By Khine Zar, Shweproperty.com
Updated at 31 December 2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ကျုံစုတ်ကျေးရွာတွင် မြို့နယ်တည်ဆောက်ရေး ကော်မတီမှ ကြီးကြပ် တည်ဆောက်သည့် မအူပင်ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်အောက်ရှိ ကျုံစုတ်ကျေးရွာ ကျေးလက် ကျန်းမာရေး ဌာနနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်း လုပ်ငန်းပြီးစီးသဖြင့် ကျန်းမာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ကျုံစုတ်ကျေးရွာ ကျေးလက် ကျန်းမာရေးဌာန အဆောက်အဦးသစ်တွင် ကျင်းပခဲ့ပါတယ်။ အဆိုပါ တည်ဆောက်ရေး ကော်မတီ တာဝန်ရှိသူများက ကျေးလက် ကျန်းမာရေးဌာနနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပြီးစီးမှု စာရွက်စာတမ်းများကို လွှဲပြောင်း ပေးအပ်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လက်ခံခဲ့ကြောင်းသိရပါတယ်။ ကျန်းမာရေးဌာန(ခွဲ)အနေဖြင့် ဝန်ထမ်းအိမ်ယာများနှင့် ကျန်းမာရေးအသုံး အဆောင်ပစ္စည်းများ လုံလောက်မှုမရှိသော အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရပါသည်။ ဤအခက်အခဲများကို ဖြေရှင်းနိုင်ရန် အတွက်ဂျပန်အစိုးရက ၎င်း၏အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ ပရိဘောဂအပြည့်အစုံနှင့် ကျန်းမာရေးအသုံးအဆောင်ပစ္စည်း(၅)မျိုးပါဝင်သော တစ်ထပ်သံကူကွန်ကရစ် ကျေးလက်ကျန်းမာရေးဌာန(ခွဲ)တစ် ဆောင်နှင့် ဝန်ထမ်းအိမ်ယာတစ်ဆောင် ဆောက်လုပ်ရန်အတွက် ရံပုံငွေထောက်ပံ့ပေးခဲ့ပါတယ်။ ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံတွင် အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံ ကိန်းပေါင်း(၈၈၆)ခုကို ထောက်ပံ့ခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၅၆)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝဝ)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄ဝ)ခု၊ အခြေခံအဆောက် အအုံစီမံကိန်းပေါင်း(၅၅)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၅)ခုတို့ကို ထောက်ပံ့ခဲ့ပါတယ်။ဤအထောက်အပံ့ များသည် လက်ရှိဂျပန်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ၂၀၁၉ ခုနှစ်တွင်လည်း ဝန်ထမ်းအိမ် ရာနှစ်အဖြစ် ဆက်လက်သတ်မှတ်၍ ဝန် ထမ်းအိမ်ရာများ ထပ်မံဆောက်လုပ်ခဲ့ပြီး လက်ရှိ ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနအောက်ရှိ ဦးစီးဌာနအသီးသီးမှ ဝန် ထမ်းများအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တွင် ဝန်ထမ်းအိမ်ရာပေါင်း ၈၃၀ ကျော် ဆောက်လုပ်ခဲ့ကြောင်း၊ လက်ရှိ ဆောက်လုပ် ခဲ့သည့် ဝန်ထမ်းအိမ်ရာများအနက် ပြည်သူ့ ကျန်းမာရေး /ကုသရေးဦးစီးဌာန၊ဆေးရုံ ဝန်ထမ်းနှင့်ကုသရေးပိုင်းမှဝန်ထမ်းများအတွက် အိမ်ရာပေါင်း ၁၉၅ ခု၊အိမ်ခန်းပေါင်း၂၂၅၄ ခန်း၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအတွက် အိမ်ရာပေါင်း ၄၆၀ ခု၊ အိမ်ခန်းပေါင်း ၂၄၂၈ ခန်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအတွက်အိမ်ရာပေါင်း ကိုးခု၊ အိမ်ခန်းပေါင်း ၂၁၂ ခန်း၊ ဆေးသုတေသန ဦးစီးဌာနအတွက် အိမ်ရာပေါင်းသုံးခု၊ အိမ် ခန်းပေါင်း ၃၂ ခန်း ၊အစားအသောက်နှင့် ဆေး ၀ါးကွပ်ကဲရေးဦးစီးဌာနအတွက် အိမ်ရာ ပေါင်း ၄၄ ခု၊အိမ်ခန်းပေါင်း ၅၂၈ ခန်း၊ အား ကစားနှင့် ကာယပညာဦးစီးဌာနအတွက် အိမ်ရာပေါင်း ၁၂၃ ခု၊အိမ် ခန်း ၅၂၃ ခန်းတို့ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ နောက်ဆုံးရ သတင်းများ ကိုရီးယား မြန်မာ စက်မှုဇုန်ရဲ့ စီးပွားရေးကဘယ်လောက်ထိသွားမလဲ ကိုရီးယား မြန်မာစက်မှုဇုန်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံလိုသူများ ဇန်နဝါရီ ၂ဝမှစတင်ကာ မြေကွက်များလျှောက်ထားနိုင် ကြို့ကုန်းအိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်း လေးထောင့်ကန်ကျေးရွာတွင် အကောင်အထည်ဖော်မည့် YANGON AMATA SMART AND ECO CITY Photo Credit : MRTV Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ