By Kumudra, Shweproperty.com
Updated at 17 November 2017
လှိုင်သာယာနဲ့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မှာတည်ဆောက်ထားတဲ့ တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၂၀ဝ၀ ကျော်ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာရောင်းချပေးသွားမှာဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သိရပါတယ်။
လက်ရှိမှာ အသင့်ရောင်းချနိုင်တဲ့ တန်ဖိုးနည်းအိမ်ရာအခန်းပေါင်း ၁၀ဝ၀ ကျော်ရှိနေပြီဖြစ်ပါတယ်။မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက အခန်းနေရာကို မကြိုက်သေးရင် ကြိုက် တဲ့အထိ စောင့်လို့ရတယ်၊ အခန်း ၁၀ဝ၀ ကတော့တည်ဆောက်ဆဲပဲ၊ ဒီဇင်ဘာလမှာ ပြီးစီးမယ်၊ ဆောက်လို့ပြီးတာနဲ့ ရောင်းချပေးမယ်လို့ပြောပါတယ်။
လှိုင်သာယာနဲ့ဒဂုံမြို့သစ်(ဆိပ် ကမ်း) မြို့နယ်မှာ တည်ဆောက်ထားတဲ့ တန်ဖိုးနည်းအိမ်ရာ အခန်း ပေါင်း ၁၀ဝ၀ ခန့်မဲနှိုက်ပေးတာကိုစက်တင်ဘာ ၂ ရက်နေ့က ပြုလုပ်ခဲ့ပြီး နောက်ထပ်အခန်းပေါင်း ၂၀ဝ၀ ကျော်မဲနှိုက်ပေးမယ့်ရက်ကိုလည်း ကြေညာပေးသွားမယ်လို့သိရပါတယ်။
တိုက်ခန်းတွေကိုဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဘတ်ဂျက်ငွေနဲ့ ဆောက်လုပ်နေတာဖြစ်ပြီး အခန်းဝယ်ယူသူတွေကိုဆောက်လုပ် ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်နဲ့ ချိတ်ဆက်ပြီး ၁၀ နှစ်အရစ်ကျစနစ်ဖြင့်ဝယ်ယူခွင့်ပြုသွားမှာဖြစ်ပါတယ်။
လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်းအိမ်ရာ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ယုဇနအပိုင်း (၁)၊ (၂) နဲ့ ကနောင်အိမ်ရာတို့က တည်ဆောက်ပြီးစီးထားတဲ့ တန်ဖိုးနည်းတိုက်ခန်းတွေကိုရောင်းချပေးမှာဖြစ်ပြီး အိမ်ရာဝယ်ယူဖို့ ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်(CHDB)မှာ တိုက်ခန်းတန်ဖိုးရဲ့ ၃၀ ရာ ခိုင်နှုန်းအထိငွေစုဆောင်းထားရှိပြီး ဘဏ်ချေးငွေရယူနိုင်ဖို့အတွက် လစဉ်ပေးဆပ်နိုင်စွမ်းရှိတဲ့ ပုံမှန်ဝင်ငွေရှိသူတွေကိုရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
Ref & Photo Credit : Kumudra
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ