By Yangon Media Group, Shweproperty.com
Updated at 9 March 2017
နိုင်ငံတကာအဆင့်မီ ဟံသာဝတီလေဆိပ်ကို ၂ဝ၂၁- ၂ဝ၂၂ ခုနှစ် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောသည်။ မတ် ၇ ရက် အမျိုးသားလွှတ်တော်အ စည်းအဝေးအပြီးတွင် ဟံသာဝတီလေဆိပ် တည်ဆောက်ရေးအစီအစဉ်အပေါ် သတင်း မီဒီယာများ၏မေးမြန်းမှုအပေါ် ၎င်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ် သည်။ အဆိုပါစီမံကိန်းအတွက် ချေးငွေရရှိရေး အဆိုပြုထားကာ ချေးငွေရမှတည်ဆောက် နိုင်မည်ဟု ပြည်ထောင်စုဝန်ကြီးဦးသန့်စင် မောင်က ပြောသည်။ ''ဟံသာဝတီလေဆိပ်ဆောက်မယ်ဆိုတာတောင် လောလောဆယ် ဂျပန်နိုင်ငံရဲ့ ချေးငွေရမှ ဆောက်ရမှာလေ။ ဂျပန်နိုင်ငံရဲ့ ချေးငွေရဖို့ အဆိုပြုထားတုန်းပဲရှိသေးတယ်'' ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။ နိုင်ငံတကာအဆင့်မီ ဟံသာဝတီလေဆိပ် တည်ဆောက်ရေး စီမံကိန်းကို ယခင်အစိုးရလက်ထက်က ဆောက်လုပ်ရန်တင်ဒါ ခေါ်ခဲ့ပြီး ဂျပန်နှင့် စင်ကာပူနိုင်ငံမှကုမ္ပဏီ တို့က အမေရိကန်ဒေါ်လာ တစ်ဘီလီယံစိုက် ထုတ်ဆောင်ရွက်ရန်နှင့် ထပ်မံလိုအပ်ငွေကို အစိုးရကချေးငွေဖြင့် ထည့်ဝင်ဆောက်လုပ် ရေးအတွက် ဂျပန်နိုင်ငံမှချေးငွေ ရယူရန် တင်ပြထားခြင်းဖြစ်ပြီး အဆိုပါချေးငွေရရှိမှ စီမံကိန်းလုပ်နိုင်မည်ဟု ပြည်ထောင်စုဝန်ကြီးက ထပ်လောင်းပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာလေဆိပ်အဖြစ် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင်တည်ရှိပြီး ရန်ကုန်အ ပြည်ပြည်ဆိုင် ရာလေဆိပ်မှာ ခရီးသွားဝင် ရောက်မှုများပြားသည်။ ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်တွင် ပြည်ပခရီးသည်တိုး တက်မှုနှုန်းမြင့်မား နေပြီး ပြည်ပခရီးသည်ဝင်ရောက်မှု ၁ဝ သန်း ကျော်လာပါက ဝင်ဆံ့မှုခံနိုင်ရည်ရှိတော့မည် မဟုတ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ထပ် လောင်းပြောသည်။ ထို့ကြောင့် ဟံသာဝတီလေဆိပ်တည် ဆောက်မှုနှေးနေပါက ဝင်ထွက်သွားလာမှု အဆင်ပြေစေရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို တိုးချဲ့မှုများပြုလုပ်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ထပ်လောင်းပြော ကြားခဲ့သည်။
Ref & Photo Credit : Yangon Media Group
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ