By ရဲလင်းထွဋ်၊ နန်းမြင့်, Shweproperty.com
Updated at 26 December 2013
ရန်ကုန်မြို့တွင် ၂ဝ၁၄ ခုနှစ် နှစ်ဆန်း ပိုင်းမှစတင်ကာ မြို့ပြဇုန်များသတ်မှတ်ပြီး မြေအသုံးချမှုနှင့် အဆောက်အအုံ ဆောက် လုပ်မှု ကန့်သတ်ချက်များ စတင်ကျင့်သုံး သွားမည်ဖြစ်ရာ ယင်းသို့ ဆောင်ရွက်မှုများ ကြောင့် အိမ်ခန်းဈေး မြင့်တက်ခြင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများကိုပါ ထိခိုက် လာနိုင်သည်ဟု ဆောက်လုပ်ရေးလုပ်ငန်း ရှင်အချို့က သုံးသပ်ပြောကြားလိုက်သည်။
ယင်းသို့ မြေအသုံးချမှုနှင့် အဆောက် အအုံ ဆောက်လုပ်ခြင်းများတွင် မြို့နယ် အလိုက်၊ လမ်းအလိုက် မြေအကျယ်နှင့် ဆောက်လုပ်ခွင့် ဧရိယာ၊ ခွင့်ပြုအထပ်များ သတ်မှတ်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ပထမပတ်အတွင်း ကျင်းပသည့် မြိုပြမြေ အသုံးချမှုနှင့် အဆောက်အအုံ တည် ဆောက်မှု ဇုန်များနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ မြို့ပြစီမံကိန်းရေးဆွဲပညာရှင်၊ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မော်ဦးက ပြော ကြားခဲ့ခြင်းအပေါ် ဆောက်လုပ်ရေး လုပ် ငန်းရှင် အသိုင်းအဝိုင်းက သုံးသပ်ပြောဆို လိုက်ခြင်းဖြစ်သည်။
''အထပ်မြင့်တွေကို အလုံတို့ ဘာတို့မှာ ပေးဆောက်တာတွေမှာ ဆောက်ရမယ့် ဧရိယာကို ဘယ်လောက်ပဲ ပေးလဲဆိုရင် မြေအသုံးချပိုင်ခွင့်က ပွိုင့် ရှစ်ပဲရှိတယ်။ Total floor Area ဆိုတာ အမြင့်ပါ ပါပြီး သားဖြစ်တယ်။ ဒီကောင်ဆိုရင် ခုနှစ်ပဲပေး တယ်။ သူ့အဓိပ္ပာယ်က ဘယ်လောက်လဲ ဆိုရင် ဥပမာ ပွိုင့် ရှစ်ပဲရှိတယ်ဆိုရင် ပေ ၁ဝဝ ပတ်လည်ရှိရင် သူ့ရဲ့ ၈ဝ ရာခိုင်းနှုန်း ကိုပဲ အဆောက်အအုံ ဆောက်လို့ရမယ်။ အဲ့ဒီ အဆောက်အအုံကို မှ ခုနစ်ထပ်ပဲ ဆောက်လို့ရမည့် ပုံစံဖြစ်သွားမယ်။မြေ ကွက်ပိုင်ရှင်က တစ်ပေပတ်လည်ဈေးက အရမ်းတက်လာတယ်။ ဒီတော့ မြေကွက် ပိုင်ရှင်က ရနိုင်သလောက်ကို ဧရိယာကို ဆောက်ချင်တာ သဘာဝပဲ''ဟု ရွှေဇမ္ဗူ ဒိပ် ဆောက်လုပ်ရေးလုပ်ငန်း ဒါရိုက်တာ ဦးသန်းနိုင်က ဆိုသည်။
မြို့ပြဇုန်များ သတ်မှတ်ခြင်းနှင့် မြေ အသုံးချမှု သတ်မှတ်ခြင်းများသည် ယခင် ကတည်းက နည်းဥပဒေများ၊ ချမှတ်များ ရှိခဲ့ပြီး ယင်းနည်းဥပဒေများကို အခြေခံ ကာ ပြန်လည်ရေးဆွဲသွားမည်ဖြစ်ကြောင်း မြို့ပြစီမံကိန်း ရေးဆွဲရေးပညာရှင် ဒေါ်လှိုင်မော်ဦးက ပြောဆိုထားသည်။
''၁၉ဝဝခုနှစ် ဝန်းကျင်လောက်က နည်းဥပဒေတွေမှာ သူ့နေရာနဲ့သူသတ်မှတ် ချက်တွေရှိပါတယ်။ရန်ကုန်မြို့လယ်မှာ ပေ၃ဝရှိတဲ့လမ်းမှာ အိမ်ရဲ့အမြင့်ဟာ၄၅ပေ ထက်မမြင့်ရပါဘူး။ ပေ၅ဝ ကျယ်တဲ့လမ်း မှာ ပေ၆ဝထက် မမြင့်ရပါဘူး။ ပေ ၅ဝ ကျော်တဲ့လမ်းမှာ ၈၆ပေအထိ ဆောက်လို့ ရပါတယ်။ ပေ ၁ဝဝ ရှိတဲ့လမ်းမှာ ပေ၁ဝဝ အထိ ဆောက်လို့ရတယ်။ အစဉ်အဆက် ရှိတဲ့ နည်းဥပဒေပါ။ ဒီနည်းဥပဒေက အရှေ့တောင်အာရှမှာ စံနမူထားရတဲ့ နည်းဥပဒေဖြစ်တယ်'' ဟု ဆိုသည်။
သို့သော် လက်ရှိ ရန်ကုန်မြို့ပြ တည် ဆောက်မှုများတွင် တည်ဆဲဥပဒေများရှိနေ ပါလျှက် ဥပဒေနှင့်မညီသော အဆောက် အအုံများလည်း ရှိနေကြောင်း ဒေါ်လှိုင် မော်ဦးက ထောက်ပြပြောဆိုသည်။ ရန်ကုန်မြို့၌ စီးပွားရေး အဆောက် အအုံ သုံးမြေ (commercial) ၊ လူနေအိမ် (Residential) စက်မှုဇုန်သုံးမြေများပေါ် တွင် မူတည်၍ ထပ်မြင့်ဆောက်လုပ်ခွင့်ဇုန် များကို လာမည့် ၂ဝ၁၄ ခုနှစ် နှစ်ဆန်းပိုင်း တွင် အတည်ပြုနိုင်ရန်အတွက် လက်ရှိတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဦးစီးပြီး မြို့ပြဖွံ့ရေးအတွက် ရန်ကုန်မြို့တော် မြေအသုံးချမှု၊ ဇုန်ခွဲခြား သတ်မှတ်မှုနှင့် မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ အဆုံပြုပုံစုံများ စိစစ်အကြံပြုခြင်း လုပ် ငန်းကော်မတီအသစ်တစ်ခုကို ရေးဆွဲနေ ပြီဖြစ်ကြောင်း သိရသည်။
Ref : Mizzima
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ