By 7daydaily, Shweproperty.com
Updated at 19 October 2015
မြေပြိုမှုဒဏ်ခံရသော ဟားခါးမြို့ရှိ နေအိမ် ၈၀၀ ကျော် ပြောင်းရွှေ့နေရာချမည့် လုံဖွန် တောင်တွင် မြေကွက်များစတင် ဖော်ဆောင်နေကြောင်း သတင်း ရရှိသည်။
ဟားခါးမြို့တွင် မြေပြိုမှု ကြောင့် ပျက်စီးသွားသည့် နေ အိမ်များနှင့် နေထိုင်ရန်မသင့် လျော်တော့သည့် နေအိမ်များအ တွက် လုံဖွန်တောင်၌ ပေ ၆၀ × ၈၀ ပတ်လည်အကွက်များရိုက်၍ မြေကွက်များ စတင်ဖော်ဆောင် ပေးနေပြီး ဒီဇင်ဘာအတွင်း အပြီး ပြောင်းရွှေ့ပေးမည်ဟု ဟားခါး မြို့နယ်အထွေထွေအုပ်ချုပ်ရေး မှူးဦးသိန်းဇော်ဦးက ပြောသည်။
‘‘မြေကွက်တွေရိုက်ပြီး မြေ ညှိပေးနေတာ အိမ်ခြေတစ်ရာ ကျော်လောက်ရောက်သွားပြီ။ ဒီဇင်ဘာလမကုန်ခင် အပြီး ပြောင်းရွှေ့ပေးနိုင်အောင် လုပ် နေတာပါ’’ဟု ဦးသိန်းဇော်ဦးက ပြောသည်။
ဟားခါးတွင် အိမ်ထောင်စု ၄,၉၅၇ စု၊ နေအိမ်ပေါင်း ၄,၂၅၉ လုံးရှိပြီး လူဦးရေနှစ်သောင်းကျော် နေထိုင်သည်။ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုကြောင့်ပျက်စီး သွားသော အိမ်ခြေ ၃၇၅ လုံးနှင့် နေရန်မသင့်လျော်တော့သည့် လူ နေအိမ် ၄၇၈ လုံးကို ဒေသခံများ ဆန္ဒအရ လုံဖွန်တောင်သို့ ပြောင်း ရွှေ့ပေးရန် သမ္မတက ညွှန်ကြား ထားခြင်းဖြစ်သည်။
ယင်းသို့ ပြောင်းရွှေ့ရာ တွင် မိသားစုဝင်များသည် အိမ် ထောင်စုများအတွက် ကျပ် ၄၄ သိန်းတန်အိမ်နှင့် မိသားစုဝင်နည်း သည့် အိမ်ထောင်စုများအတွက် ကျပ် ၃၇ သိန်းနေအိမ်များကို ပုံစံ တူ ဆောက်လုပ်ပေးမည်ဖြစ် ကြောင်း ချင်းပြည်နယ်စိုက်ပျိုးရေး နှင့် မွေးမြူရေးဝန်ကြီး ဦးဗန် ထောင်းက ပြောကြားထားသည်။
နေရာပြောင်းရွှေ့ပေးရန် ဟားခါးပြည်သူများတောင်းဆို ထားသည့် လုံဖွန်တောင်မှာ ဟား ခါးမြို့၏ အနောက်ဘက်ကပ် လျက်၌တည်ရှိပြီး ဟားခါးမှဖလမ်း သွားသောလမ်းဘေးတွင် တည်ရှိ သည်။ ပြောင်းရွှေ့အိမ်ထောင်စု များအတွက် အစိုးရက ပုံစံတူ တည်ဆောက်ပေးမည့် အိမ်များ ကို ပြည်သူများသဘောမကျပါက မိမိအစီအစဉ်ဖြင့် စိတ်ကြိုက် တည်ဆောက်နိုင်ကြောင်း ဝန်ကြီး ဦးဗန်ထောင်းက ပြောသည်။
‘‘ဒါကတော့ ဝန်ကြီးချုပ်က လည်း ပြောပါတယ်။ တချို့တွေ သူတို့ကြီးကြီးမားမားဆောက်ချင် တယ်ဆိုရင် သူတို့စိတ်ကြိုက် ဆောက်ပေါ့။ ကျွန်တော်တို့က တော့ ဒီနှုန်းအတိုင်းပဲ ပိုက်ဆံပေး လိုက်မှာပဲ။ ကြီးကြီးဆောက်ချင် တယ်ဆိုရင် သူ့ပိုက်ဆံနဲ့သူ ဆောက်ပေါ့’’ ဟု ဝန်ကြီးဦးဗန် ထောင်းက ပြောသည်။
ဇူလိုင်လကုန်က မြေပြိုမှု ဒဏ်ခံရသော ဟားခါးမြို့အိမ် ထောင်စုများသည် လက်ရှိတွင် ကယ်ဆယ်ရေးစခန်းခုနစ်ခု၌ ခို လှုံနေရဆဲဖြစ်သည်။
Ref : 7daydaily
Photo Credit : VOA News
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ