By Irrawaddy, Shweproperty.com
Updated at 28 December 2017
လာမည့်၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် လိူင်သာယာမြို့နယ်၌ ကျူးကျော်အိမ်ရာများ စတင်တည်ဆောက်ရန် စီစဉ်နေ ကြောင်း မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
မြို့ပြနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယုခိုင်က “လိူင်သာယာဘက် အထွက် ၂ မိုင်လောက်ဝေးတဲ့ အဝိုင်းလို့ခေါ်တာပေါ့။ တွံတေးသွားတဲ့ ကားလမ်းရဲ့ ညာဘက်အခြမ်းမှာ ရှိတဲ့ ဧက ၃ ထောင်လောက်ကိုတော့ ကျနော်တို့ဌာနက အဆိုပြုထားတယ်။ အဲဒီအပေါ်မှာမှ ကျနော်တို့မကြာခင်မှာ အိမ်ရာတွေ စီမံဖော်ဆောင်မယ်လို့ ဝန်ကြီးချုပ်ပြောစကားအရ သိရပါတယ်။ ကျူးကျော်တွေနဲ့ ဝန်ထမ်းတွေအတွက် အိမ်ရာ ဆောင်ရွက်မယ်လို့ သိရတယ်။ ဒါလဲ ကျနော်တို့ရဲ့ပေါ်လစီ ဖြစ်တယ်။ ဇန်နဝါရီလထဲမှာ အကောင်အထည်ဖော်မယ်လို့ သိရပါတယ်”ဟု ပြောသည်။
လက်ရှိ စာရင်းကောက်ယူထားချက်များအရ ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ ကျူးကျော် အိမ်ထောင်စုဦးရေ ၁၆၇၀၀ ကျော်တွင် လူဦးရေ ၄ သိန်းကျော်ရှိနေပြီး ၎င်းတို့ကို အိမ်ရာများ ပေးရန်အတွက် ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
၎င်းအရေအတွက်အားလုံး အိမ်ရာ ရရှိနိုင်ရန် ကျန်ရှိသည့် NLD အစိုးရသက်တမ်း ၃ နှစ်အတွင်း စီမံကိန်းရေးဆွဲ အကောင်အထည် ဖော်သွားရန် ရှိကြောင်း တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း စက်တင်ဘာလအတွင်းက ပြုလုပ်သည့် ပွဲတခုတွင် ပြောကြားထားသည်။
“အိမ်ရာတွေ ပေးဖို့အတွက် သူတို့မှာ(ကျူးကျော်) အလုပ်ရှိရမယ်။ မရှိရင်ရှာပေးမယ်လို့ ဝန်ကြီးချုပ်က ပြောတယ်။ အလုပ်ရှာပေးမယ်ဆိုတာလည်း ဒီတိုင်းလုပ်လို့မရဘူး အလုပ်ရှိတဲ့နေရာမှာပဲ ရှိရမယ်။ အဲဒီနေရာကု ိသူက သွားရောက်လုပ်ကိုင်နိုင်တဲ့သူဖြစ်ရမယ်။ တွံ့တွေးနဲ့လိူင်သာယာဆိုရင် ကျနော်တို့မြင်သလောက်တော့ သုံးမိုင် လေးမိုင်လောက်ပဲရှိတယ်။ ဒါကြောင့် လိူင်သာယာမှာရှိတဲ့ စက်မှုဇုန်တွေကို အများကြီး အထောက်အကူပြုသွားမယ်။ အဲဒီမှာ အလုပ်သမား လိုအပ်မှုတွေလည်း ရှိနေတယ်။ သူတို့ကို အလုပ်ပေးနိုင်တယ်”ဟု ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောဆိုသည်။
ဆက်လက်၍ ၎င်းက “ ကျနော်တို့ အဲဒီမှာရှိတဲ့ စက်မှုဇုန် ကော်မတီတို့ ဘာတို့ဆီက သိသလောက်ဆိုရင် သူတို့ စက်မှုဇုန်တွေမှာလုပ်ရင် ဒီအိမ်ရာကို နေထိုင်ခွင့်ရမယ်။ စက်ကနေ အလုပ်လုပ်လို့ရတဲ့ ပိုက်ဆံကို အိမ်ဖိုးတွေ ပေးချေသွားတဲ့စနစ် ဒါတွေလုပ်မယ်”ဟု ရှင်းပြသည်။
လောလောဆယ်တွင် အခြားမြေနေရာများကို စီမံကိန်းများ ပြုလုပ်ရန်အတွက် ပြည်ထောင်စု ဝန်ကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့တို့ ပေါင်းစပ်ညိုနိူင်းခြင်းများ ရှိနေပြီး မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက မြေယာရှာဖွေခြင်းများရှိသော်လည်း အစိုးရအဖွဲ့မှ ထုတ်ပြန်မှသာ သိရှိနိုင်မည် ဖြစ်သည်ဟု ယင်းဦးစီးဌာနမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျုးကျော်နေထိုင်သူများကို စာရင်းကောက်ယူရာတွင် ကျုးကျော်နေထိုင်သူများမှာ အလုပ်အကိုင်များရှိနေသော်လည်း နေထိုင်ရန်အတွက် မြေနေရာဝယ်ယူနိုင်သည့် အခြေအနေမရှိသောကြောင့် တိုင်းအစိုးရ အနေဖြင့် အလုပ်ကိုအာမခံထားရှိပြီး အိမ်ရာဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ လူနေမှု စနစ်အတွက် လိုအပ်သော ရေ၊ လျှပ်စစ်မီး၊ အမှိုက်စနစ်တကျ စွန့်ပစ်ခြင်း ကိစ္စရပ်များကိုပါ ဝန်ဆောင်မှု ကောင်းမွန်အောင် ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
Ref & Photo Credit : Irrawaddy
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ