By News Watch, Shweproperty.com
Updated at 13 May 2013
ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ (YCDC) သည် လှိုင်သာယာမြို့နယ်တွင် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတစ်ခုတည်ဆောက်ရန် အခြေခံအဆောက်အအုံပြင်ဆင်နေကြောင်း ဧပြီ ၆ ရက်နေ့က ကုန်သည်ကြီးများဟိုတယ်၌ ကျင်းပသည့်မြို့ပြဖွ့ံ့ဖြိုးတိုးတက်ရေးကွန်ဖရင့်တွင် YCDC လက်အောက်ရှိ လူသားအခြေချနေထိုင်မူနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဌာနမှ အရာရှိတစ်ဦးကပြောကြားသည်။
အိမ်ရာစီမံကိန်းတွင် အထပ်မြင့်အဆောက်အအုံများ ပါဝင်မည်မဟုတ်ကြောင်းနှင့် ငါးထပ်သိုု့မဟုတ်ခြောက်ထပ်အထိသာ တည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။ ထို့ပြင်စီမံကိန်းတွင် အိမ်ခန်း ၃၀၀၀ မှ ၄၀၀၀ အထိပါဝင်ပြီး တိုက်ခန်းတစ်ခန်းလျှင် ကျပ်သိန်း ၁၀၀ ခန့်ရှိမည်ဖြစ်ကြောင်းသိရသည်။ လူသားအခြေချနေထိုင်မှုနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက တန်ဖိုးနည်းအိမ်ရာ စီမံကိန်းအတွက် အခြေခံအဆောက်အအုံ ပြင်ဆင်နေတယ်။ စီမံကိန်းကို မိုးအကုန်တွင် စတင်မယ်။အခြေခံအဆောက်အအုံကို မိုးမကျမီတည်ဆောက်မယ်။ တိုက်ခန်းများကို ကျပ်သိန်း ၁၀၀ ခန့်ဖြင့်ရောင်းချမှာဖြစ်တယ်။ ရှိပေမဲ့ အထပ်မြင့်အဆောက်အအုံတွေ တည်ဆောက်မှာ မဟုတ်ဘူးဟုပြောကြားခဲ့သည်။
Ref: News Watch
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ