By Padamyarfm, Shweproperty.com
Updated at 5 June 2019
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ နှစ်အလိုက်ရတဲ့ ဘဏ္ဍာငွေအပေါ် မူတည်ပြီး ကျန်းမာရေးနဲ့ပက်သက်တဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျှက်ရှိနေပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ ဘဏ္ဍာ ငွေခွင့်ပြုရရှိတဲ့ပေါ်မူတည်ပြီး ဆေးရုံ၊ ဆေးခန်းနှင့် ကျန်းမာရေးဌာနများ အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်လျှက်ရှိပါတယ်။
အခုလိုဆောင်ရွက်တဲ့နေရာမှာ ဝန်ထမ်းများတာဝန်ကျရာနေရာဒေသတွေမှာ သက်တောင့်သက်သာနေထိုင်နိုင်ရန် အတွက် ဝန်ထမ်းအိမ်ယာများကိုလည်း အရှိန်အဟုန်ဖြင့် ဆောက်လုပ်လျှက်ရှိပြီး လက်ရှိမှာ ဆောက်လက်စအခန်းပေါင်း (၁၀,၃၇၇) ခန်းအနက် အများစုမှာ ဒီနှစ် နှစ်ကုန်ပိုင်းမှာ ပြီးစီးမယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဇွန်လ(၃)ရက်နေ့က ကျန်းမာရေးဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံပွဲမှာပြောကြားခဲ့ပါတယ်။
Ref : Padamyarfm
Photo Credit : Mmtimes
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ