By Myanmar Times, Shweproperty.com
Updated at 17 May 2016
ယခုနှစ် ကုန်ပိုင်းလောက်ထိ ကျပ်သိန်း ၅,၀၀၀ နဲ့ အထက် ဈေးနှုန်းမြင့် အိမ်ခြံမြေများ အရောင်းအဝယ် ဆက်လက်အေးနေ နိုင်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်အများစုက သုံးသပ်ကြပါတယ်။
အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်ငြိမ်သက်နေတာ နှစ်ရှည်ကြာမြင့်နေပြီ ဖြစ်တာကြောင့် ရင်းနှီးမြှုပ်နှံလိုသူတွေအနေနဲ့ ဈေးနှုန်းအမြင့် တန်းတွေကို လက်တွန့်နေကြဆဲ ဖြစ်ပါတယ်။ အထူးသဖြင့် ကျပ်သိန်း ၅,၀၀၀ နဲ့အထက် တန်ဖိုးမြင့်မားတဲ့ အိမ်ခြံ မြေတွေအနေနဲ့ အရောင်းအဝယ် သွက်လက် ဖို့ မျှော်လင့်ချက် မှေးမှိန်နေဆဲဖြစ်ပြီး ကျပ် သိန်း ၃,၀၀၀ နဲ့အောက် အိမ်ခြံမြေတွေသာ အရောင်းအဝယ် အများဆုံး ဖြစ်နိုင်ဦးမယ်လို့ မှန်းဆကြပါတယ်။
ကျပ်သိန်း ၃,၀၀၀ အောက်လို့ ဆိုရာမှာ လည်း တကယ်တမ်းမှာ ရင်းနှီးမြှုပ်နှံဖို့ ဆိုတာထက် အမှန်တကယ် နေထိုင်ဖို့ လိုအပ်ချက် ကြောင့်သာ အရောင်းအဝယ် ဖြစ်နိုင်တယ် လို့လည်း သုံးသပ်ကြပါတယ်။
ကျပ်သိန်း ၃,၀၀၀ ပတ်ချာလည်မှာ ငွေအင်အား တောင့်တဲ့ ဝယ်လက်လောက်သာ စဉ်းစား နိုင်ဖွယ်ရှိပြီး လတ်တလော အနေအထား အရ အများဆုံးကတော့ ကျပ်သိန်း ၁,၀၀၀ ပတ်ချာလည် ဈေးနှုန်းတွေကိုသာ စိတ်ဝင် စားသူ များနိုင်ပါသေးတယ်။ လူလတ်တန်းစား အများစု အနေနဲ့ နေထိုင်ဖို့ အိမ်ခြံမြေလိုအပ်ချက် ကြီးမားနေ ပေမယ့် အများစု သုံးနိုင်တဲ့ ငွေပမာဏက ကျပ်သိန်း ရာဂဏန်း ပတ်ချာလည်မှာ ရှိနေ တာကြောင့်လည်း ဈေးနှုန်းမြင့်တဲ့ အိမ်မြေ အရောင်းအဝယ်က ဆက်လက် အေးစက် နေဖွယ် ရှိပါတယ်။
ဒါ့ပြင် ငွေကြေးတောင့်တင်းသူတွေအတွက် ကျပ်သိန်း ၁,၀၀၀ ပတ်ချာလည် သုံးပြီး မြို့သစ်ဧရိယာတွေအတွင်းမှာ ရှေ့အလားအ လာကောင်းတဲ့ အိမ်ခြံမြေ တွေကို အခုအခါမှာ ရှာခွင့်ရနေတာက အိမ် မြေ အမြင့်ဈေးနှုန်းတွေအတွက် အားနည်း ချက်တစ်ခု ဖြစ်နေပြန် ပါတယ်။
လမ်းကောင်း၊ အကွက်အကွင်းကောင်းပြီး အခြေကျပြီး ဖြစ်တဲ့ မြို့သစ်ဧရိယာနဲ့ ဆက်သွယ် သွားလာရ မဝေးတဲ့နေရာတွေမှာ ကျပ် သိန်း ၁,၀၀၀ ခန့် ဈေးနှုန်းဟာ ရင်းနှီးမြှုပ်နှံ လို သူတွေအတွက် ပိုမို မျက်စိကျဖွယ် ဖြစ်နေပါတယ်။ ဒီအနေအထားတွေကြောင့် မြို့တွင်းနဲ့ မြို့သစ်မှာ အထူးသဖြင့် ကျပ်သိန်း ၅,၀၀၀ အထက် အိမ်မြေအကွက်အကွင်းတွေဟာ အရောင်းထက် အငှားဈေးကွက်ကိုသာ အချိန်ကြာကြာ ဆက်အားထားရဖွယ် ရှိနေ ကြောင်း အိမ်မြေအကျိုးဆောင် အများစုက သုံးသပ်ပါတယ်။
Ref : Myanmar Times
Photo Credit : Myanmar Times
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ