By Myanmar Builders Guide, Shweproperty.com
Updated at 25 February 2019
ဘဏ်ချေးငွေဖြင့် ဝယ်ယူနိုင်သည့် လှိုင်သာယာမြို့နယ် ကျန်စစ်မင်းအိမ်ရာစီမံကိန်း အပိုင်း (၁) ရှိ အခန်းပေါင်း ၂၄၀ ကို ဖေဖော် ဝါရီ ၂၂ ရက်တွင် မဲနှိုက်ရောင်းချကာ ဘဏ်ချေးငွေဖြင့် ဂယ်ယူနိုင်မည့် အစီအစဉ်ကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနကအသိပေးကြေညာထားခဲ့သည်။
စာရင်းပေးသွင်း လာသူများအနက်မှ ရောင်းချရန်လျာထားသည့် အခန်း ၂၄၀ ခန်းကို အခြေခံ၍ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်၏ အိမ်ရာစုဆောင်းငွေစာရင်း အမှတ်စဉ်အလိုက် မဲနှိုက်ဝယ်ယူခွင့်ရှိသူ အမည်စာရင်းများကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၌ ကြေညာခဲ့သည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၌ ဖေဖော်ဝါရီ ၂၂ ရက်တွင် ဘဏ်စုဆောင်းငွေ စာရင်းအမှတ်စဉ်အတိုင်း အဆောက်အအုံ တစ်မျိုးချင်းစီအလိုက် မဲနှိုက်ရောင်းချပေး သွားမည်ဖြစ်သည်။ လျှောက်ထားသူကိုယ် တိုင် မလာရောက်နိုင်ပါက ဌာနတာဝန်ရှိ သူများမှ အခန်းမဲနှိုက်ပေးမည်ဖြစ်ပြီး မိမိတို့ မဲပေါက်သောအခန်းကို ဝယ်ယူသူအချင်းချင်း လဲလှယ်လိုပါက ယင်းနေ့အတွင်းသာ ဆောင်ရွက်ရမည်ဖြစ်သည်။
မဲပေါက်ထားသော အခန်းအား ဝယ်ယူလိုခြင်းမရှိ၍ ပြန်လည်အပ်နှံပါက နောက်တစ်ကြိမ်အခန်းများ မဲနှိုက်ရောင်းချသည့်အခါ တန်းစီဇယား၏ နောက်ဆုံးတွင် ပြန်လည်ထားရှိမည်ဖြစ်ပြီး Down payment နံပါတ်စဉ် အလိုက် ထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်း သိရသည်။
အခန်းဝယ်ယူခွင့် ရရှိသူများသည် ဖေဖော်ဝါရီ ၂၂ ရက်မှ သီတင်းပတ်နှစ်ပတ်အတွင်း မိမိတို့ဘဏ်စာရင်း ဖွင့်လှစ်ထားသည့် ဘဏ်ခွဲများသို့ လိုအပ်သည့် အထောက်အထား အပြည့်အစုံနှင့်အတူ ချေးငွေရရှိရန် တင်ပြလျှောက်ထား ရမည်ဖြစ်ပြီး လျှောက်ထားခြင်း မရှိပါက ပယ်ဖျက်မည်ဖြစ်သည်။ ထို့ပြင်ဘဏ်မှ ချေးငွေခွင့်ပြုနိုင်ခြင်း မရှိပါက အိမ်ရာဝယ်ယူခွင့် ပယ်ဖျက်မည်ဖြစ်ကြောင်းသိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ