By အေးအေးကျော်, Shweproperty.com
Updated at 25 July 2013
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် အောင်ဇေယျအိမ်ရာ စီမံကိန်းနေရာအတွင်း ကျူးကျော်နေထိုင်ကြသည့် နေအိမ်အချို့ကို နေရန် နေရာ၊ အိမ်ဆောက်ပစ္စည်း အချို့နှင့် ငွေကြေးပေးအပ်ခဲ့သည်ဟု ကရုဏာ ကြေးရရှိခဲ့သူများက မဇ္ဈိမကို ပြောသည်။
ယင်း အောင်ဇေယျအိမ်ရာ စီမံကိန်းဝန်းအတွင်းတွင်ကျူးကျော်နေထိုင်သည့် နေ အိမ် ၄၆ လုံး ရှိပြီး ယင်းတို့အနက် နေအိမ် ၃၈ လုံးအတွက် ထန်းတပင်မြို့နယ် အမှတ် ၃ ရပ်ကွက်တွင် ပေ၂ဝx၄ဝ မြေကွက်တစ် ကွက်စီ၊ သွပ် ၁၂ ချပ်စီနှင့် ငွေကျပ် တစ် သိန်း ကရုဏာကြေးပေးခဲ့ခြင်းဖြစ်ပြီး အိမ် ရာစီမံကိန်းနှင့် သက်ဆိုင်သည့် land mark construction ကုမ္ပဏီမှ ဇူလိုင် ၂၄ ရက် တွင် ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ယင်း သို့ ကရုဏာကြေးပေးအပ်ခြင်း နှင့် ပတ်သက်ပြီး Land mark construction ကုမ္ပဏီမှ မန်နေဂျာ ဦးခင်မောင်ဝင်းက ''သူတို့တွေမှာနေရာ အတည်တကျမရှိဘူး။ သူတို့ကိစ္စ ဖြေရှင်းပေးဖို့ သက်ဆိုင်ရာဌာနတွေ ကိုသွားပြောတဲ့အခါ ဥပဒေအတိုင်းဆောင် ရွက်ပါလို့ ပြောပါတယ်၊ ကိုယ့်အစီအစဉ်နဲ့ ကိုယ်လုပ်ရတာပေါ့။ သူတို့တွေကိုလည်း အခြေတကျ နေထိုင်နေဖို့စီစဉ်ပေးခြင်းဖြစ် တယ်''ဟု မဇ္ဈိမသို့ ပြောသည်။
အဆိုပါ ကျူးကျော်နေထိုင်သည့် နေအိမ်များ ကရုဏာကြေးရရန်အတွက် ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ရက်ကလည်း ကူညီဆောင်ရွက်ပေးနေပြီး ကွန်ရက်မှ ကိုကြည်ရွှင်က ''ကျူးကျော်သူတွေအတွက် တိတိကျကျ ကူညီပေးသူမရှိပါဘူး။ ကရုဏာကြေးပေး ဖို့ ကျန်နေတဲ့ရှစ်အိမ်အတွက်လည်း ဆက်ပြီး ပေးသွားမှာပါ''ဟု ပြောသည်။
Ref : Mizzima
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ