By SFJ Strategy First, Shweproperty.com
Updated at 17 October 2017
လုပ်သားလိုအပ်ချက်မြင့်နေတာကြောင့် ဝန်ထမ်းအိမ်ရာတွေ ထပ်မံအကောင်အထည်ဖော်ဖို့ ရည်မှန်းထားတယ် လို့ ရွှေလင်ပန်းစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ တာဝန်ရှိ သူတွေကပြောပါတယ်။
လုပ်သားအင်အားအများဆုံးစက်မှုဇုန်တစ်ခုဖြစ်တဲ့ လှိုင်သာယာစက်မှုနယ်မြေရဲ့ ရွှေလင်းစက်မှုဇုန်လုပ်သား အိမ်ရာတွေမှာ လုပ်သားပေါင်းတစ်သောင်းဝန်းကျင်ကို နေရာချထားပေးထားနိုင်ပေမယ့် ဇုန်တစ်ခုလုံးရဲ့ လုပ် သားအရေအတွက် ၅ ရာခိုင်နှုန်းတောင်မရှိတာကြောင့် အိမ်ရာတွေထပ်မံလိုအပ်နေတာလိုဇုန်ကော်မတီဥက္ကဋ္ဌ ဦးအေးသောင်းကပြောပါတယ်။
အကောင်အထည်ဖော်ပြီးတဲ့ တိုက်ခန်းတွေထဲကမှ လျှပ်စစ်မီးရရှိနေပြီဖြစ်တဲ့ အခန်းတွေကို ဝန်ထမ်းတွေ၊အ လုပ်သမားတွေကို စတင်နေရာချထားပေးနေပြီး လိုအပ်တဲ့လျှပ်စစ်အတွက်လည်း အိမ်ရာတိုက်ခန်းအနီးမှာ ဓတ်အားခွဲရုံတည်ဆောက်လျှက်ရှိတယ်လို့သိရပါတယ်။
စက်မှုဇုန်လုပ်သားအိမ်ရာအဖြစ် ၁၂ ခန်းတွဲ ၅ ထပ်တိုက်အလုံးပေါင်း ၂၆ လုံးကို စက်ရုံလုပ်ငန်းရှင်တွေနဲ့ အစိုး ရပူးပေါင်းအကောင်အထည်ခဲ့ပြီး လုပ်သားတွေကို အရစ်ကျစနစ်၊အဌားစနစ်တွေနဲ့ နေရာချထားပေးခဲ့
တာဖြစ် တယ်လို့ သိရပါတယ်။
တိုက်ခန်းတစ်ခန်းကို ကျပ် ၆၂ သိန်းမှ ကျပ်သိန်း ၉၀ ဖြင့် အရစ်ကျစနင်နဲ့ ရောင်းချပေးခြင်းဖြစ်သလို ဌားရမ်းနေထိုင်တာတွေလည်းရှိတယ်လို့သိရပါတယ်။ အဆိုပါစက်
မှုဇုန်အတွင်းက ကျန်ရှိနေသေးတဲ့ လုပ်သားပေါင်း တစ်သိန်းကျော်အတွက်လည်း မြေကွက်လွတ်တွေဖြစ်တဲ့ ထန်းတစ်ပင်အပိုင်းမှာရှိတဲ့ ရိုးကြီး၊ရိုးလေး၊ အလယ် ရွာဘက်ကမြေကွက်လွတ်တွေမှာ ဆက်ပြီးအကောင်
အထည်ဖော်ဖိုမှန်းထားတာလည်းဖြစ်ပါတယ်။
Ref & Photo Credit : SFJ Strategy First
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ