By Democracy Daily, Shweproperty.com
Updated at 26 August 2015
ရန်ကုန်တိုင်း ဒေသကြီးတွင်၂၀၁၅ ခုနှစ် ဩဂုတ် ၂၄ ရက်အထိ ကျုးကျော်နေထိုင်သည့် အိမ်ခြေမှာ ၄၄၀၀၀ ကျော် ရှိနေပြီးကျူးကျော်အများစုမှာ မြောက်ပိုင်းခရိုင်ရှိ လှိုင်သာယာမြို့နယ်တွင်အများဆုံးနေထိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ စီမံရေးရာဌာနမှ သိရသည်။
ယခုအခါ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်တွင် ကျူးကျော်အိမ် ၁၅၄၉၉ ခန့်နေထိုင်လျက်ရှိပြီး အနောက်ပိုင်းခရိုင်တွင် အိမ်ခြေ ၁၅၁ ခန့်နှင့် တောင်ပိုင်းခရိုင်တွင် အိမ်ခြေ ၃၇၆၃ နီးပါးအပါအဝင် မြောက်ပိုင်းခရိုင်တွင် အိမ်ခြေ ၂၄၇၉ရ အိမ် နေထိုင်လျက်ရှိကြောင်း သိရသည်။
ယင်းခရိုင်များအနက် မြောက်ပိုင်းခရိုင်တွင်ရှိသည့် လှိုင်သာယာမြို့နယ်တွင် ကျူးကျော်အိမ်ခြေ ၁၆၁၅၂ ခန့်နေထိုင်လျက်ရှိကြောင်း သိရသည်။
”ကျူးကျော်စာရင်းတွေကို လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကနေ အခုလက်ရှိအချိန်အထိ ကောက်ယူထားတဲ့ စာရင်းအရ ရန်ကုန်မှာ ကျူးကျော်နေထိုင်တဲ့ အိမ်ခြေပေါင်း ၄၄၀၀၀ ကျော် ရှိပါတယ်။ ကျူးကျော်နေထိုင်တဲ့သူတွေကို တွေ့ရှိရင် တရားစွဲဆိုပြီး အရေးယူဆောင်ရွက်နေပါတယ်။ ယခုလိုကျူးကျော်တွေ များလာတာကလဲ ရန်ကုန်တိုင်းဒေသကြီးက အခြားတိုင်းဒေသကြီးထက်အလုပ်အကိုင် အခွင့်အလမ်းတွေ များတဲ့အတွက်ပါ။ကျူးကျော်အိမ်တွေမှာ နေထိုင်တဲ့သူတွေက နယ်ဘက်က လူတွေလာရောက်နေထိုင် တာများပါတယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ စီမံရေးရာဌာနမှ ပြောသည်။
ယခုလက်ရှိ ရန်ကုန်မြို့တွင် အိမ်ငှားခဈေးနှုန်းများမြင့်တက်လာသောကြောင့် အစိုးရ၏စီမံကိန်း အကောင်အထည် မဖော်ဖြစ်သည့်မြေ နေရာများ၊ မြစ်ချောင်းဘေးများ၊ လမ်းဘေးနေရာများတွင် ပျံကျတဲများထိုးပြီး ကျူးကျော်နေထိုင်လာ ကြကြောင်း သိရသည်။
Ref : Democracy Daily
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ