By 7daydaily, Shweproperty.com
Updated at 7 March 2016
အထပ် ၂၀ ကျော် အဆောက်အအုံလေးလုံးနှင့် ၁၉ ထပ် အဆောက်အအုံတစ်လုံးကို မူအားဖြင့်ဆောက်လုပ်ခွင့်ပေး လိုက်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်သည်။
ရန်ကုန်မြို့ ခုနစ်မိုင်ခွဲတွင် အောက်ခြေနှစ်ထပ်၊ အထပ်မြင့် ၂၅ ထပ် အဆောက်အအုံ၊ ဆုထူး ပန်ရုပ်ရှင်ရုံဟောင်းနေရာတွင် အောက်ခြေတစ်ထပ်၊ ၂၃ ထပ်အ ဆောက်အအုံ၊ သံသုမာလမ်းနှင့် ဝေဇယန္တာ လမ်းထောင့်တွင် အောက်ခြေနှစ်ထပ်အထပ်မြင့် ခြောက်ထပ် အဆောက်အုံ၊အလုံ မြို့နယ်၊ အလုံအပြည်ပြည်ဆိုင် ရာဆိပ်ကမ်း၊ ကမ်းနားလမ်း သစ် တွင် ဆောက်ခြေတစ်ထပ်၊ အ ထပ်အမြင့် ၂၅ ထပ်အဆောက် အအုံ၊ မင်္ဂလာတောင်ညွန့်မြို့ နယ်၊ အထက်ပန်းဆိုးတန်းလမ်းမ ပေါ်တွင် အောက်ခြေတစ်ထပ်၊ အထပ်မြင့် ၁၅ ထပ်အဆောက် အအုံတို့ကို ၂၀၁၅ နှစ်ကုန်ပိုင်းမှ မတ်လဆန်းအထိ သုံးလအတွင်း ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရ သည်။
အဆိုပါ အဆောက်အအုံများ ဆောက်လုပ်ခွင့်နှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့အ စည်းအဝေးတွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်ဟု ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီဝင် (၆) ဦးဌေးအောင်က ပြောသည်။
‘‘အဲဒါတွေကို စည်ပင်က ခွင့်ပြုလို့မရဘူး။ စည်ပင်က ၁၂ ထပ်ခွဲလောက်ပဲ ခွင့်စိစစ်ခွင့်ပြု လို့ရတာပါ။ အခုနောက်ပိုင်း အစိုးရအဖွဲ့ကိုတင်ထားတဲ့ အ ထပ်မြင့်အဆောက်အအုံတွေ အ များကြီးရှိသေးတယ်။ ထပ်ခွင့်ပြု ချက်ကျလာမှာတွေရှိနေသေး တယ်’’ဟု ၎င်းက ပြောသည်။
အစိုးရသစ် လက်ထက်မ တိုင်မီ ခွင့်ပြုချက်ရရှိခဲ့သည့် အ ဆိုပါ အထပ်မြင့်အဆောက်အအုံ တွင် မြန်မာ့စီးပွားရေးကော်ပိုရေး ရှင်း၏ အလုံမြို့နယ်၊ ကမ်းနားလမ်းသစ်ရှိ ၂၅ ထပ်အဆောက်အအုံတစ်လုံး ပါဝင်သည်။
ရွှေသံလွင်ကုမ္ပဏီကလည်း သံသုမာလမ်းနှင့် ဝေဇယန္တာလမ်း ထောင့်ရှိ အဆောက်အအုံကို ဆောက်လုပ်ခွင့်ရရှိခဲ့ပြီး သရုပ် ဆောင် ဝါဝါ၀င်းရွှေက မြေပိုင်ရှင် အဖြစ် ဆုထူးပန်ရုပ်ရှင်ရုံဟောင်း မြေနေရာအထပ်မြင့်အဆောက် အအုံကို ဆောက်လုပ်ခွင့်ရရှိခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့အပြင် ၂၀၁၅ ဒီဇင်ဘာ ၁ ရက်မှ ၂၀၁၅ ဖေဖော်ဝါရီ ၂၄ ရက်အထိ ရန်ကုန်မြို့တွင်ကိုးထပ် မှ ၁၂ ထပ်ခွဲအထိ အထပ်မြင့်အ ဆောက်အအုံ ထပ်တိုး ၁၀ လုံး ခွင့်ပြုပေးခဲ့သည်ဟု ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မ တီက မတ်လ ၁ ရက်တွင် ထုတ် ပြန်ကြေညာသည်။
Ref : 7daydaily
Photo Credit : 7daydaily
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ