By 7daydaily, Shweproperty.com
Updated at 25 August 2015
ဟားခါးမြို့ကို မြို့ခံများ ပြောင်းရွှေ့စေလိုသောနေရာသို့ ပြောင်းရွှေ့ပေးရန် သမ္မတဦးသိန်း စိန်က မှာကြားထားကြောင်း ပြည် နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူ များက သြဂုတ် ၂၃ ရက်တွင် ပြော သည်။
မြို့ပြောင်းရွှေ့ရေးနှင့်ပတ် သက်၍ ပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသခံများကြား အငြင်းပွားနေ သော်လည်း သမ္မတက မြို့ခံများ ပြောင်းရွှေ့ပေးစေလိုသော လက် ရှိမြို့၏ အနောက်ဘက် ဖလမ်း မြို့သွား ကားလမ်းနံဘေးသို့ ပြောင်းရွှေ့ပေးရန် နှုတ်အားဖြင့် သဘောတူထားကြောင်း တာဝန် ရှိသူများက မြို့ခံများကို ရှင်းပြ သည်။
ထို့အပြင် မြို့ပြောင်းရွှေ့ မည့်အစီအစဉ်နှင့် ပတ်သက်၍ မြေပြင်အခြေအနေ လေ့လာ ချက်များကို သြဂုတ်လကုန်တွင် ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း ချင်းပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးကျင် လျန်ပေါင်က ပြောသည်။
မြို့ခံများ ပြောင်းရွှေ့လိုသောနေရာမှာ ရဲတပ်ဖွဲ့ နေရာယူထား၍ လုံခြုံရေးကြောင့် ဝန်ကြီးချုပ်က ခွင့်မပြုခဲ့ခြင်းဖြစ်သော်လည်းသြဂုတ် ၂၂ ရက်က သမ္မတ ဦးသိန်းစိန် ကလေးမြို့သို့ ရောက်ရှိလာစဉ် တင်ပြရာ သမ္မတက မြို့ခံများ တောင်းဆိုသည့်နေရာကို လိုက်လျောပေးရန် ဝန်ကြီးချုပ်ကိုမှာခဲ့ကြောင်း ချင်းပြည်နယ်အစိုးရ စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီး ဦးဗန်ထောင်က ပြောသည်။ မြို့ခံများ ပြောင်းလိုသည့် နေရာမှာ ဟားခါးမြို့၏ အနောက်ဘက် ဖလမ်းမြို့သို့သွားသော ကားလမ်းဘေး လုံဖွန်းတောင်ပေါ်သို့ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
တစ်ချိန်တည်းတွင် မြို့ပြောင်းရွှေ့ရန် မြေပြင်လေ့လာမှုကို မြို့ပြစီမံကိန်းအင်ဂျင်နီယာအဖွဲ့၊ ဘူမိဗေဒပညာရှင် အဖွဲ့ နှင့် ဂျပန် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှု အေဂျင်စီတို့က သုံး ရက်ကြာ လေ့လာခဲ့ပြီး လေ့လာ တွေ့ရှိချက်များအား ပြည်နယ်အ စိုးရအဖွဲ့နှင့် တွေ့ဆုံကာ သြဂုတ် ၂၄ ရက်တွင် တင်ပြခဲ့ကြောင်း သိရသည်။
အသေးစိတ်အချက်အလက်များနှင့် ဖြစ်နိုင်ခြေများကို သက် ဆိုင်ရာအစိုးရဌာနများသို့ ဆက် လက်တင်ပြဆွေးနွေးရမည်ဖြစ် သောကြောင့် သြဂုတ်လကုန်တွင် အများပြည်သူသို့ ထုတ်ပြန်နိုင်မည်ဟု ဦးကျင်လျန်ပေါင်က ပြောသည်။
‘‘နေပြည်တော်မှာ သူတို့က သက်ဆိုင်ရာဌာနတွေနဲ့ အစည်း အဝေးထိုင်ဦးမယ်။ သူတို့ဆောက်လုပ်ရေးအဖွဲ့တွေနဲ့ ညှိနှိုင်းပြီးမှ ဆုံးဖြတ်မယ်။ ဟားခါးမြို့ပေါ်မှာ ဘယ်နေရာတွေ နေသင့်၊ မနေ သင့်ဆိုတာ အဲဒီအခါမှ ဆုံးဖြတ် မယ်။ အခြေအနေကိုတော့ ဒီလ ကုန်မှ ထုတ်ပြန်မယ်’’ဟု ဦးကျင် လျန်ပေါင်က ပြောသည်။
ဇူလိုင် ၂၆ ရက်မှစတင်ကာ ချင်းပြည်နယ်တွင် မိုးကြီး၍ မြေပြိုကျမှုများဖြစ်ပေါ်ခဲ့ပြီး ဟားခါးမြို့ ရှိ လူနေရပ်ကွက်ခြောက်ခုအနက် ငါးခုကျော်သည် မြေပြိုကျမှုကြုံ တွေ့ခံစားခဲ့ရသည်။ ထို့ကြောင့် လက်ရှိအနေအထားအရ ရွှေ့ ပြောင်းရာတွင် ပြည်နယ်အစိုးရရုံး များ ပါဝင်ဦးမည်မဟုတ်ဘဲ လူနေ အိမ်များ ရွှေ့ပြောင်းရန် စီစဉ်ထား ကြောင်း သတင်းရရှိသည်။
ထို့ပြင် မြေပြိုကျမှုများကြောင့်လူနေအိမ် ၁,၁၁၉ လုံး ထိခိုက် ပျက်စီး၍ သေဆုံးသူလေးဦးရှိခဲ့ပြီးကယ်ဆယ်ရေးစခန်းရှစ်ခုတွင် လာရောက်ခိုလှုံနေသည့် ဒုက္ခ သည် ၇,၆၇၈ ဦးရှိခဲ့သည်။ မြေပြို မှုကြောင့် ချင်းပြည်နယ်တွင် သြ ဂုတ် ၁၀ ရက်အထိ စာရင်းများ အရ ဆုံးရှုံးပျက်စီးမှု တန်ဖိုး ကျပ် ၃ ဒသမ ၈ ဘီလီယံအထိ ရှိခဲ့ ပြီး လက်ရှိအထိ ချင်းပြည်နယ်တွင် စားနပ်ရိက္ခာနှင့် အကူအညီ များ မရောက်ရှိသေးသောနေရာ များရှိကာ အရေးပေါ်ကူညီရေး လိုအပ်နေကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့က ပြောကြားသည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ