By Myanmar Builders Guide, Shweproperty.com
Updated at 29 April 2019
အစိုးရကမြေပေးပြီး တန်ဖိုးနည်းအိမ်ရာများတည်ဆောက်လိုသော်လည်း ဆောက်လုပ်ရေးစရိတ် ကြီးမားမှုနှင့် ကြုံတွေ့နေရတယ်လို့ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ဆိုပါတယ်။
‘‘ တန်ဖိုးနည်းအိမ်ရာတွေ ဆောက်မယ်ဆိုရင် အစိုးရက မြေ ရဲ့တန်ဖိုးကို သုညအထိ လျှော့ပေးလို့ရပါတယ်’’ ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ နှင့် ဖွံ့ဖြိုးမှုအားကောင်းခြင်း ကြောင့် ရွှေ့ပြောင်းအခြေချသူ များအတွက် တစ်နှစ်လျှင် အိမ်ရာ အခန်း တစ်သိန်းခန့်လိုအပ်နေတယ်လို့ရန်ကုန်တိုင်းအစိုးရကလည်း ထုတ်ပြန်ကြေငြာထားပါတယ်။
ထို့ကြောင့် အိမ်ရာ တည်ဆောက်ရာတွင် စရိတ်သက်သာစေရန် ပြည်တွင်းထုတ်လုပ်နိုင်မှု ကို မြှင့်တင်ပေးရန် လိုအပ်မည် ဖြစ်ပြီး သံနှင့် သံမဏိအပါအဝင် ဆောက်လုပ်ရေးပစ္စည်းများ ဈေး လျော့ကျရေး လိုလားကြောင်း ဝန်ကြီးချုပ်က ပြောသည်။
ပြည်တွင်းထုတ်လုပ်မှု မြှင့်တင်ရန် အစိုးရက ဖြေရှင်းပေးရမည့် အချက်များရှိကြောင်း မြန်မာနိုင်ငံ သံနှင့် သံမဏိအသင်း ဒုတိယဥက္ကဋ္ဌ ဦးတင်လှိုင်က ပြောကြားသည်။
အာဆီယံမူဝါဒအရ ပြည်ပမှ သံများကို အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ပြုခြင်းကြောင့် ပြည်တွင်းထုတ်ကုန်ပစ္စည်းများ ဈေး ကွက်ပျောက်ဆုံးနေကြောင်း ၎င်းက ပြောသည်။
ထို့အပြင်တည်ဆောက်ရေး စရိတ်ကျဆင်းရေးနှင့် ပတ်သက်၍ အစိုးရက စီမံကိန်းများအလိုက် အခွန်ဖြေလျှော့မှုများ ဆောင်ရွက်ပေးသင့်သည်ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်း ရှင်များအသင်းချုပ် အထွေထွေ အတွင်းရေးမှူးချုပ် ဦးမျိုးမြင့်က ပြောသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ