By ရဲနောင်၊ ဆွေမွန်, Shweproperty.com
Updated at 2 January 2013
ရန်ကုန်မြို့တွင် ကွန်ဒို တည်ဆောက်မှု ပိုများလာသော်လည်း ပြည်တွင်းဝယ်လိုအားကိုသာ အဓိကထား ဆောက်လုပ်နေခြင်းဖြစ်ပြီးနို င်ငံခြားသားရင်းနှီးမြှုပ်နှံသူများ၏ ဈေးကွက်မှာကြီးကြီးမားမား မရှိသေးကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။
''အခုကွန်ဒိုဈေးကွက်က လူလတ်တန်းစားနဲ့ အထက်တန်းလွှာဝင်ငွေများတဲ့သူတွေကိုအဓိက အားထားနေတာ၊ နိုင်ငံခြားက အမည်ခံဝယ်တာက နည်း ပါတယ်''ဟု Naing Group ဆောက်လုပ်ရေးကုမ္ပဏီမှ ဒါရိုက်တာကိုထက်နိုင်ဦးက ပြောကြား သည်။
၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်အတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အထပ်မြင့်(ဓာတ်လှေကားပါ)အဆောက်အအုံ ၆၆ လုံးခန့် တည်ဆောက်ခွင့် ချထားပေးခဲ့ပြီး အထပ်နိမ့်အပါအဝင် ၂ဝ၂ လုံးခန့်ဆောက်လုပ်ခွင့်ချထားပေးရန်ကျန်ရှိနေသေးကြောင်း အထက်ပါ ကော်မတီမှ သိရှိရသည်။ နိုင်ငံခြားလုပ်ငန်းရှင်များ သည် ရုံးခန်းများ ဖွင့်လှစ်ရန် ငှား ရမ်းမှုများနှင့် အမည်ခံဖြင့်ဝယ်ယူ မှုများရှိနေသော်လည်း တရားဝင်ဝယ်ယူပိုင်ခွင့် မရှိသေးသည့်အ တွက် ပြည်တွင်းဈေးကွက်ကိုသာ အဓိက အားထားနေရကြောင်း တော်ဝင်မိသားစု ဆောက်လုပ်ရေးကုမ္ပဏီမှ ဥက္ကဌ ကိုကိုထွေး က ပြောသည်။
''ဝယ်လိုအားက နေရာနဲ့ စီးပွားရေး အချက်အချာ ကျတည့် နေရာပေါ် အနေအထားပေါ်မူတည်တယ် ' ဟု ၎င်း က ပြောသည်။
လက်ရှိတွင် အာရှနိုင်ငံများမှ လုပ်ငန်းရှင်များက အမည်ခံဝယ်ယူမှုများနေပြီး ဥရောပနိုင်ငံများဘက်ကမူ တရားဝင်ဝယ်ယူနိုင်မှုကို လေ့လာစောင့်ဆိုင်းနေ ခြင်း များ ရှိနေသည် ဟုထင်ကြောင်းရွှေမင်းသားအိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီ မန်နေဂျင်းဒါရိုက် ဦးမြတ်သူဝင်းက ပြောသည်။
''နိုင်ငံခြားသား အများစုကကိုလိုနီခေတ် အဆောက်အအုံနဲ့နီးတဲ့နေရာတွေကို စိတ်ဝင်စားမှုပိုများတယ်'' ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောသည်။ ကွန်ဒိုဈေးကွက်တွင် ဝန် ဆောင်မှုနှင့် အခန်းအကျယ်အ ဝန်းပေါ် မူတည်ပြီး အမြင့်ဆုံးအ နေဖြင့် အငှားဈေးမှာ ပေ ၆ဝ ပတ် လည် ကွန်ဒိုတစ်ခန်းလျှင် တစ်လ ကျပ်သိန်း ၂ဝ ဝန်းကျင်ရှိပြီး အရောင်းဈေးမှာ တစ်စတုရန်းပေ လျှင် ကျပ်နှစ်သိန်းဝန်းကျင်ခန့်ရှိကြောင်း အိမ်ခြံမြေဈေးကွက်မှ သတင်းရရှိသည်။
ဈေးကွက်အလားအလာမှာ လည်း နိုင်ငံတော်အစိုးရ၏ မူဝါဒများပေါ် မူတည်၍ ပြောင်းလဲတိုးတက်လာနိုင်ပြီး နိုင်ငံခြားသား ဝယ်ယူမှုအပေါ် ကိုလည်း လာမည့်နှစ်များတွင် အားထားနိုင်ရန်မျှော်မှန်းထားကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များကပြော ကြားသည်။
ဓါတ်လှေကားပါဝင်ပြီး ကွန်ဒိုမဟုတ်သည့် အဆင့်မီတိုက်ခန်း များတွင် ပေ ၁၂x၅ဝ ခြောက်ထပ်အမြင့်ခန်းဖြစ်သော်လည်း ကျပ်သိန်း ၁,၂ဝဝ ဝန်းကျင်ခန့် ဈေးရှိပြီး စမ်းချောင်းမြို့နယ်ရှိ မြေညီထပ် ပေ ၂၅x၅ဝ အခန်းဈေးနှုန်းမှာ ကျပ်သိန်း ၁,၃ဝဝ ဝန်းကျင်ခန့် ပင်ရှိနေကြောင်း စမ်းချောင်းမြို့ နယ်မှ အိမ်ခြံမြေအကျိုးဆောင် တစ်ဦးက ပြောသည်။
ကွန်ဒိုတိုက်ခန်း ဆောက် လုပ်မှုအားကောင်းလာခြင်း နှင့်အတူ တန်ဖိုးနည်း အိမ်ရာတည် ဆောက်နေခြင်းများလည်း ရှိနေပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနများမှ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ ကို ပုဂ္ဂလိက လုပ်ငန်းရှင်များ နှင်း ပူး ပေါင်း၍ ဖော်ဆောင်မှု များ လည်း ရှိနေကြောင်း သိရသည်။
Source : 7days
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ