By The Kumudra, Shweproperty.com
Updated at 29 December 2018
ဒေါ်လာဈေးမြင့် တက်မှုတွေကြောင့် ကားဈေး ကွက်၊ ရွှေဈေးကွက်မှာ ရင်းနှီးမြှုပ် နှံသူတချို့ အိမ်ခြံမြေဈေးကွက် ဘက်ကို ရင်း နှီးမြှုပ်နှံမှု ပြောင်းလဲ လာတယ်လို့ သိရပါတယ်။
စက်တင်ဘာလဆန်း၊ လ လယ်လောက်ကစပြီးတော့ အိမ်ခြံ မြေ ဈေးကွက်မှာ အရောင်း၊ အငှား တွေကို တွေ့လာရပြီး တဖြည်း ဖြည်းနဲ့ လှုပ်ခတ်လာခဲ့ပါတယ်။ ဈေးကွက်အတွင်းသိန်း ၄၀၊ ၅၀ က စ သိန်း ၄ဝဝ၊ ၅ဝဝ၊ သိန်းထောင် ဂဏန်းတွေတောင် အရောင်းအ ဝယ် ဖြစ်လာခဲ့တယ်လို့ အိမ်ခြံမြေ လုပ်ငန်းရှင်အသိုင်းအဝိုင်းက သိရ ပါတယ်။
အိမ်ခြံမြေဈေးကွက်မှာ ရင်းနှီး မြှုပ်နှံမှုတွေဝင်လာတာဟာ ကွန် ဒိုမီနီယံဥပဒေ၊ စုပေါင်းပိုင် အ ဆောက်အအုံဥပဒေတွေ၊ ကုမ္ဗဏီ ဥပဒေသစ်တွေကြောင့်လည်း ဖြစ် နိုင်ပြီး ပေါ်ပင် စီးပွားရေးဖြစ်တဲ့ ဒေါ်လာဈေး၊ ရွှေဈေး၊ကားဈေး တက်တာတွေကြောင့် ရင်းနှီးမြှုပ်နှံ သူတွေမှာ ကျဆင်းနေတဲ့ အိမ်ခြံ မြေဈေးကွက်ကို ရင်းနှီးမြှုပ်နှံလာ တာ ဖြစ်တယ်လို့ စီးပွားရေး လုပ် ငန်းရှင်တွေဆီက သိရပါတယ်။
“ဒေါ်လာဈေးတက်ပြီး ရွှေဈေး လဲ တက်တယ်၊ ကားဈေးလဲ တက် တယ်၊ ကျဆင်းနေတာကတော့ အိမ်ခြံမြေ ဈေးကွက် ရှိတယ်၊ အိမ် ခြံမြေဈေးကွက်မှာ ဝယ်သူစိတ် ကြိုက် ကြိုက်ရောင်း ကြိုက်ဝယ် အနေအထားတွေကြောင့် ကျ ဆင်းနေတဲ့ အိမ်ခြံမြေ ဈေးကွက် ဘက်ကို ရင်း နှီးမြှုပ်နှံလာကြတာ ကို တွေ ့ရတယ်”လို့ မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း ဒုတိယဥက္ကဋ္ဌ (၁) ဦးသန်းဦးက ပြောပါတယ်။
ဒေါ်လာဈေးဂယက်ဟာ နိုင်ငံ တွင်း စီးပွားရေးကို အရေးပါပြီး တော့ ပြည်ပက ကုန်ပစ္စည်းတွေကို တင်သွင်းရောင်းချတဲ့သူတွေ မှာ ငွေကြေးအတက်အကျတွေ ကြောင့် ရင်တမမနဲ့ ဖြစ်ခဲ့ရပြီး လုပ်ငန်းရပ်သွားမလား၊ စီးပွားရး ပျက်သွားနိုုင်မလားဆိုပြီး စိုးရိမ် သောကတွေ ဖြစ်ခဲ့ရပါတယ်။
“ပြည်တွင်းမှာ သုံးစွဲနေတဲ့ လူ သုံးကုန်ပစ္စည်း၊ စားသုံးကုန်ပစ္စည်း ၇၀ ရာခိုင်န ှုန်းဟာ ပြည်ပကနေ တင်သွင်းကြတာတွေပဲ ဖြစ်တယ်၊ အပ်ကအစ မော်တော်ကား၊ လေ ယာဉ်ပျံ၊ ယန္တရားတွေက စ ပြည်ပ ကနေ တင်သွင်းတာတွေဖြစ်တယ်၊ ဒါကြောင့် ဒေါ်လာဈေး အတက်အ ကျ အကြမ်းနေတဲ့ အချိန်မှာ အ ခက်အခဲတွေကြုံလာရပြီး လုပ်ငန်း ရှင် တွေကြား ဂယက်ထခဲ့ပါတယ်” လို့ဦးသန်းဦးက ပြောပါ တယ်။
ကားဈေးကွက်တွင်းမှာ ကား ဈေးတွေတက်တာကြောင့် ကား သစ်တွေဆိုရင်လည်း အရောင်းအ ဝယ် ကျဆင်းနေပြီး ကားဟောင်း ဈေးကွက်မှာဆိုရင်လည်း အလုံး ချိန်း၊ ဖောက်စွပ်ပြဿနာတွေ ကြောင့် ကားဟောင်းရောင်းဝယ်ရ လည်းခက်လာတယ်လို့သိရတယ်။
“ဒေါ်လာဈေးတက်တော့ ပြည်ပက တင်သွင်းတဲ့ ကားတွေ လဲ ဈေးတက်လာတယ်၊ ခုဆိုရင် ကားသစ်တွေဆို သိပ်မရောင်းရ ဘူး၊ သိန်း ၁၅၀ ၊ သိန်း ၂ဝဝ လက် ဟောင်းတွေသာ အရောင်းအဝယ် အနည်းငယ်ရှိတယ်၊ဒါကြောင့် ကားဝယ်ရောင်းလုပ်သူ တချို့ဆို ရင်ထပ်ပြီးရင်းနှီးမြှုပ်နှံမှုတွေမလုပ် တော့ဘဲ အိမ်ခြံမြေဈေးကွက်ကို ပြောင်းပြီးရင်းနှီးမြှုပ်နှံလာတာတွေ့ ရတယ်”လို့ ကားတင်သွင်းရောင်း ချသူ ဦးချစ်တိုးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဒေါ်လာဈေး ၁၅၃၀/၁၅၃၅ကျပ်အထိရှိရာက နေ ဒီဇင်ဘာလ ၄ ရက်နေ့မှာ ကျပ် ၁၄၇၀ အထိ ထိုးဆင်းသွားတယ်။ တစ်နေ့တည်းမှာတင် ၆၀ လောက် ပြုတ်ကျသွားခဲ့ပြီး ဒီဇင်ဘာ ၅ ရက် စဖွင့်ချိန်မှာ ၁၄၇၀ (သို့) ၁၄၈၀ နဲ့ ပြန်ဖွင့်ပြီး ဈေးပြန်ပိတ်တဲ့ အချိန် မှာ ၁၅၃၅/၁၅၄၀ ပြန်ဖြစ်သွားခဲ့ရာ စီးပွားရေး လုပ်ငန်းရှင်တွေ အား လုံး အံ့သြသွားခဲ့ပြီး စိတ်ပူစရာ တွေ ကြုံတွေ့ခဲ့ရကြောင်း အိမ်ခြံ မြေအသိုင်းအဝိုင်းက သိရပါတယ်။
“ဒေါ်လာဈေး အတက်အကျ ဖြစ်နေတဲ့ ဒီဇင်ဘာလ ပထမပတ် မှာ အရောင်းအဝယ် ဆိုင်းသွား တယ်၊ ငှားသူတွေရပ်၊ ရုံးခန်းဖွင့် မယ့်သူတွေ ဆိုင်ခန်းဖွင့်မယ့်သူ တွေ၊ ပြည်ပက လာပြီး စီးပွားရေး လုပ်မယ့်သူတွေ အကုန်လုံး ရပ် သွားခဲ့တယ်၊ ဒီဇင်ဘာ ၁၀ ရက် နောက်ပိုင်းမှာ အရောင်းအဝယ် ပြန်လိုက်လာတယ်”လို့ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း ဒုဥက္ကဋ္ဌ (၁)ဦးသန်းဦးက ပြောပါတယ်။
နိုင်ငံ စီးပွားရေးမှာ တစ်ခုနဲ့ တစ်ခု ချိတ်ဆက်နေပြီးတော့ ဈေး ကွက်တစ်ခု မကောင်းနိုင်ရင် တ ခြား ကဏ္ဍတွေမှာပါ အခက် အခဲ တွေနဲ့ ကြုံလာနိုင်ပြီး ဂယက်ဖြစ် စေနိုင်ပါတယ်။
“စီးပွားရေးက တစ်ခုနဲ့ တစ်ခု ချိတ်ဆက်နေတယ်၊ အဲဒီတော့ အိမ်ခြံမြေဈေးကွက်မကောင်းရင် နိုင်ငံ့စီးပွားရေးလဲ ကောင်း မလာ နိုင်ဘူး၊ လူနေမှု အဆင့်အ တန်းလဲ မြင့်မလာနိုင်ဘူး” လို့ ဦးသန်းဦးက ပြောပါတယ်။
“နိုုငံခြားငွေ အတက်အကျ မှာ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေ ဈေး ကွက်ကို ဘယ်လို အကျိုးသက် ရောက်မှုရှိသလဲ၊ ရိုက်ခတ်သလဲ ဆိုရင် အရင်နှစ်တွေက နှစ်တစ်နှစ် ရဲ့ နှစ်ကုန်ပိုင်းမှာ နောက်လာမယ့် နှစ်မှာ အိမ်ခြံမြေဈေးကွက် ဘယ် လို ရှိမလဲဆိုတာပြောလေ့ရှိတယ်၊ ဒီနှစ်မှာတော့ ဒေါ်လာဈေးအ တက်ဟာ လူသားတွေလိုအပ်ချက် ကို ဘယ်လို အကျိုးသက်ရောက် မှု ရှိနိုင်မလဲ ဆိုတာပဲ ဖြစ်တယ်”လို့ ဦးသန်းဦးက ဆက်လက်ပြီး ပြောခဲ့ ပါတယ်။
Ref & Photo Credit : The Kumudra
Posted : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ