By ပြည့်ဖြိုး၊ သင်းသန္တာ, Shweproperty.com
Updated at 2 April 2014
ကန်ထရိုက်ပေးပြီး အထပ် မြင့်ဆောက်လုပ်မယ့် မြေပိုင်ရှင်တွေအနေ နဲ့ ဆောက်လုပ်မယ့် ကန်ထရိုက်၊ အဆောက်အအုံ၊ proposal (လုပ်ငန်းဆောက်လုပ်ခွင့် အဆိုပြုချက်) စတာတွေ အရင်စိစစ်ပြီးမှ အထပ်မြင့်ဆောက်လုပ်သင့်တယ်လို့ စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ သိရပါတယ်။
“အဆောက်အအုံဆောက်လုပ်မယ့် လိုင်စင်အင်ဂျင်နီယာရဲ့ လုပ်ငန်းလိုင်စင်နဲ့ ပတ်သက်ပြီး ဌာနမှာ ဖုန်းဆက်ပြီး မေးလို့ ရတယ်၊ စည်ပင်ဝက်ဘ်ဆိုက်မှာလဲ တရားဝင် ကြည့်လို့ရတယ်”လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ကန်ထရိုက်ကို စစ်ဆေးလို့ရ
အထပ်မြင့်အဆောက်အအုံ ဆောက်လုပ်မယ့် ကန်ထရိုက်ကို ၎င်းရဲ့နာမည်၊ လိုင်စင်နံပါတ်နဲ့ မှတ်ပုံတင်နံပါတ်တို့ကို ယူပြီး စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှာ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းနံပါတ် ၃၈၂၅၆၅ ကိုဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ဒါ့အပြင် မြို့တော်စည်ပင်ဝက်ဘ်ဆိုက်ဖြစ်တဲ့ www.ycdc.com.mm အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှာလည်း မိမိလိုင်စင် ကန်ထရိုက်နဲ့ ပတ်သက်ပြီး ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
၎င်းဝက်ဘ် ဆိုက်ထဲမှာ အဆောက်အအုံ ဆောက်လုပ်ခွင့်နဲ့ ပတ်သက်တဲ့ လျှောက်လွှာပုံစံတွေကိုလည်း အခမဲ့ ဒေါင်းလုတ်ပြုလုပ်နိုင်တယ်လို့ သိရပါ တယ်။ ဌာနမှာ ပရိုပိုဆယ်တင်နိုင် အထပ်မြင့်ဆောက်လုပ်မယ့် မြေပိုင်ရှင်တွေအနေနဲ့ မိမိတို့ရဲ့အဆောက်အအုံအမြင့်ပေနဲ့ အထပ် ဘယ်လောက်အထိ ဆောက်လုပ်ခွင့်ရတယ်ဆိုတာကို proposal (လုပ်ငန်းဆောက်လုပ်ခွင့် အဆိုပြု ချက်) တင်ကာ ဌာနမှ ခွင့်ပြုတဲ့နှုန်းကို သိရှိ နိုင်တယ်လို့ သိရပါတယ်။
“အဆောက်အအုံဆောက်လုပ်ခွင့်မရ သေးဘဲ အဆောက်အအုံ ဒီဇိုင်းဆွဲတာ၊ လုပ်ငန်းစတင်တာတွေ အရင်လုပ်ရင် ဌာနက ချပေးတဲ့ အဆောက်အအုံပုံစံ၊အထပ်နဲ့ ကွာခြားမှုရှိရင် ငွေကြေးဆုံးရှုံးမှုတွေ ဖြစ်နိုင်သလို လုပ်ငန်းကြန့်ကြာမှုတွေဖြစ်နိုင်တယ်။ ဒါကြောင့် ပရိုပိုဆယ်အောင်မှ လုပ်ငန်းစတင်သင့်တယ်”လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီ ယာဌာန (အဆောက်အအုံ) မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
အမြင့်ပေတွက်သင့်
လက်ရှိအချိန်အထိ ရန်ကုန်မြို့တွင်း အဆောက်အအုံဆောက်လုပ်ခွင့်နဲ့ ပတ်သက်ပြီး မြို့မြေအသုံးချမှုဇုန် ၁၁ ဇုန် ခွဲခြား သတ်မှတ်ထားပါတယ်။ လူနေသိပ်သည်း မှုအများဆုံးဇုန်၊ လူနေသိပ်သည်းမှုအသင့် အတင့်ရှိတဲ့ဇုန်၊ မြို့မြေအသုံးချမှုရောနှောနေတဲ့ဇုန်တွေမှာဆိုရင် အထပ်မြင့် ဆောက်လုပ်သူအနေနဲ့ မြေချန်များနိုင်ရင် အထပ်ကို ၁၀ ပေနဲ့ အထက်အထိ ဆောက်လုပ်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လမ်းကျဉ်းနေရာတွေမှာ အထပ်မြင့် ဆောက်လုပ်မယ်ဆိုပါက လမ်းရဲ့ နှစ်ဆ ကိုသာ အထပ်မြင့်ဆောက်လုပ်နိုင်မှာ ဖြစ် ပါတယ်။ FAR (ကြမ်းခင်းဧရိယာအချိုး) x BCR (အဆောက်အအုံဖုံးလွှမ်းမှုအချိုး) တွေနဲ့ အဆောက်အအုံ အထပ်အမြင့်ကို လည်း မြေချန်နဲ့ တွက်ချက်နိုင်ပါတယ်။
လက်ရှိအချိန်မှာ မြို့မြေအသုံးချမှုဇုန် သတ်မှတ်ထားတဲ့မြို့နယ်တွေကတော့ ရန်ကင်း၊ တာမွေ၊ ဆိပ်ကမ်း၊ စမ်းချောင်း၊ မင်္ဂလာတောင်ညွန့်၊ မရမ်းကုန်း၊ ကြည့်မြင်တိုင်၊ ကမာရွတ်၊ လှိုင်၊ ဒဂုံ၊ ဗဟန်း၊ အလုံစတဲ့ မြို့နယ်တွေ ဖြစ်ပါတယ်။ ၎င်းမြို့နယ် တွေမှာ အထပ်မြင့်အဆောက်အအုံ ဆောက်လုပ်မယ့်သူတွေအနေနဲ့ အထပ်မြင့်သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး တစ်ခါ တည်းသိရှိနိုင်ပါတယ်။
Ref : Kumudra
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ