန် ရည်ရွယ် ထားသည်။
မြန်မာနိုင်ငံ၏ လက်ရှိအ လုပ်အရှုပ်ဆုံးရန်ကုန်နိုင်ငံတကာ လေဆိပ်သည် နှစ်စဉ်ခရီးသည် ကိုင်တွယ်နိုင်စွမ်း ကျော်လွန်သွား ပြီဖြစ်သည်။
Ref : 7daydaily
Photo Credit : 7daydaily
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ