By Myanmar Builder Guide, Shweproperty.com
Updated at 5 May 2017
ရန်ကုန်တိုင်းဒေသကြီးဖွံ့ဖြိုးရေးသုတေသနစီမံကိန်းအရလှိုင်သာယာမြို့နယ်ရှိကျူးကျော်စာရင်းများ ကိုကောက်ခံ၍ စမတ်ကတ်များ ထုတ်ပေးပြီဖြစ်ကြောင်းသိရသည်။
ဧပြီ၂၅ရက်မှစ၍ လှိုင်သာယာမြို့နယ်အတွင်း ရှိကျူးကျော်စာရင်းများကို ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးရေး သုတေသန စီမံကိန်း၊ ကျူးကျော်နေထိုင် သူများစာရင်းကောက်ယူခြင်းလုပ်ငန်းခေါင်းစဉ်ဖြင့်စတင်ကောက်ခံနေခြင်းဖြစ် ကြောင်း လှိုင်သာယာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။
စမတ်ကတ်ကိုမသက်ဆိုင်သူများထံအပ်နှံခြင်း၊လွှဲပြောင်းခြင်းလုံးဝမပြုလုပ်ရ၊ကတ်ပြားပျက်စီး/ပျောက်ဆုံးမှုများ ဖြစ်ပါက သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တွင်ဒဏ်ကြေးငွေကျပ် ၂၀ဝဝပေးသွင်း၍ပြန်လည်လျှောက် ထားယူရမည်ဖြစ်ကြောင်း သိရသည်။
ကျူးကျော်နေထိုင်မှုကိစ္စကိုဖြေရှင်းဆောင်ရွက်ပေးပြီးချိန်တွင်ယင်းကတ်ပြားကိုသက်ဆိုင်ရာသို့ပြန်လည် အပ်နှံရမည်ဖြစ်ပြီး မမှန်မကန်ရေးသွင်း၍လျှောက်ထားရယူခြင်းကိုစစ်ဆေးတွေ့ရှိပါကအရေးယူခြင်းခံရမည် ဖြစ်ကြောင်းသိရသည်။
လှိုင်သာယာမြို့နယ်သည် ရန်ကုန်တိုင်း အတွင်းရွှေ့ပြောင်းနေထိုင်မှု အများဆုံးရှိပြီး ကျူးကျော်နေထိုင်သူ အများဆုံးရှိသည့်မြို့နယ် ဟုပြောဆိုနိုင်ပြီးလှိုင်သာယာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစာရင်းများအရပင် ကျူးကျော်နေ ထိုင်သူ ၂၇၀ဝ၀ ကျော်ရှိကြောင်း သိရသည်။
Ref : Myanmar Builders Guide
Photo Credit : Kumudra
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ