By Sint Sint, Shweproperty.com
Updated at 6 October 2020
မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် ၏ ဘဏ္ဍာရေးမှူး ဦးမျိုးသီဟ (တွဲဖက်အထွေထွေ အတွင်းရေးမှူး- မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်), (Chairman- MTH Construction Group Co.,Ltd), (ဥက္ကဌ- ရွှေပင်လုံအိမ်ရာ စီမံခန့်ခွဲရေးကော်မတီ) ၏ မြောက်ဥက္ကလာပမြို့နယ်၊ Thandar River View Residence ရှိ လုံးချင်းသုံးထပ်တိုက် (၄)လုံး နှင့် (၄) ခန်းတွဲ (၈) ထပ်တိုက် ကွန်ဒိုအသစ် အား COVID-19 ဖြစ်ပေါ်နေသောကာလတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရသို့ ၂၀၂၀ ခုနှစ် ဧပြီလမှစတင်၍ ယခုလက်ရှိအချိန်အထိ ဆရာဝန်/ဆရာမနှင့် ကျန်းမာရေးဝန်ထမ်းများ ယာယီနေထိုင်နိုင်ထိုင်ရန်အတွက် လှူဒါန်းထားရှိသည်။
လုံးချင်းသုံးထပ်တိုက် (၄) လုံးတွင် Master Bed Room (၅) ခန်းစီ ပါရှိပြီး ဆရာဝန်/ဆရာမနှင့် ကျန်းမာရေးဝန်ထမ်း (၁၀၀) ခန့်် နှင့် (၈)ထပ်တိုက် ကွန်ဒို (၁) ယူနစ်လျှင် Master Bed Room (၃) ခန်းပါရှိပြီး ကွန်ဒိုတွင် ဆရာဝန်/ဆရာမနှင့် ကျန်းမာရေးဝန်ထမ်း (၁၅၀) ခန့် လာရောက်နေထိုင်လျှက်ရှိပါသည်။ လုံးချင်းနှင့် ကွန်ဒိုရှိ အခန်းတိုင်းတွင် ပါကေးခင်းထားပြီး Air-con များတပ်ဆင်ထားရှိပြီးဖြစ်သည်။
အဆိုပါကျန်းမာရေးဝန်ထမ်းများအတွက် မနက်၊နေ့လည်၊ညစာ အစားအသောက်နှင့် ကြို/ပို့ယာဉ်များအား ရန်ကုန်တိုင်း အစိုးရမှ ပံ့ပိုးကူညီပေးလျှက်ရှိပါသည်။
နောက်ဆုံးရ သတင်းများ
သက္ကော(သံဖြူဇရပ်) - ဘုရားသုံးဆူလမ်း တည်ဆောက်ရေး စီမံကိန်း ဆောင်ရွက်မှု
အစိုးရ၏ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကုမ္ပဏီ ၁,၀၀၀ ကျော်ကို ကန်ထရိုက်မှတ်ပုံတင်ထုတ်ပေး
အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ခြင်းနှင့် လိုက်နာရန် အချက်များ
ကုန်ထုတ်လုပ်မှုကဏ္ဍ၊ အိမ်ရာအဆောက်အအုံကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့မှ ဒေါ်လာ ၃၄၇ သန်းကျော်နှင့် ကျပ်သန်း ၂၃၄၀၀ ကျော်ရှိသည့် လုပ်ငန်းအသစ်ခုနစ်ခု MIC ထပ်မံခွင့်ပြု
Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ