By တင်ရတနာထွန်း, Shweproperty.com
Updated at 24 February 2014
နေ့စဉ် ဝင်ငွေနည်းပါးကာ အိမ်ရာလိုအပ်ချက် များစွာရှိလာသည့် ရန်ကုန်မြို့တွင်းရှိ အခြေခံ လူတန်းစားများအတွက် ရည်ရွယ်ကာ တန်ဖိုး နည်းအိမ်ရာများကို တည်ဆောက်လျက်ရှိရာ လှိုင်သာယာမြိုကနယ်ရှိ ရွှေလင်ဗန်းတန်ဖိုးနည်း အိမ်ရာ၊ ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာများ ကို ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း အပြီး ဆောက်လုပ်မည်ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုး ရေးဦးစီးဌာန စီမံကိန်းဌာနခွဲဦးစီးအရာရှိ ဦးမင်းအောင်အေးက ပြောသည်။
လှိုင်သာယာမြိုကနယ်တွင် တည်ဆောက်နေ သော ရွှေလင်ဗန်းတန်ဖိုးနည်းအိမ်ရာနျင့် ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းပေါင်း ၅,၀၀၀ ကျော်ကို တစ်ခန်း လျှင် ကျပ်သိန်း ၁၂၀ ခန့်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
အဆိုပါ တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကို ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူတည်ဆောက်ခြင်းဖြစ်သည်။ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် အနီး မြေတိုင်း အမှတ် ၂၃ မှ ၂၆ ကြားတွင် တည်ဆောက်လျက်ရှိသော ရွှေလင်ဗန်း တန်ဖိုး နည်းအိမ်ရာစီမံကိန်း ကို အဆင့်လေးဆင့်ခွဲကာ ပထမအဆင့်တွင် အခန်းတစ်ခန်းလျှင် ၄၆၈ စတုရန်းပေရှိ ၇၆၈ ခန်း ပါဝင်မည့် ခြောက်ခန်းတွဲ အဆောက်အအုံ ၃၂ လုံး တည်ဆောက်မည် ဖြစ်သည်။
ဒုတိယ အဆင့်တွင် ၄၈၄ နျင့် ၅၂၈ စတုရန်းပေ အကျယ်ရှိသော အိမ်ခန်း ၄၉၆ ခန်း တည်ဆောက် မည်ဖြစ်သည်။ ပထမအဆင့်နှင့် ဒုတိယအဆင့်များကို ၂၀၁၃ ၁၄ ဘဏ္ဍာနှစ် တွင် အပြီးဆောက် လုပ်မည်ဖြစ်ပြီး တတိယ အဆင့်နှင့် စတုတ္ထအဆင့်များကို ၂၀၁၄ ၁၅ ဘဏ္ဍာနှစ်တွင် အပြီးဆောက် လုပ်မည်ဖြစ်ကာ စုစုပေါင်း ၂,၂၅၆ ခန်း ပါဝင်မည်ဖြစ်ကြောင်းထိုစီမံကိန်းကို တာဝန်ယူလုပ်ဆောင် နေသော ဦးမင်းအောင်အေးက ပြောသည်။
လှိုင်သာယာမြို့နယ် ကျန်စစ်သားလမ်းပေါ် ရှိ တိုက်ခန်းပေါင်း ၂,၉၂၀ ခန်းပါဝင်သော ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို လည်း ၂၀၁၄ ၁၅ ဘဏ္ဍာနှစ်တွင် အပြီး ဆောက်လုပ်မည်ဖြစ်သည်။
ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာစီမံကိန်းကို ၅၂ ဧက အကျယ်ရှိသော မြေနေရာတွင် တည်ဆောက် မည်ဖြစ်သည်။ ထိုတန်ဖိုးနည်းအိမ်ရာများကို ပုံမှန်ဝင်ငွေရှိသော အစိုးရဝန်ထမ်းများ၊ ပင်စင်စားများ၊ ကုမ္ပဏီဝန်ထမ်းများ၊ ဝင်ငွေနည်းပြည်သူများ ကို ဦးစားပေးအဆင့်အလိုက် တစ်ခန်းလျှင် ကျပ်သိန်း ၁၂၀ ဖြင့် အရစ်ကျရောင်းချမည်ဖြစ်ပြီး ငွေပေးချေရာတွင် သတ်မှတ်ဘဏ်များမှတစ်ဆင့် အရစ်ကျ ပေးချေသွားရမည် ဖြစ်သည်။
တိုက်ခန်းများ ရောင်းချမည့်လျှောက်လွှာပုံစံ ကို မေလတွင် နိုင်ငံတော်ပိုင် သတင်းစာများတွင် ကြေ ညာမည်ဖြစ်ပြီး ကနဦးပေးချေရမည့်ငွေ၊ ရစ်ကျပေးသွင်းရမည့် ပမာဏနှင့် အသုံးပြု မည့်ဘဏ်ကို လည်း ကြေညာသွားမည် ဖြစ် သည်။ ဒဂုံဆိပ်ကမ်းမြိုကနယ်တွင် စတင်တည်ဆောက် နေသော ဧရာဝဏ်နှင့် ရတနာတန်ဖိုးမျှတ အိမ်ရာစီမံကိန်းတို့တွင် တစ်ခန်းလျှင် စတုရန်း ပေ ၆၀၀ ရှိ ၂၄ ခန်းတွဲ ၁၈ ထပ်အဆောက်အအုံ ၄၉ လုံးတည်ဆောက်မည်ဖြစ်ပြီး စုစုပေါင်း တိုက်ခန်း ၁၉,၆၀၀ ခန်း ပါဝင်မည်ဖြစ်သည်။
"အခုဆောက်နေတဲ့စီမံကိန်းက တန်ဖိုးမျှတ အိမ်ရာဖြစ်လို့ အစိုးရကချပေးတဲ့ ငွေအပေါ်မှာ မူတည်ပြီး ဆောက်လုပ်ရတာဖြစ်တဲ့အတွက် ဈေးကိုတော့လောလောဆယ် အတိအကျ ထုတ်ပြောဖို့ စောပါသေးတယ်။ တတ်နိုင်သလောက်တော့ အသက်သာဆုံးလျှော့ပြီး ရောင်းဖို့ စီစဉ်သွားမှာပါ။
အသေးစိတ်ကိုတော့ သတင်းစာမှာ ကြေညာပေးသွားမှာပါ" ဟု ဧရာဝဏ်နှင့် ရတနာ တန်ဖိုးမျှတအိမ်ရာစီမံကိန်း တာဝန်ခံက ပြောသည်။ Ref : MM TIMES
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ